အပိုင်း 102

Start from the beginning
                                    

"ဟမ်.. ဒီပစ္စည်းတွေက မှားနေသလိုပဲ။ ဒါကိုမွမ်းမံလိုက်ရင် အသုံးပြုသူကို များများစားစားသက်သာလာစေမှာမဟုတ်ဘူး"

"ဒါ ငါ့ကိုစမ်းသပ်နေတာများလား"

"ဒါဆိုလည်း ငါကပဲ ပြောင်းပစ်လိုက်ရသေးတာပေါ့"

ဤသို့ဖြင့် လုချန်ရှန်းက သူ့သိုလှောင်ရေးလက်စွပ်ထဲက ပစ္စည်းနှစ်မျိုးကိုထုတ်ယူလိုက်ပြီး ၎င်းတို့နှင့်အစားထိုးလိုက်သည်။

အဘိုးအိုက ထိုအခြင်းအရာကိုမြင်သောအခါ မတတ်သာဘဲ မှင်တက်သွားရလေသည်။

"သူ ဘာလုပ်နေတာလဲ။ စိတ်ဝိညာဉ်ကုသရေးမြက်ကိုသုံးတာ ငါနားလည်နိုင်သေးတယ်။ ဒါပေမဲ့ မီးဒြပ်စင်မှော်နျူကလိယက သောက်ကျိုးနည်းဘာတုန်းဟ"

ထိုစကားကိုကြားသည့်တိုင် ဟူချင်းကတော့ မအံ့သြမိပေ။ သူ ခပ်ဖွဖွပြုံးလိုက်ပြီး အဘိုးအို၏ပခုံးကိုပုတ်လိုက်သည်။

"ကောင်းပါပြီ။ ရလဒ်ကိုစောင့်ကြည့်ကြတာပေါ့"

သူ လုချန်ရှန်းအကြောင်း ကောင်းကောင်းသိသည်။

သူ တချို့ဆေးဝါးများဖော်စပ်၍မရလေတိုင်း လုချန်ရှန်းကိုမေးတတ်သည်။

လုချန်ရှန်းကလည်း သင့်တော်သောရှင်းပြချက်တစ်ခုကို အမြဲပေးနိုင်လေသည်။

ဤတစ်ခေါက် ပစ္စည်းများလဲလိုက်ရခြင်းအတွက်လည်း သူ့ကိုယ်ပိုင်အကြောင်းပြချက်များ သေချာပေါက်ရှိသည်။

ချက်ချင်းဆိုသလိုပင် လုချန်ရှန်းက ထိုပစ္စည်းများအားလုံးကို အဂ္ဂိရတ်ဖိုထဲသို့ ပစ်ထည့်လိုက်၏။

သူက မီးတောက်များကို လွှတ်ထုတ်လိုက်ပြီး အမြုတေကို စတင်ထုတ်ယူလေတော့သည်။

'ဒါ အလုပ်ဖြစ်မှာလား'

အဘိုးအိုခမျာ တစ်ဖန်ကြက်သေသေသွားပြန်သည်။

ဆေးဝါးတချို့တွင် ရှုပ်ထွေးသောဂုဏ်သတ္တိများရှိသည်သာ။

ဥပမာအားဖြင့် မီးဒြပ်စင်မှော်နျူကလိယကို ထုတ်ယူသည့်အခါ မီးတောက်များ ထုတ်လွှတ်တတ်သည်။ ၎င်းက အခြားပါဝင်ပစ္စည်းများကိုလောင်ကျွမ်းစေနိုင်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now