Chapter (5) Zawgyi

70 3 0
                                    

မနက်ခင်း၁၀နာရီခွဲ ကွက်တိတွင် espresso တစ်ခွက်ကိုပန်းရွှေမှုန်က စေးတံတိုင်းရံ အလုပ်စားပွဲဆီသို့ယူလာပေးသည်။ စေး လည်းအသိအမှတ်ပြုကြောင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ အလုပ်ဆက်လုပ်နေသည်။ ပန်းရွှေမှုန်ဆိုသော မိန်းကလေးသည် စေးတံတိုင်းရံ၏အတွင်းရေးမှူးမလေး။ ထိုမိန်းကလေးသည် လူကဲခတ်လည်းတော်သလို အလုပ်လုပ်သည့်နေရာတွင်လည်း တိကျပြတ်သားသောသူဖြစ်ပြီး စေး ကဲ့သို့ပင်အလုပ်နှင့်ပတ်သက်လျှင် စည်းကမ်းတင်းကျပ်သူဖြစ်သည်။ ပန်းရွှေမှုန်သည် စေးတံတိုင်းရံ စီးပွားရေးလောကထဲခြေချတည်းက အတူအလုပ်လုပ်ခဲ့သော အတွင်းရေးမှူးဖြစ်ပြီး စေးယုံကြည်အားထားသောသူဆိုလည်း မမှားပေ။ထို့ကြောင့် ပန်းရွှေမှုန်သည်လည်း စေးတံတိုင်းရံနည်းတူ လူမုန်းခံရသောသူဖြစ်သည်။

စေးက ထွန်းတောက်လုပ်ငန်းစု၏ မန်းနေးဂျင်းဒါရိုက်တာဆိုသော်ငြား ဒုတိယဥက္ကဋ္ဌဖြစ်သူ စွမ်းကမ္ဘာထက်ပိုပြီး အာဏာရှိသူဖြစ်သည်။ စေးက ထွန်းတောက်လုပ်ငန်းစုဥက္ကဋ္ဌဖြစ်သူ ဦးထွန်းကမ္ဘာ၏ ပထမအိမ်ထောင်နှင့်
ရသော သားအကြီးဆုံးဖြစ်ပြီး စွမ်းကမ္ဘာကတော့ လက်ရှိအိမ်ထောင်နှင့်
ရသော သားအငယ်ဖြစ်သည်။  ဦးထွန်းကမ္ဘာနှင့် စေး၏အမေဖြစ်သူ ဒေါ်ရေချယ်လင်းတို့က ပြဒါးတစ်လမ်း သံတစ်လမ်း၊ ရန်သူတွေအလားပေါင်းစည်းလို့မရခဲ့ဘဲ နောက်ဆုံးတော့စေးတံတိုင်းရံအသက် ၅နှစ်မှာ ‌လမ်းခွဲလိုက်ကြသည်။ ဦးထွန်းကမ္ဘာက သူအမှန်တကယ်သဘောကျရသောဒေါ်ရေချယ်လင်း၏ညီမ ဒေါ်မေချယ်လင်းကို အတိအလင်းလက်ထပ်ယူလိုက်သလို ဒေါ်ရေချယ်လင်းကလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည့် ဦးရိပ်မောင်နှင့် အိမ်ထောင်အသစ်တစ်ခု ထူထောင်သွားသည်။ မိဘနှစ်ပါးလုံး၏မေတ္တာကြောင့်
မွေးဖွားလာတာမဟုတ်သော စေးတံတိုင်းရံကို အိမ်ထောင်ကိုယ်စီဖြစ်နေသည့် သူတို့မိဘနှစ်ယောက်လုံးက သူတို့၏အိမ်ထောင်အသစ်၊ ဘဝအသစ်ဆီဆွဲမသွင်းချင်ခဲ့ပေ။  ဒီလိုနှင့်စေးက ဘယ်မိသားစုနှင့်မှ မသက်ဆိုင်သူဖြစ်လာသည်။ မိဘရှိရက် မိဘမဲ့လေးလို ဖြစ်လာသည်။ ဖခင်ပိုင်သော ထွန်းတောက်လုပ်ငန်းစုကလည်း အချိန်တန်လျှင် တရားဝင်သားစွမ်းကမ္ဘာဆီကိုပဲ ရောက်မှာ။ စေးတံတိုင်းရံက သူ့အရည်အချင်းဖြင့် ဝန်ထမ်းတွေရှယ်ယာရှင်တွေကို ဘယ်လောက်ဖိထားထား လုပ်နိုင်စွမ်းတွေ အာဏာတွေဘယ်လောက်သက်ရောက်တယ်ပဲဆိုဆို အချိန်တန်ရင် ထွန်းတောက်လုပ်ငန်းစု၏ ပိုင်ရှင်ကစေးမဟုတ်မှန်းကိုလည်း အကုန်လုံးကသိရှိပြီးသား ဖြစ်သည့်အခြေအနေ။

Say You Love MeWhere stories live. Discover now