volume -2(Uni+Zawgyi)

167 10 1
                                    


ကြေးမှုန်မှန်ပြင်ရှေ့တွင် အလွန်တည်ငြိမ်သော

မျက်နှာထားဖြင့်ထိုင်ကာ ရံရွှေတော်များ

အလှပြင်ပေးသည်ကို ခံယူနေသော ဧသာ့အား

သူမ၏ကိုယ်ပိုင်အစေခံဖြစ်သူမှ

"မင်းသမီးလေး....ဘယ်လိုလုပ်ပြီး

စိတ်ပူပန်မှုနည်းနည်းလေးတောင်မရှိရတာလဲ..

မင်းသမီး‌လေးနဲ့ လုံး၀မရင်းနှီးတဲ့တိုင်းပြည်ကို

သူစိမ်းအဖြစ်နဲ့သွားရမှာနော်...."

ထိုစကားကြောင့် သူမ ထိုအစေခံလေးအား

မှန်ထဲမှလှမ်းကြည့်လိုက်ရင်း

"ဧ သိပါတယ်....နေအိမ်ပြောင်းတယ်လို့

သတ်မှတ်လိုက်ရင်ပဲ...ရသွားပြီလေ

ဟုတ်တယ်မလား...." ဟူ၍ လေသံအေးအေးလေး

ဖြင့် ပြန်လည်တုံ့ပြန်လေသော်

"မင်းသမီးလေး...အဲ့လိုမျိုးလေး စဉ်းစားဖို့ထိ

မရိုးရှင်းတဲ့ပြဿနာလေ...ဟိုကိုရောက်သွားရင်

ဘယ်လိုနေရာမှာ ဘယ်လိုနေရမယ်မှန်းတောင်

မသိဘူးရယ်....မတော်လို့....

မကောင်းတဲ့သူတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ

မင်းသမီးလေးတစ်ယောက်ထဲ သွားရမှာကို

ဝေဝေက ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ...."

အစေခံမလေးက ပြောလည်းပြော

ငိုလည်းငိုလေတော့ ဧသာက

"အဲ့လောက်လည်း အန္တရာယ်မများပါဘူး...

ဝေဝေရဲ့....မယ်ခေါင်ဘုရားပြောတဲ့အတိုင်းဆို

ရွှေနန်းရုဇာမင်းသမီးရဲ့ ပစ်မှတ်က အစကတည်းက

ဧ့ကိုပဲလေ....သိန်းချီတဲ့စစ်တပ်ကိုတောင်ခေါ်လာပြီး

ဘာမှမလုပ်ဘဲနေနေတာကိုက သူ့ရဲ့သဘောထားကို

ပြနေတာပဲလေ...တစ်ကယ်လို့ အဲ့ဒီမင်းသမီးသာ

တစ်ခုခုလုပ်ချင်တယ်ဆို ဒီကိုတောင် လာပြီး

ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)Where stories live. Discover now