Part 12 Unicode

559 20 0
                                    

“မောင် သရဲအိမ်ဝင်ကြည့်ရအောင်”

“ဟင် သွင်က ဝင်ရဲလို့လား”

“အင်း ဝင်ရဲတယ် အထဲမှဘာမှမရှိပါဘူး လူနဲ့ အရုပ်တွေပဲရှိတာကို”

“ပြီးရောလေ အဲဆိုဒီမှာ ခဏစောင့်”

“အင်း”

နှိုင်းမာန်ခေါင်းငြိမ့်ပြနေတဲ့တစ်ယောက်ကို ခဏထားခဲ့ကာ လက်မှတ်အပြေးလာဝယ်ရသည်။နှိုင်းမာန်ဟိုနေ့ကတွေးထားတဲ့ အတိုင်း ဒီနေ့သွင်သွားချင်တဲ့နေရာ သဘောကျတဲ့အရာကို အကုန်စိတ်တိုင်းကျ လိုက်လုပ်ပေးမယ်လို့တွေးထားတဲ့အတိုင်း ညက မနက်ဖြန်ဘာလုပ်ချင်လဲ ဘာသွားချင်လဲလို့မေးတော့ ကစားကွင်းသွားချင်သည်တဲ့။နှိုင်းမာန်ပထမတော့ ကြောင်အနေမိသည်။ပြီးမှ ဘာလို့ ကစားကွင်းလဲလို့ မေးတော့ တစ်ခါမှ မသွားဖူးသေးလို့တဲ့လေ။အဲတာနဲ့ပဲ အသည်းနှလုံးရဲ့ အလိုဆန္ဒအတိုင်း ကစားကွင်းသို့ လိုက်ခဲ့ရပေတော့သည်။နှိုင်းမာန်စိတ်ထဲ တွေးထားသလိုမဟုတ်ပေမယ့်လဲ သူပျော်နေတာမြင်ရရင်ပဲ ဒီကောင်က ကျေနပ်ပီတိဖြစ်နေပါပြီ။လက်မှတ်ဝယ်ပြီးသူ့ဆီပြန်သွားတော့ ပိတ်ရက်မို့ များပြားနေတဲ့လူတွေကြား ဟိုကြည့်ဒီကြည့်နဲ့ နှိုင်းမာန်မြတ်နိုးရတဲ့ နှုတ်ခမ်းပါးလေးတွေကလဲ ပြုံးယောင်သန်းနေကြသေးသည်။

“ကဲ သွားရအောင်”

“အင်း သွားမယ်လေ”

“မကြောက်ဘူးဆိုတာသေချာပါတယ်နော်”

“အင်းပါ မကြောက်ပါဘူးဆို၊ဘာလဲ မောင်ကြောက်လို့လား”

“ကြောက်စရာလား ခင်ဗျားလေးကြောက်ပြီးအော်နေမှာစိုးလို့ မေးနေတာ”

“အဟင်း ကြောက်ပါဘူး မောင်ရှိနေတာပဲကို”

ပြုံးစစနဲ့ လာစနေသူက နှိုင်းမာန်အသဲယားပြီး နမ်းပစ်ချင်နေမိတော့၏။ဒါကို သူက သတိထားမိပြီး ‘လူတွေရှိတယ် မရဘူး’ပြောရင်း သရဲအိမ်ထဲ အတင်းဆွဲခေါ်သွားတော့သည်။လူကြားထဲမှာမို့လို့နော်။

လက်မှတ်ပေးပြီး သရဲအိမ်ထဲရောက်တော့ သိသိသာသာမှောင်မဲသွားတာကို မြင်ပြီး အရှေ့က နှိုင်းမာန်လက်ကို ဆွဲပြီးရဲရဲဝံ့ဝံ့သွားနေသူက ချက်ချင်းပင် နှိုင်းမာန်ဘေးကိုပြန်ရောက်လာပြီး လက်ကို တင်းတင်းဆုပ်ကိုင်ထားလေ၏။နှိုင်းမာန်ပြုံးလိုက်မိတော့သည်။

စည်းချက်မညီတဲ့ ရင်ခုန်သံ (on going)Where stories live. Discover now