Part 8 Unicode

563 21 0
                                    

နှိုင်းမာန်အုပ်စိုးက သွင့်အပေါ်ကိုနိုင်နဲ့ပတ်သက်ပြီး ဘာမှဂရုမစိုက်ဘူးဆိုတော့မှ သူခေါ်ဆောင်ရာညဈေးဆီရာသို့ စိတ်သက်သာစွာနဲ့ လိုက်နိုင်ခဲ့ပေသည်။ကားကပုံမှန်အတိုင်းမောင်းနှင်နေရာမှရပ်သွား၏။သွင်သူ့ကို တစ်ချက်ကြည့်ပြီး အပြင်ဘက်ကိုကြည့်လိုက်တော့ တကယ်ကိုအံ့ဩရ၏။

“ကဲ ဆင်းရအောင် ရောက်ပြီ”

“အင်း”

နှိုင်းမာန်အုပ်စိုး ဆင်းသွားတော့ သွင်ပါတစ်ဖက်ခြမ်းမှလိုက်ဆင်းလိုက်၏။အဲဒီနောက် နှိုင်းမာန်အုပ်စိုးက သွင့်ဘေးလာရပ်ကာ သွင့်လက်ကိုတင်းကြပ်စွာဆုပ်ကိုင်လာတာကြောင့် သွင့်ထက်မြင့်တဲ့ သူ့အရပ်ကို အံ့သြကာ မော့ကြည့်မိသည်။

“ကျွန်တော်ဘေးကကပ်လျှောက် လူအရမ်းများတယ် ခင်ဗျားပျောက်သွားမှာစိုးလို့”

အမှန်ပင် သွင်ပျောက်သွားမည်ကိုစိုးသည့် အမှုအရာမျိုးကို နှိုင်းမာန်အုပ်စိုးဆီမှာတွေ့ရတာ‌ေကြာင့် သွင်ခေါင်းငြိမ့်ပြလိုက်၏။သွင်တို့မာမီတို့ဆီက ညနေ၄နာရီလောက်ထဲကထွက်လာခဲ့ပေမယ့် လမ်းမှာ ကိုနိုင်နဲ့တွေ့ခဲ့တာနဲ့ရော လမ်းပိတ်တာနဲ့ရောပေါင်းပြီး ဒီကို ၆နာရီခွဲလောက်မှာရောက်လာခဲ့ပါ၏။သွင်အမှန်အတိုင်းပြောရမည်ဆိုလျှင်သွင်ဒီအသက်အရွယ်ထိ ဒီလိုလူများသည့် ပွဲတွေမျိုးကို မရောက်ဖူးခဲ့ပါပေ။ကျောင်းတက်တုန်းက သူငယ်ချင်းတွေဆီက ကြားခဲ့ဖူးတာမျိုးသာရှိပါသည်။လူတွေတိုးကြိတ်နေအောင်သွားနေကြသည့် ရှုတ်ယှက်ခေတ်နေသည့် လူတန်းကြီးကိုကြည့်ပြီး သွင်စိတ်ထဲ ပျော်ရွှင်လာတော့၏။ခုနက စိုးရိမ်ပူပန်မှုတွေကိုလဲ ခဏတာမေ့ပျောက်သွားသည်အထိ။

“လျှောက်ကြီးပဲငေးမနေနဲ့ အရှေ့ကိုလဲကြည့်လျှောက်ဦး ခင်ဗျားကို တိုက်မိနေကြပြီမလား”

အင်း နံဘေးက သွင်လက်ကိုဆွဲပြီး မှုန်ကုတ်ကုတ်နဲ့အရှေ့က သူ့ကြောင့်လဲ ပါမည်ထင်ပါသည်။သွင်ပြုံးလျက်ပင် အင်းဟုပြန်ဖြေလိုက်သည်။ ပွဲဈေးတစ်လျှောက်များပြားလှတဲ့ ဈေးဆိုင်တွေနဲ့ စားချင်စရာကောင်းလောက်တဲ့ မုန့်ဆိုင်တွေကြောင့် သွင်ဗိုက်ထဲ အချက်ပြလာတော့သည်။သွင်လက်ကိုဆွဲလျက် လူအုပ်ကြီးဆီက သွင့်ကိုကာကွယ်ပေးနေသူကိုမော့ကြည့်လိုက်တော့ မျက်နှာက စိတ်ရှုပ်နေဟန်။ဒီလိုနေရာကို သွင့်ကိုသာ ခေါ်လာတာ သူကိုယ်တိုင်ကတော့ ဒီလိုလူရှုပ်သည့် နေရာကိုကြိုက်နေပုံမရတာကြေင့်သွင်ပြုံးလိုက်မိ၏။ထို့နောက် သူ့လက်ကိုပြန်ဆွဲလိုက်တော့ အရှေ့ကို ဆက်မသွားပဲ သွင်ဘက်ကိုလှည့်ကြည့်လာလေသည်။

စည်းချက်မညီတဲ့ ရင်ခုန်သံ (on going)Where stories live. Discover now