Part 6 Unicode

557 28 0
                                    

"နှိုင်းမာန်အုပ်စိုး ရှင်ဒီအချိန်ကြီး ဘယ်သွားမလို့လဲ"

သွင်စာကြည့်စားပွဲပေါ်တွင် လုပ်လက်စအလုပ်လုပ်နေရာမှ ညနေရေချိုးပြီးထဲက မှန်ရှေ့မှာ ပြင်ဆင်နေသည့် နှိုင်းမာန်အုပ်စိုးကို လှမ်းမေးလိုက်ခြင်းဖြစ်သည်။ဘယ်သွားမှာမလို့ ဒီလောက်ပြင်ဆင်နေသည်မသိ။သူ့ကိုယ်ပေါ် ရေမွှေးဆွတ်တာကလဲတစ်ခန်းလုံး သင်းပျံ့လို့။

"သူငယ်ချင်းတွေနဲ့ သွားတွေ့မလို့ ကျွန်တော်တို့ မင်္ဂလာပွဲတုန်းကလဲ ဒီကောင်တွေအလုပ်ကိစ္စနဲ့ ပြည်ပရောက်နေတာနဲ့ မတွေ့ဖြစ်လိုက်လို့လေ၊အခု သူတို့ကို တစ်ဝိုင်းတိုက်ဖို့ ခေါ်နေလို့"

"ဪ အဖွားကိုရောပြောပြီးသွားပြီလား"

"အောက်ရောက်မှပြောလိုက်မယ်၊ဪ ပြီးတော့ကျွန်တော် ထမင်းမစားတော့ဘူးမလို့ အဖွားနဲ့ စားနှင့်လိုက်တော့နော်"

"အင်း"

သွင်ဘာမှထပ်မပြောဖြစ်ပေမယ့် စိတ်ထဲတွင်တော့ အတွေးများလျက်။သူငယ်ချင်းတွေနဲ့ တွေ့မှာကို ပြင်ဆင်နေလိုက်တာ ဘယ်သူတွေပါပြီး ဘယ်နေရာမှာ တွေ့ကြမှာမလို့လဲ။

အလုပ်လုပ်နေပေမယ့် အလုပ်အပေါ်အာရုံမရောက်ပဲ နှိုင်းမာန်မှန်ရှေ့ရပ်လိုက်ထဲက မသိမသာ လိုက်ကြည့်နေသည့် မဒီလင်းသွင်ကြောင့် နှိုင်းမာန်ကြိတ်ပြုံးနေမိသည်။ကြည့်ရတာ မေးချင်တာတွေကုန်သေးပုံမရ။

"ဒါနဲ့ အိမ်ပြန်နောက်ကျမယ်နော် စောင့်မနေပဲ အရင်အိပ်နှင့်"

နှိုင်းမာန်ပြုံးစစနဲ့ပြောလိုက်တော့ မီးရောင်အောက်က မျက်နှာလေးက နီဆွေးသွားကာ ပက်ခနဲပြန်ပြောလာ၏။

"နှိုင်းမာန်အုပ်စိုး ရှင်နော် လျှောက်ပြောမနေနဲ့ သွင်ဘယ်တုန်းကရော စောင့်ပြီးအိပ်ဖူးလို့လဲ"

"ဪ မသိပါဘူး ယောင်္ကျားပြန်မလာသေးတော့ စိတ်ပူပြီး မအိပ်ပဲစောင့်နေမှာစိုးလို့ စေတနာနဲ့ သတိပေးတာ"

"အားအားယားယား စောင့်မနေပဲ စောစောတောင် အိပ်နေဦးမှာမို့ စိတ်မပူနဲ့ ကြိုက်တဲ့နေရာသာသွား ဟုတ်ပြီလား"

စည်းချက်မညီတဲ့ ရင်ခုန်သံ (on going)Where stories live. Discover now