အပိုင်း 113

Start from the beginning
                                    

ယခင်က သူတို့ဟာ လုချန်ရှန်းကို သူတို့၏ရန်သူအဖြစ် သတ်မှတ်ထားခဲ့သည်။

သို့သော် ယခုမူ...

တစ်ဖက်လူမှာ ကောင်းကင်အဆင့်ဆေးဝါးကို တိုက်ရိုက်မွမ်းမံပစ်လိုက်ချေသည်။

သူ့ကို သူတို့ ဘယ်လိုများယှဉ်ပြိုင်နိုင်မလဲလေ...

အဂ္ဂိရတ်မဟာသခင်တစ်ယောက်က သူတို့ဆီကိုရောက်လာပြီး ကျားကိုစားဖို့ ဝက်ဟန်ဆောင်ပြနေသလို လုပ်ပြခဲ့သည်။

ကျုံးလီ၊ ရှဲ့ယွမ်ရန်နှင့်အခြားလူများမှာ အနည်းငယ်ကြောင်အသွားရလေသည်။

ထိုအချိန်၌ လျှပ်တပြက်ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

အလင်းတန်းတစ်ခုက ထိုဆေးလုံးဆီကို ကျရောက်လာလေသည်။

တစ်စုံတစ်ယောက်က ကောင်းကင်အဆင့်ဆေးဝါးကို လုယူလိုခြင်းဖြစ်ပေသည်။

မဟာအကြီးအကဲ၏အမူအရာမှာ ပြောင်းလဲသွားသည်။

သူက ထိုသူတို့ကို တားဆီးချင်ခဲ့သည်။

သို့သော် တစ်ဖက်လူမှာ အလွန်လျင်မြန်လွန်းလှသဖြင့် အချိန်မီမတုံ့ပြန်နိုင်လိုက်ပေ။

ထိုအချိန်လေးမှာ လုချန်ရှန်း၏မျက်နှာ မည်းခနဲဖြစ်သွားရသည်။

ဒီဆေးကိုမွမ်းမံဖို့ ငါက အချိန်တွေအများကြီးသုံးလိုက်ရတာကို မင်းက ဒီလိုမျိုးလာလုချင်တယ်ပေါ့လေ...

ထိုသို့တွေးရင်း လုချန်ရှန်း သူ့လက်ကိုဝှေ့ယမ်းလိုက်လေရာ လက်ချောင်းအင်အားတစ်ရပ်က အလွန်အမင်းလျင်မြန်လှသောအရှိန်ဖြင့် အပြင်းနှင်သွားလေတော့သည်။

ထိုပုံရိပ်က ၎င်းကိုမြင်သောအခါ မျက်နှာပျက်သွားလေသည်။ သူ့ခမျာ ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရပြီး ထိုတိုက်ခိုက်မှုကို အစွမ်းကုန်ရင်ဆိုင်လိုက်သည်။

သို့သော် သူ လုချန်ရှန်းကို အထင်သေးမိသွားခဲ့သည်။

လျှပ်တပြက်အတွင်းမှာပင် လက်ချောင်းဖိအားတစ်ရပ်က ထိုပုဂ္ဂိုလ်၏မျက်ခုံးနှစ်ဖက်ကြားကို ထိုးဖောက်ဝင်ရောက်သွားပေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now