အပိုင်း 106

Start from the beginning
                                    

သူတို့က အတွင်းစည်းအဂ္ဂိရတ်ဂိုဏ်း၏အကြီးအကဲများ ဖြစ်ကြသည်။

အစိမ်းရောင်ဝတ်ရုံဝတ်ထားသောအကြီးအကဲများထဲမှ တစ်ယောက်က ပြောလာလေသည်။

"ဒုတိယအချီအတွက် စည်းမျဉ်းကတော့ အရမ်းရိုးရှင်းတယ်။ စားပွဲပေါ်မှာ ပုံစံတူပစ္စည်းတွေရှိတယ်"

"မင်းတို့ ဒီပစ္စည်းတွေနဲ့ မင်းတို့ကြိုက်တဲ့ပုံစံအတိုင်း ဆေးဖော်စပ်လို့ရတယ်"

"အဲ့ဒါပြီးရင် ငါတို့နှစ်ယောက်က အကဲဖြတ်ပေးမယ်။ ထိပ်ဆုံးအယောက်နှစ်ဆယ်ပဲ နောက်ဆုံးအချီကိုတက်ခွင့်ရှိတယ်"

"အချိန်ကန့်သတ်ချက်က လေးနာရီ။ မင်းတို့ အခုစလို့ရပြီ"

သူ့အသံက တိမ်ဝင်သွားလေသည်။

လူတိုင်းကလည်း သူတို့ရှေ့ရှိပစ္စည်းများကို စတင်အကဲခတ်နေကြသည်။

လုချန်ရှန်းလည်း ထိုနည်းလည်းကောင်းပင်။

သူ့အရှေ့ရှိ စားပွဲပေါ်တွင် ပစ္စည်းအမြောက်အများမရှိပေ။

ထို့ပြင် အရည်အသွေးကလည်းနိမ့်သဖြင့် အဆင့်မြင့်ဆေးဝါးများကိုဖော်စပ်ရန် အလွန်ခက်ခဲလှသည်။

လူတိုင်း အတွေးနက်သွားရချေသည်။

ယုံကြည်မှုရှိရှိ စတင်မွမ်းမံနေသူများလည်းရှိ၏။

လုချန်ရှန်း မေးစေ့ကိုပွတ်လိုက်မိသည်။

"ဘယ်ဆေးဝါးကို ငါမွမ်းမံရပါ့"

"အကြီးအကဲ ခင်ဗျားက ကျွန်တော့်ကိုအဆင့်တက်စေချင်တာမလား။ အဲ့ဒါကို ကျွန်တော် အပေါ်ယံလောက်လေးမွမ်းမံပြီး နောက်ပိုင်းကျမှ တအားအမြှောက်ခံနေရတာမျိုး မဖြစ်ချင်ဘူး"

"သူ့စကားကိုပြန်ရုပ်သိမ်းလိုက်ရင် သွားပြီ"

ကျုံးလီနှင့် ရှဲ့ယွမ်ရန်တို့နှစ်ယောက်က လုချန်ရှန်းကိုလှမ်းကြည့်နေကြလေသည်။

သူတို့ခမျာ ပထမအချီတုန်းက လုချန်ရှန်းထံ ရှုံးနိမ့်ခဲ့ကြသည်မဟုတ်ပါလား။

သူတို့နှစ်ယောက်စလုံးကလည်း အဂ္ဂိရတ်ပါရမီရှင်များဖြစ်ကြသည့်အတွက် အနည်းငယ်စိတ်မသက်မသာဖြစ်နေကြရသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now