Part 11 Unicode

642 21 0
                                    

“သွင်”

“ဟင် ဘာလဲမောင်”

မောင်ချက်ပေးတဲ့ ဟင်းလျာတွေကအရသာရှိလွန်းတာမို့ အားပါးတရစားပြီးသည်နှင့် သွင့်ကိုခေါ်လိုက်တာကြောင့် ပြန်ထူးလိုက်တော့ မောင်က သဘောတကျပြုံးနေလေသည်။

“ဟင် ဘာလဲ မောင်ရဲ့ ခေါ်ပြီးတော့ ဘာမှလဲမပြောဘူးပြုံးပဲပြုံးနေတယ်”

“အဟွန်း မောင်က သွင် မောင်လို့ခေါ်တာ အရမ်းသဘောကျလို့ပါ”

မောင်အပြောကြောင့် သွင်ရှက်သွေးဖြာသွားရသည်။ဟုတ်ပါရဲ့မောင်လို့ခေါ်ဖို့အရေးရှက်နေတဲ့ သွင်က အခု မောင်ဆိုတဲ့နာမ်စားကို အထစ်အငေါ့မရှိ နှစ်ရှည်လများခေါ်လာခဲ့သလို ကျင့်သားရနေတာဖြစ်သည်။

“သွင်”

“ဟင်”

မောင်က စားပွဲပေါ်တင်ထားတဲ့ သွင့်လက်ပေါ်အုပ်မိုးဆုပ်ကိုင်လာ၏။နူးညံ့ကြင်နာမှုအပြည့်ရှိတဲ့ မျက်ဝန်းတွေနဲ့ ညို့ယူဆွဲငင်နေတဲ့မောင်ကြောင့် သွင်လည်ချောင်းတွေပင်ခြောက်သွေ့လာသလို။မောင်မကိုင်ထားတဲ့ ညာဖက်လက်ဖြင့် နံဘေးမှာထားထားတဲ့ ဝိုင်ကို အနည်းငယ်သောက်လိုက်မိသည်။

“မောင်တို့ ကရအောင်”

“ဟင် ဘာပြောလိုက်တာလဲ”

“ကရအောင်လို့”

“ဒါပေမယ့် သွင်မှမကတတ်တာ”

“မောင်ရှိတယ်လေ မောင်နောက်က လိုက်ကရုံပဲ”

မောင်ကပြောရင်းပင် ခုံပေါ်မှထရပ်ပြီး သွင့်ကိုလက်ကမ်းပေးလာသည်။သွင်အခုချိန်မှာ အရာအားလုံးက စိတ်ညို့ခံထားရတဲ့ လူတစ်ယောက်လိုမျိုး မောင်ပြောသမျှအကုန်လိုက်လျောချင်နေမိတာကြောင့် မောင်ရဲ့ လက်ဖဝါးကျယ်ကြီးထဲ သွင်လက်တင်လိုက်နဲ့ လက်ဖဝါးကျယ်ကြီးထဲသွင်လက်တစ်ဖက်က အံဝင်ဂွင်ကျ။အဲဒီနောက် ထရပ်လိုက်တော့ မောင်က ဧည့်ခန်းဆီခေါ်လာပြီး သွင့်ကိုခဏရပ်ခိုင်းကာ စင်ပေါ်မှ ဓာတ်စက်ထဲ ဓာတ်ပြားတစ်ခုထည့်ပြီး သွင်ဆီပြန်လျှောက်လာ၏။ထို့နောက်ငြိမ့်ညောင်းတဲ့ နိုင်ငံခြားသံစဉ်တစ်ခုက ထွက်ပေါ်လာသည်။

စည်းချက်မညီတဲ့ ရင်ခုန်သံ (on going)Where stories live. Discover now