အပိုင်း(၆)

1K 103 4
                                    

"အို...၂နာရီတောင်ရှိနေပြီပဲ"

"ဟင်...ရှင်နိုးပြီလား"

ဆွေးသူ့မျက်နှာလေးကိုငေးမောကြည့်ရင်းကနေငိုက်စင်းလာသဖြင့် ကြမ်းပြင်ပေါ်ထိုင်ကာ ခုတင်ပေါ်မျက်နှာအပ်ရင်းအိပ်ပျော်သွားခဲ့၏။ အခုကလည်း ဆွေးကအအိပ်ဆက်သူမို့ သူ့အသံကိုကြားကြားချင်းနိုးလာရခြင်းဖြစ်၏။

"ဆွေး..တို့ပြန်မှဖြစ်တော့မယ်ကွယ်"

"ဟင်...ဘာလို့လဲ"

"တို့မေမေစိတ်ပူနေတော့မယ်လေကွယ်"

"ဪ..ဟုတ်သားနော်"

ဆွေးသူ့ပြန်သွားရင်တစ်ယောက်တည်း
ကျန်ခဲ့မဲ့ လစ်ဟာသွားမဲ့ခံစားချက်ကြီးကိုမလိုလားလှပါ။သို့သော်လည်း ရှောင်လွဲမရစွာနဲ့ ထိုခံစားချက်ကြီးကိုခံစားရပေဦးမည်။

"မျက်နှာမကောင်းပါလားကလေး...တို့ကိုမပြန်စေချင်ဘူးလားဟင်"

"ရှင်..မဟုတ်. မဟုတ်ပါဘူး"

ဆွေး သူ့အပြောမှာ မလုံမလဲဖြစ်သွားရသည်။သူကလည်းမေးလည်းမေးတတ်နိုင်လွန်းပါရဲ့လေ။

"ဒါဆို ပြန်စေချင်တာလား"

"ရှင်...အဲ့လိုလည်းမဟုတ်ပါဘူး"

"တို့ကိုမပြန်ဘဲနေစေချင်ရင်တော့ တစ်နည်းပဲရှိရဲ့"

"ဘာလဲဟင်"

သေလိုက်ပါတော့လား။ဘယ်လိုစိတ်နဲ့များထိုစကားထွက်သွားမိပါလိမ့်။အဲ့ဒီစကားဟာ သူ့ကို မပြန်စေချင်ဘူးဆိုတာ အဓိပ္ပာယ်ရောက်သွားတာပဲမဟုတ်လား။ပြောပြီးမှ ရှက်စိတ်ဝင်လာမိ၏။

"ဆွေး"

သူ့မျက်နှာဟာ ချက်ချင်း မချိုမချဉ်မျက်နှာဘေးဖြစ်လာကာ ပြုံးစိစိဖြင့် ဆွေးရဲ့အနားကိုတိုးကပ်လာ၏။ဒီတစ်ခါတော့ ဆွေးနောက်ကိုမဆုတ်လိုက်မိပါ။

"တို့ကိုမပြန်စေချင်ရင် မင်းလုပ်ရမှာ တစ်ခုပဲရှိရဲ့"

"လရိပ်"

အခန်းအပြင်မှမမ၏ခေါ်သံကြောင့် သူဘာဆက်ပြောမလဲ မသိလိုက်ရတော့ပါ။
ဘာဆိုတာအတိအကျမသိပေမဲ့လို့ သေချာပေါက်အနေရခက်စေမဲ့စကားဆိုတာကိုတော့ ခံစားမိပါသည်။

ရှင့်ကို ချစ်တယ်Where stories live. Discover now