Part 18 Unicode

467 17 1
                                    

"မင်း ဒီနေရာအထိတောင် အဝေးကြီး သွင့်ကိုဘယ်လိုခေါ်လာခဲ့တာလဲ၊မင်းသွင်တစ်ခုခုလုပ်လိုက်တာမလား သွင်အသိစိတ်ရှိလျက်နဲ့တော့ ဒီနေရာအထိလိုက်လာမှာမဟုတ်ဘူး၊မင်း သွင့်ကို တစ်ခုခုလုပ်လိုက်တာသိရင် ငါမင်းကို အရှင်မထားဘူး အင်ကြင်း"

"စိတ်အေးအေးထားပါဦး CEO အင်ကြင်း မလင်းသွင်ကိုဘာမှမလုပ်ပါဘူး၊ဒီတိုင်း အိပ်ဆေးထည့်ထားတဲ့ ရေပေး..ပေး..သောက်လိုက်ရုံပါပဲ"

"တောက်! မင်း! နောက်မှ မင်းနဲ့ စာရင်းရှင်းမယ်၊မြန်မြန်မောင်း"

"ဟုတ်ကဲ့"

အခုမှ နှိုင်းမာန်ကိုကြောက်နေတဲ့ အင်ကြင်းကို နှိုင်းမာန် အမြင်ကပ်စွာ မျက်နှာလွဲပြစ်လိုက်၏။

'သွင် မောင်ရောက်တော့မှာပါ ခဏလေးပဲစောင့်နော်'

နှိုင်းမာန် ကားထဲaircon ဖွင့်ထားတာတောင် ပူလောင်လာတာကြောင့် ကားမှန်ဖွင့်ကာ ပင်လယ်ကမ်းခြေကနေ တိုက်လာတဲ့လေအေးတွေကို မျက်လုံးမှိတ်ရင်း တဝကြီး ရှုသွင်းပြစ်လိုက်၏။သို့ပေမယ့် အခုချိန်မှာ ပင်လယ်လိုင်းသံတွေနဲ့လေအေးအေးတွေကလဲ နှိုင်းမာန်ရင်ကိုအေးသွားအောင် မစွမ်းဆောင်နိုင်ပါပေ။

"CEO ရောက်ပါပြီ"

"ဒီအိမ်လား"

"ဟုတ်ကဲ့"

နှိုင်းမာန်ကားပေါ်က ဆင်းလိုက်ပြီးနောက် ခြံပြင်ကနေ အဖြူရောင်တိုက်ကြီးကိုမော့ကြည့်ပြီး အိမ်ထဲပြေးဝင်ခဲ့လိုက်၏။နှိုင်းမာန် အိမ်အဝကိုရောက်တော့မှ သတိရ၍အနောက်ကိုလှည့်ကြည့်လိုက်တော့ အင်ကြင်းက ပါမလာပဲ ကားအနားရပ်ကျန်နေခဲ့တာကြောင့် အော်လိုက်ရပြန်၏။

"မင်းက လိုက်မလာပဲ အဲနေရာမှာ ဘာရပ်လုပ်နေတာလဲ"

"အင်ကြင်းလိုက်ရဦးမှာလား အင်ကြင်းတာဝန်က ဒီကိုပို့ပေးရုံပဲမဟုတ်ဘူးလား"

"ငါကရူးနေလို့ သက်သေကိုပြန်လွတ်ပေးလိုက်စရာလား၊မင်း အဖွားကိုဒုက္ခမရောက်စေချင်ရင် လိုက်ခဲ့"

နှိုင်းမာန်ပြောပြီးနောက် အထဲကိုဝင်ဖို့လုပ်လိုက်ပြီးမှ မေးဖို့တစ်ခုသတိရလာတာကြောင့်

စည်းချက်မညီတဲ့ ရင်ခုန်သံ (on going)Where stories live. Discover now