Chapter (1)

1.6K 113 6
                                    

ဟိုတယ်ခန်းမတစ်ခုတွင်....
ခမ်းနားသောမီးရောင်များအောက်မှာ စားပွဲကုလားထိုင်တို့သည် ပိုးသားအခင်းများဖြင့် တောက်ပြောင်ဝင်းလက်နေသည်။ တီးလုံးသံက ခပ်သာသာပျံ့လွင့်နေသည်။ကော်ဇောနီတို့ဖြန့်ခင်းထားပါသော လျှောက်လှမ်းပေါ်တွင်ပန်းပွင့်ဖတ်တို့ကြဲချထားလျက်ရှိသည်။ ဒါဟာ ယနေ့၏မင်္ဂလာမောင်နှံနှစ်ဦး အတူလျှောက်လှမ်းမည့်လမ်း။ ခန်းမဝင်ပေါက်မှာတော့ ဆိုင်းဘုတ်တစ်ခုက လှပစွာနေရာယူထားသည်။

မောင်တည်မြဲခန့် နှင့် မောင်မြတ်သော်က တို့၏ မင်္ဂလာဧည့်ခံပွဲ။

ယောက်ျားလေးနှစ်ယောက်လက်ထပ်ပွဲက မန္တလေး၏လူကုံထံအသိုင်းဝိုင်းထဲမှာ မသိတဲ့သူမရှိသလောက်ဟိုးလေးတကျော်ကျော်။ အဓိကကတော့ သတို့သားတည်မြဲခန့်၏ ဓနဂုဏ်ရှိန်ကြောင့်ပင်။ ဤကျိကျိတက်ချမ်းသာသော အဘက်ဘက်မှပြည့်စုံသော သတို့သားတည်မြဲခန့်၏ လက်တွဲဖော်က ဘယ်လောက်ကံကောင်းလိုက်သည့်သူဖြစ်ကြောင်း တဖွဖွပြောကြလို့မပြီး။ မင်္ဂလာချိန်စတင်တည်းက တသောသောရောက်ရှိလာသော လူဧည့်ပရိသတ်များအားလုံးက ဂုဏ်သရေရှိလူကြီးလူကောင်းတွေချည်း။ ဤသို့နှယ် ကောင်းချီးအစုံစုံပြည့်ဝနေသော မင်္ဂလာပွဲကတော့ မကြာခင်မှာပဲ သက်ဝင်လှုပ်ရှားလာတော့မည်။

နွေလင်္ကာချိုတစ်ယောက် ခန်းမထဲမှ လှုပ်ရှားမှုများကို ငေးကြည့်နေမိသည်။ မကြာခင်မှာပဲ သူမစောင့်မျှော်နေသော အချိန်ရောက်လာတော့မှာ။ ဒီအချိန်ရောက်ဖို့ သူမရင်ထဲမှာနာကျည်းမှုတွေ၊ ခံပြင်းစိတ်တွေ ဒေါသတွေတနင့်တပိုးမျိုသိပ်လို့ သည်းခံစောင့်စားခဲ့ရတာ။ဝင်ပေါက်နားမှာတော့ သူမမိဘတွေနှင့်သတို့သား၏မိဘတွေကတော့ ဘာမှမသိစွာဘဲ ပျော်ရွှင်ရယ်မောလို့စကားဆိုနေကြသည်။ သူတို့တွေအလယ်မှာ အပြုံးတွေအများဆုံးနှင့် အပျော်ဆုံးလူကတော့ သတို့သားလောင်း တည်မြဲခန့်ပင်။ အသားရောင်တိုက်ပုံ ရွှေချည်ထိုးလုံချည်ဖြင့်ခံ့ညားစွာ တင့်တယ်နေသောဟန်ပန်။ တည်ကြည်လေးနက်မှုတို့ဖြင့် ချောမောသောရုပ်အဆင်း။ မျက်လုံးတွေပါမှိတ်ကျသည်အထိ တောက်ပစွာပြုံးနေသူကို ငေးကြည့်ရင်းသူမ မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။ ဒီအပြုံးတွေ ဘယ်လောက်ကြာကြာထိရှိနိုင်မှာမို့လဲ။

Say You Love MeWhere stories live. Discover now