Chapter (4) Zawgyi

59 4 0
                                    

အလုပ်မဝင်ရသေးခင် မြတ် ဝယ်စရာရှိတာတွေဝယ်သည်။ ကြီးမြကို အကူညီတောင်းလိုက်တာနှင့် ကြီးမြကအိမ်မှာရှိသည့်လူတစ်ယောက်ထည့်ပေးပြီး မြတ်သွားချင်သည့်နေရာတွေ လိုက်ပို့ပေးတာမို့ အဆင်ပြေသည်။ ဒီအိမ်မှာအစစအရာရာ အဆင်ပြေသက်သာလွန်းတော့ အတိတ်က ကိုယ့်ကိုယ်ကိုယ်တောင် သတိရသွားသလို။ ထိုထက်တောင်မှ ပိုပြီးသက်သာနေသလိုပဲ။ အရင်ကမှမီးဖိုချောင်ဝင်ရသေးသည်။ ဒီအိမ်မှာ မနက်စာကနေညစာအထိ ထမင်းပွဲပြင်ပြီးသားအဆင်သင့်။ မမရတနာက မြတ်ကို ဘာမှစိတ်မပူနဲ့ဆိုသည့်စကားအတိုင်း သေချာကိုစီစဉ်ပေးခဲ့တာ။ ပြီးတော့ဒီအိမ်ပိုင်ရှင် စေးတံတိုင်းရံကောပဲ။ မြတ် စိတ်ထဲကနေ ထိုလူ့ကိုတိတ်တိတ်လေးကျေးဇူးတင်နေမိသည်။

မြတ် ဘက်စ်ကားကိုလည်းသေချာစီးတတ်အောင် မှတ်တိုင်တွေမမေ့အောင်နှစ်ရက်လောက်မြို့ထဲပတ်စီးလိုက်သည်။ သင်လွယ်တတ်လွယ်သည့်သူက ရန်ကုန်ကိုအခုမှရောက်ပေမဲ့ လမ်းပျောက်မှာကိုတအားစိတ်မပူတော့။ တက္ကစီငှားစီးလို့ရမည့်နေရာတွေနှင့်ဖုန်းနံပါတ်တွေကိုပါ သူဖုန်းထဲမှာအကုန်မှတ်သားထားပြီးသား။ နေ့တိုင်းအလုပ်နှင့်အိမ်ကို တက္ကစီဖြင့်အသွားအပြန်လုပ်ဖို့ အစီစဉ်မရှိချေ။ တစ်ယောက်တည်းဆိုပေမဲ့ ရှေ့လျှောက်တစ်ယောက်တည်းရပ်တည်လို့ရအောင် မြတ် ချွေတာသင့်တာချွေတာရမည်။ နောက်ထပ်လေ့လာစရာတွေ...ကိုယ်ပိုင်အထည်တွေချုပ်ကြည့်ဖို့ အရင်းအနှီးတွေ။ ဒီပညာကိုဆက်သင်ဖို့သင်တန်းတွေ
အရာအားလုံးတာဝန်ယူရတော့မှာမို့ သူရတဲ့လခတွေအကုန်သုံးပစ်လို့မရ။ ပြီး‌တော့ စေးတံတိုင်းရံအိမ်မှာလည်း အကြာကြီးနေလို့မရဘူးလေ။ ဒီရက်ပိုင်းအတွင်း မြတ် စဉ်းစားနေတာတွေက ဘဝရှေ့ရေးတွေချည်းပဲ။

အခုတော့ မြတ်က ဝရန်တာမှာ။ ကျယ်ဝန်းလှသည့်နေရာက ညဆိုလျှင်
လရောင်ကောင်းစွာဖြာကျပြီး တစ်ခြံလုံးကိုလည်းအပေါ်စီးကနေမြင်ရသေးသည်။ နေသိပ်မပူသေးသော မနက်ခင်းစောစောမှာပိုပြီးထိုင်လို့ကောင်းသည့်နေရာမို့ ဒီရက်ပိုင်းထဲကော်ဖီတစ်ခွက်နှင့် မနက်ဆိုလျှင် မြတ် ဒီနားလာထိုင်လေ့ရှိသည်။ ပြီးတော့ဒီနေရာမှာ မြတ် ကြောင်လေးတစ်ကောင်ကိုတွေ့ထားသေးသည်။ အမွှေးတွေဆွတ်ဆွတ်ဖြူနေပြီး မီးခိုးရောင်မျက်လုံးများနှင့် ထိုကြောင်လေးက ဘယ်ကနေလမ်းမှားပြီးဒီအိမ်ထဲ ရောက်လာသလဲမသိ။ ဒီအိမ်ကမွေးထားတာမဟုတ်တာတော့ကျိန်းသေသည်။ တစ်ခါတလေ ခြံထဲကပန်းရုံတွေကြား လှစ်ခနဲပြေးနေတာလည်း မြင်ရတတ်သည်။ မြတ် ထိုကြောင်လေးကိုပေါင်ပေါ်ပွေ့တင်ကာ အမွေးတွေကိုပွတ်သပ်ပေးနေလိုက်သည်။

Say You Love MeWhere stories live. Discover now