အပိုင်း(၉)

1K 112 7
                                    


ဆွေး အခန်းထဲမှာ ဗီရိုထဲက အဝတ်အစားများကို ကျောပိုးအိတ်ထဲ‌ပြောင်းထည့်လိုက်သည်။ဒီနေ့ မေမေနဲ့မမ မန္တလေးသွားကြမှာဖြစ်လို့ ဆွေးက သူ့အိမ်ကိုခဏသွားနေရမည်။
သူ ဆိုမှ အောက်မှာ သူရောက်နေပြီထင်ရဲ့။သူ့ရဲ့ အသံစာစာလေးကိုကြားနေရပြီ။

တံခါးဖွင့်သံကြားလို့ ဆွေးလှည့်ကြည့်လိုက်တော့မေမေ။ အဝတ်အစားအသစ်များကိုလည်း လဲထားသည်။

"သမီး...သူများအိမ်မှာ မျက်စိနောက်အောင်မနေရဘူးနော်"

"မနေပါဘူး မေမေကလည်း..ဒီလောက်တော့‌
သမီးသိပါတယ်"

မေမေက သူများအိမ်မှာထားခဲ့ရမှာ စိတ်မချကြောင်းအရင်ရက်တွေကလည်းတတွတ်တွတ်ပြောသေးသည်။ မမကတော့ ကိုယ့်ကိုစိတ်မချတဲ့ပုံမပေါ်ပါ။

"အေးပါ သမီးက ဘယ်သူ့အိမ်မှလိုက်မနေဖူးတော့ မေမေတို့ဘယ်စိတ်ချမလဲ"

"အင်းပါ ဘာမှစိတ်ပူမနေနဲ့..ဟိုရောက်ရင်လည်းဖေဖေ့စိတ်မပူဖို့ပြောလိုက်ဦး မေမေ"

"အေးအေး ဒါဆို မေမေလုပ်စရာရှိတာလေးတွေလုပ်လိုက်ဦးမယ်..သမီးလည်းကြာမနေနဲ့တော့ အောက်မှာ သမီးကိုလာခေါ်တဲ့ မမရောက်နေပြီ"

"ဟုတ်ဟုတ် မေမေ...ပြီးပြီရယ်"

ဆွေး ယူစရာပစ္စည်းတွေကို အမြန်ထည့်လိုက်သည်။သူ့ကို အကြားကြီးစောင့်ခိုင်းရရင်အားနာရသည်။ကိုယ်က အကူအညီလည်းယူသေး အိမ်ထိလည်းသူကလာကြိုရသေးသည်။ဒီကြားထဲ ကိုယ်ကပါနောက်ကျနေရင် မကောင်းသေးပါ။

အောက်ကိုဆင်းလာလိုက်တော့ မမနဲ့စကားပြောနေတဲ့သူ့ကိုတွေ့သည်။သူက ဒီနေ့ ဝမ်းဆက်အနီလေးကိုဝတ်ထားသည်။
မမနဲ့စကားပြောရင်းကနေ ကိုယ့်ဘက်ကိုလှည့်လာသဖြင့်သူနဲ့အကြည့်ချင်းဆုံသွားသည်။
အစကတော့ အကြည့်လွှဲလိုက်မလို့ စိတ်ကူးမိသေး၏။သို့သော် အလုပ်မဖြစ်လိုက်ပါ။သူက ကိုယ့်ကို ရေးရေးလေးပြုံးပြလိုက်ခြင်းကြောင့်ဖြစ်၏။သူအပြုံးကဖြင့် အသက်မဝင်လှပါ။
ဆွေးလည်း ဝတ္တရားအရပြန်ပြုံးပြလိုက်ပါသည်။စိတ်ထဲတော့မပါလှပါ။
သူ့ကို ဆွေးစိတ်ခုနေသည်လေ။

ရှင့်ကို ချစ်တယ်Where stories live. Discover now