အပိုင်း 93

Start from the beginning
                                    

"အဆင့်သတ်မှတ်ချက်စာရင်းထဲကလူငါးယောက်ပါသွားတယ်။ တစ်ယောက်ကဆိုရင် အဆင့်ခုနစ်တောင်ရှိတယ်"

"သံချပ်ကာယန္တရားတပ်ကိုလည်း စေလွှတ်ထားလိုက်သေးတယ်"

"ဒါက ခင်ဗျားဘာသာဖြေရှင်းလိုက်မယ်လို့ပြောနေတာလား"

ထိုစကားကိုကြားသော် ဟွမ်းယီထုံမှာ ထိုအကြောင်းများကိုမသိခဲ့သလိုဖြင့် အံ့အားသင့်ချင်ယောင်ဆောင်နေလေသည်။

"အိုး အဲ့လိုလား။ အဲ့ဒီအကြောင်း ထျန်းမင်က ကျုပ်ကိုမပြောသွားဘူး"

ခေါင်းဆောင်ယန် ခေါင်းခါယမ်းလိုက်မိသည်။ ဟွမ်းယီထုံ ရူးချင်ယောင်ဆောင်နေမှန်း သူသိသည်။

"ထားလိုက်ပါတော့။ ယဲ့ချိုးပိုင်သာ တစ်ခုခုဖြစ်ခဲ့ရင်.."

ထိုနေရာအရောက်မှာ ခေါင်းဆောင်ယန်၏အပြုံးမှာ လုံးဝပျောက်ကွယ်သွားလေသည်။

သူ့အမူအရာကလည်း အေးစက်ခက်ထန်သွားချေသည်။

အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။

ခန်းမထဲရှိစားပွဲများနှင့်ထိုင်ခုံများအပြင် နဂါးပလ္လင်ပါ စိစိညက်ညက်ကြေသွားရ၏။

"ယဲ့ချိုးပိုင်သာသေသွားခဲ့ရင် နေမဝင်အင်ပါယာလည်း ဆက်ရှိနေစရာမလိုတော့ဘူး"

ဟွမ်းယီထုံ၏အမူအရာမှာ ပြောင်းလဲမသွားချေ။

ခေါင်းဆောင်ယန်၏ခွန်အားက သူ့ထက်ပင်ပိုသန်မာလေသည်။

သူသည် အဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် တတိယနေရာရထားသူပင်။

သူ့အဆင့်က ခေါင်းဆောင်ယန်နှင့်သိပ်မကွာလှသော်ငြား အဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိ ထိပ်ဆုံးသုံးယောက်၏ခွန်အားမှာ အရည်အချင်းပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခဲ့ပြီးပြီဖြစ်၏။

အကြောင်းမှာ ခေါင်းဆောင်ယန်၏ခွန်အားသည် ချန်းယွမ်အဆင့်ကိုကျော်ဖြတ်၍ အာကာသနတ်ဘုရားအဆင့်အထိ ရောက်ရှိထားသောကြောင့်ပင်။

အာကာသနတ်ဘုရားအဆင့်၌ သူ့စိတ်ဝိညာဉ်သည် ဂမ္ဘီရစိတ်ဝိညာဉ်အဆင့်ကိုတက်လှမ်းခြင်းဟုခေါ်သော အရည်အချင်းပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုကို တွေ့ကြုံရပေလိမ့်မည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now