အပိုင်း(၁၄)

1.3K 121 13
                                    

"ဆွေး"

"ဘာလဲ...ကျွန်မကိုလာမခေါ်နဲ့"

"ဘာလို့အဲ့လောက်ထိစိတ်တွေဆိုးနေရတာလဲ ကလေးရဲ့..တို့လာမကြိုမိလို့လား"

အဲ့ဒီယောက်ျားနဲ့ အပြင်ထွက်သွားလို့မို့စိတ်တိုနေတာသိရက်နဲ့ သူဟာတမင်များမေးနေတော့သလား။

"ရှင့်ကိုအစကတည်းက ကျွန်မကိုလာမကြိုဖို့ပြောပြီးသားပဲဟာ...အခုက အဲ့ဒါကြောင့်မဟုတ်တာ ရှင်လည်းသိမှာပါ"

သူကျောင်းအထိလာကြိုမယ်လုပ်တုန်းက အတင်းငြင်းခဲ့တာတောင်လာကြိုဖို့လုပ်ခဲ့သေးသည်။‌တကယ်တမ်း လာကြိုမယ်အထင်နဲ့စောင့်နေတော့မှ အဲ့ဒီလူကအပြင်ခေါ်လို့ဟုဆိုကာ လာမကြိုတော့။

"စိတ်မဆိုးနဲ့တော့နော်..ဘာမှမဟုတ်တာလေးနဲ့ကို"

"ဘာကိုဘာမဟုတ်ရမှာလဲ...ကျွန်မ ဘယ်လောက်ထိစိတ်တိုနေမယ်ဆိုတာတွေးမကြည့်မိဘူးလား"

"ငြင်းရမှာအားနာလို့ လိုက်သွားတာပါ...နောက်ဆိုဆင်ခြင်မှာပါ"

သူမှားတဲ့ပုံစံနဲ့တောင်းပန်နေပြန်တော့ စိတ်ထဲမကောင်းလှပါ။ကိုယ့်ထက်အကြီးကို အနိုင်ယူမိသလိုဖြစ်သွားမှာလည်းစိုးမိသည်။သူ့ကိုဝမ်းနည်းမိစေမှာလည်းစိုးသည်။

"ရပါတယ်..ထားလိုက်ပါတော့"

"‌တို့ကိုစိတ်ဆိုးမပြေသေးမှန်းသိပါတယ်..ဘယ်လိုပြန်ချော့ရမလဲ"

စိတ်ဆိုးမပြေသေးတာထက်စိတ်ခုနေတာဆိုပိုမှန်လိမ့်မည်။သူ့ကိုအသည်းအသန်သဘောကျနေတဲ့ယောက်ျားတစ်ယောက်နဲ့ အပြင်အတူထွက်သွားတာကို ကိုယ့်အနေနဲ့ဘယ်လိုမှ သဘောတူကြည်ဖြူမနေနိုင်ပါ။

"ကျွန်မစိတ်မဆိုးဘူး"

"အဲ့ဒါဆို တို့ကိုပြန်ကြည့်လေ ..ဘာလို့ရှောင်နေရတာလဲ"

"အဲ့ဒီလူကို ကျွန်မနဲ့ရှင်က ချစ်သူတွေဆိုတာပြောလိုက်...အဲ့ဒါဆိုစိတ်ဆိုးပြေမယ်"

သူ့မျက်လုံးတွေမှာတုန်လှုပ်သွားဟန်ရှိသည်။

"ဆွေး"

သူ့လေသံကိုသိသည်။တောင်းဆိုချက်ကိုငြင်းပယ်တော့မယ်ဆိုတာ။

ရှင့်ကို ချစ်တယ်Where stories live. Discover now