Part 17 Unicode

656 15 0
                                    

"သွင် ဖုန်းကိုင်စမ်းပါ ဘာတွေလုပ်နေတာလဲ မောင်စိတ်ပူနေပြီ"

နှိုင်းမာန် ဆိုက်ကနေထွက်လာပြီးထဲက သွင့်ကိုဖုန်းဆက်နေတာ အကြိမ်မနည်းတော့ပေမယ့် သွင်ကအခုချိန်ထိမကိုင်သေးပေ။သွင်အိပ်ပျော်နေတာလား ဒါမှမဟုတ် တစ်ခုခုများဖြစ်နေတာလား။နှိုင်းမာန် စိတ်ပူလာတာနဲ့အမျှကားကို အရှိန်အမြင့်ဆုံးသို့တင်လိုက်၏။နှိုင်းမာန်အိမ်ရှေ့ကိုရောက်တာနဲ့ ကားကို အပြင်မှာပဲ ရပ်ခဲ့ကာ အိမ်ထဲသို့အမြန်ပြေးဝင်ခဲ့လိုက်ပေသည်။အိမ်ထဲရောက်တာနဲ့ အရင်ဆုံးဦးတည်လိုက်တာက သူတို့နှစ်ယောက်ရဲ့ အခန်းဆီသို့။

"သွင် သွင် ဘယ်မှာလဲ မောင်ပြန်လာပြီ သွင်"

အိပ်ခန်းတံခါးကို ကဗျာကယာဆွဲဖွင့်လိုက်တော့ တစ်ခန်းလုံးလင်းထိန်နေပေမယ့် ကုတင်ပေါ်မှာတွေ့ရမည့် ကိုယ်လုံးလေးက ပျောက်နေလျက်။နှိုင်းမာန် ရေချိုးခန်း အိမ်သာ အခန်းတံခါးတွေအားလုံး ဖွင့်စစ်ပြီး သွင့်ကိုလိုက်ရှာပေမယ့် မတွေ့တာကြောင့် နှိုင်းမာန် ရင်ဘတ်တစ်ခုလုံး ရေနွေးပူပူလောင်းချခံလိုက်ရသလို ပူလောင်လာတော့သည်။

"အောက်ထပ် အောက်ထပ်မှာနေမှာ သွင်က"

"သွင် သွင်"

နှိုင်းမာန် အောက်ထပ်သို့ သွင့်နာမည်ကိုတစ်ကြော်ကြော်အော်ခေါ်လျက်ဆင်းလာပြီး တစ်အိမ်လုံး တစ်ခန်းမကျန်လိုက်ရှာပေမယ့်လဲ သွင့်ကိုမတွေ့ပေ။

"ဘယ်တွေရောက်နေတာလဲ သွင်ရာ မောင့်ကိုစောင့်နေပါလို့ ပြောတယ်လေ"

နှိုင်းမာန် ဘယ်မှာမှ ရှာလို့မတွေ့သည့်အဆုံး စိတ်ပျက်စွာ ဆံပင်တွေကိုဆွဲဖွလျက် ဆိုဖာပေါ်ထိုင်ချလိုက်မိတော့သည်။နှိုင်းမာန် ကြံရာမရသည့်အဆုံး ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ သွင့်ထံသို့ ပြန်ခေါ်လိုက်ပြန်၏။

"သွင် ဖုန်းကိုင်ပါကွာ"

"တိ တိ တိ"

"ဟင်"

အနီးအနားကထွက်လာသည့် ဖုန်းသံကြောင့်နှိုင်းမာန်ဆိုဖာပေါ်ထိုင်နေရာမှ ထရပ်ကာ သွင်ဖုန်းကိုလိုက်ရှာမိသည်။ဆိုဖာအောက်ခေါင်းငုံ့ရှာကြည့်လိုက်ပေမယ့်မတွေ့ပေ။ခါးပြန်မတ်ကာ ဆိုဖာပေါ်မှ ခေါင်းအုံးတွေကိုပါ တစ်လုံးချင်းဆွဲချ၍လိုက်ရှာ၏။နောက်ဆုံးတွေလိုက်တာက ဆိုဖာခုံကြားညှပ်နေတဲ့ သွင့်ဖုန်း။

စည်းချက်မညီတဲ့ ရင်ခုန်သံ (on going)Where stories live. Discover now