Part 16 Zawgyicode

160 2 0
                                    

“မောင်”

“ဟင် သွင် နိုးပြီလား လာလာ ဖြေးဖြေးလျှောက်နော်”

“မောင် သွင်ဘာသာလျှောက်လို့ရပါတယ် သွင်ဘာမှမဖြစ်ပါဘူး”

“မရဘူး တော်ကြာ သွင်အားနည်းပြီး လဲကျသွားရင် မောင်ပဲစိတ်ပူရမှာ၊ဒီမှာထိုင် မောင် သွင်ညက စားချင်တယ်ဆိုတဲ့ ပင်လယ်စာတုံယမ်းဟင်းရည်ချဉ်ချဉ်စပ်စပ်လုပ်ထားပေးတယ်၊ခဏစောင့်နော်မောင်ထည့်လိုက်ဦးမယ်”

“အေးဆေးလုပ်ပါ မောင်ရဲ့ အပူလောင်ဦးမယ် သွင်ဗိုက်မဆာသေးပါဘူး”

“ဟုတ်ကဲ့ပါဗျ”

နှိုင်းမာန်အား ထမင်းစားစားပွဲကခုံမှာထိုင်လျက် စိတ်ပူစွာမှာနေသူကို ပြုံးလျက်ပြန်ဖြေလိုက်၏။ထို့နောက် အိုးထဲမှပန်ကန်ထဲ တုံယမ်းဟင်းရည် လှယ်ထည့်နေရင်း ညကအကြောင်းတွေးမိတော့ ကြည်နူးစွာနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။ညက သူတို့နှစ်ယောက် အချစ်စမ်းရင်း အချိန်လွန်ခဲ့ကြတယ်မလား။

“မောင် ပြီးပြီလား ဘာတွေးပြီး အဲလောက်ပြုံးနေတာလဲ”

“အဟွန်း သိချင်တာလား”

“အင်း”

နှိုင်းမာန် တုံယမ်းပန်ကန်လုံးကိုင်လျက် စားပွဲပေါ်တင်လိုက်ပြီး သွင့်အနားကပ်ကာ လေသံတိုးတိုးဖြင့်ပြောလိုက်၏။

“ညက မောင်တို့အချစ်စမ်းတာမနက်ထိတောင်ရောက်သွားတဲ့ အကြောင်းတွေးနေတာလေ”

“ဖြန်း!!!”

“အာ့! နာတယ် သွင်ရဲ့”

မနက်ခင်း ဘာမှမလိမ်းခြယ်ထားပဲ ကြည်လင်နေတဲ့ မျက်နှာလေးဟာ  နှိုင်းမာန်စလိုက်တာကြောင့် နီရဲလာလျက် ရှက်ပြီး ရင်ဘတ်ကိုအားပါပါ ရိုက်ခံလိုက်တာကြောင့် လက်ဖဝါးကိုဖမ်းဆုပ်လျက် တားလိုက်ရသည်။

“နာပါလေ့စေ ဘာတွေလာပြောနေတာလဲ မနက်စောစောကြီး အရှက်လဲမရှိဘူး”

“သွင်ပဲ သိချင်တယ်ဆိုလို့ပြောပြတာလေ၊ပြီးတော့ ဘာလို့ရှက်ရမှာလဲ ဒီအိမ်မှာ သွင်နဲ့မောင်ပဲရှိတာကို”

“နှစ်ယောက်ထဲရှိလဲမပြောနဲ့ မောင်မရှက်ပေမယ့် သွင်ရှက်တယ်”

စည်းချက်မညီတဲ့ ရင်ခုန်သံ (on going)Kde žijí příběhy. Začni objevovat