အပိုင်း(၈)

1.6K 131 10
                                    

Unicode

"မမ မေမေဘယ်သွားလဲ"

"ဟိုဘက်အိမ်နေမှာပေါ့"

"မမ"

" "

မမကဘာမှပြန်မထူး။

"မမလို့"

"ဘာတုန်းလရိပ်..ပြောစရာရှိရင်တစ်ခါတည်းပြောပါလား"

"နင်ကမှ စိတ်မရှည်သလိုလုပ်နေတာကို ငါဘယ်လိုပြောရမှာတုန်း"

"ဘာတုန်း ပြောစရာရှိတာမြန်မြန်ပြော"

မမကအင်္ကျီစကို ကပ်ကြေးဖြင့်ညှပ်ရင်း
ဆွေးကိုမော့ကြည့်ကာပြောလာသည်။

"အစ်မ ဒီရေလှိုင်းမှာရည်းစားရှိလား"

"နင်ကဘာလုပ်မလို့တုန်း"

"ဘာမှမလုပ်ပါဘူး..ဒီအတိုင်းသိချင်လို့"

"မရှိဘူး"

မမကခပ်ပြတ်ပြတ်ပဲပြန်ပြော၏။

"သူကstraightလား..."

မမကကိုယ့်ကို အံ့ဩတကြီးမော့ကြည့်လာ၏။
ဆွေးလည်း မနေတတ်စွာ လက်နှစ်ဖက်ကိုအချင်းချင်းပွတ်တိုက်နေမိသည်။

"နင်ကဘာလုပ်မလို့တုန်း"

"ဘာမှမလုပ်ပါဘူး"

"နင် လှိုင်းကိုများ.."

"ဟာ..မဟုတ်ပါဘူး..မမပြောသလိုမဟုတ်ဘူးနော်"

မမစကားမဆုံးသေးခင်ဖြတ်ပြောလိုက်ရ၏။မမဘာစကားပြောမယ်ဆိုတာလည်း ဆွေးခန့်မှန်းမိနေတာကို။

"ဟုတ်လို့လည်းမရဘူးနော်လရိပ်..နင့်ဘာသာ မိန်းကလေးပဲကြိုက်ကြိုက်ယောက်ျားလေးပဲကြိုက်ကြိုက် လှိုင်းကိုတော့ကြိုက်လို့မရဘူး"

'ဘာလို့လဲ'ဆိုပြီးပြန်မေးချင်ပေမဲ့ မမေးလိုက်မိပါ။အဲ့လိုသာ မေးလိုက်ရင် သူ့ကိုကြိုက်နေပါတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားနိုင်သည်။
အဲ့ဒီစကားအစား ထိုသို့သာမေးလိုက်သည်။

"သူက အဲ့လိုတွေလက်မခံဘူးလား"

"အင်း ခါးခါးသီးသီးပဲ"

"ဪ"

"လှိုင်းကို တက္ကသိုလ်ဒုတိယနှစ်မှာ ငါတို့အခန်းထဲကကောင်မလေးက သဘောကျနေတာလေ..လှိုင်းကို သူကဖွင့်ပြောတော့ လှိုင်းဆီကရက်ရက်စက်စက်တုံ့ပြန်မှုရခဲ့တာ"

ရှင့်ကို ချစ်တယ်Where stories live. Discover now