လျှို့ဝှက်ဓားသွားဂိုဏ်း၏ ရာထူးဂုဏ်သိမ်အဆင့်ဆင့်မှာ အလွန်တင်းကြပ်လှသည်။

အဆင့်မြင့်လေလေ အရင်းအမြစ်များများ ခံစားနိုင်လေလေပင်။

အဆင့်မြင့်မြင့်သွားနိုင်လေလေ ဓားဖျားထက်ရှိဓားဆန္ဒက ပိုမိုသိပ်သည်းလေလေပင်။ ၎င်းမှာ တပည့်တပန်းများ သိမြင်ရှုမှတ်ရာတွင် အကျိုးရှိလှပေ၏။

ယဲချိုးပိုင်က မေးခွန်းထုတ်လိုက်သည်။

"မင်းကရော"

လျန်ဖန်းက ပခုံးတွန့်ပြပြီး ပြောသည်။

" သေချာပေါက်သီးသန့်တပည့်ပေါ့"

အတွင်းစည်းအကြီးအကဲများထဲမှတစ်ယောက်က ပြောလေသည်။

" လျန်ဖန်းက ဂိုဏ်းခေါင်းဆောင်ရဲ့ သီးသန့်တပည့်လေ"

ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်မိ၏။ ကျောင်းတော်၏တာအိုလမ်းစဉ်ရှာဖွေရေး တောင်တန်းကိုဝင်ခွင့်ရခဲ့သည့် တစ်ဦးတည်းသောလူတစ်ယောက်အနေနှင့် သူ၏သရုပ်မှန်၊စွမ်းရည်နှင့်ခွန်အားမှာ သဘာဝကျကျပင်အရေးပါလှပေသည်။

ထိုအချိန်၌ အဘိုးအိုတစ်ယောက်က ဓားတစ်လက်ကိုကိုင်၍ တောင်ပေါ်မှဆင်းသက်လာသည်။

သူက ယဲ့ချိုးပိုင်တို့ရှေ့ကို ရောက်ချလာသည်။

"ဒါက ကျောင်းတော်ဘက်က ပို့လိုက်တဲ့လူလား"

အတွင်းစည်းအကြီးအကဲက သူ့ကိုကြိုဆိုနှုတ်ဆက်ရန် ရှေ့တိုးသွားပြီး အပြုံးလေးဖြင့် ပြောလေသည်။

" ဟုတ်ပါတယ်။ အကြောင်းတစ်ခုကြောင့် တပည့်အသစ်တစ်ယောက်ပြောင်းလာခဲ့ပါတယ်"

လျှို့ဝှက်ဓားသွားဂိုဏ်း၏အကြီးအကဲက ခေါင်းညိတ်ပြလေသည်။ ဤသည်မှာ သူနှင့်မဆိုင်သောကိစ္စဖြစ်သည်။ သူ လျန်ဖန်းကိုကြည့်ပြီး ပြောလိုက်သည်။

"လျန်ဖန်း တောင်ထိပ်ကိုသွားလိုက်။ ဂိုဏ်းခေါင်းဆောင်က မင်းကိုတွေ့ချင်နေတယ်"

လျန်ဖန်းတစ်ယောက် ခဏမျှကြက်သေသေသွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ သူ ယဲ့ချိုးပိုင်ဘက်ကို လှည့်ကြည့်ပြီးပြောလိုက်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Место, где живут истории. Откройте их для себя