အပိုင်း(၂)

1.3K 120 7
                                    

"မမ"

ဆွေးခေါ်လိုက်တော့ စက်ချုပ်နေတဲ့မမကမော့ကြည့်လာ၏။
မမကစက်ချုပ်တဲ့အလုပ်မှာနာမည်တစ်ခုရပြီးသားမို့ ဒီအလုပ်ကသူ့အတွက်တော်တော်ပိုလျှံတဲ့ဝင်ငွေရသည်။ဆွေးကတော့စက်ချုပ်ရတာဝါသနာမပါပေ။မမကသင်ပေးမယ်ပြောပေမဲ့စိတ်မဝင်စားလို့မသင်ခဲ့ပါ။

"မမသူငယ်ချင်းက စကားပြောရ လက်ပေါက်ကပ်လိုက်တာ"

"လှိုင်းကအဲ့လိုပဲ...တစ်ခါတလေဆို သူပြောဆိုပုံနဲ့စိတ်တောင်ဆိုးရတယ်"

မမကဆွေးစကားကို ရယ်မောရင်းတုံ့ပြန်လာသည်။ဆွေးဒီလိုဖြစ်မှာကိုကြိုသိနေသည့်အလားပေါ့။

"တော်ရုံလူဆို မရဘူး လရိပ်ရဲ့"

ဒါတော့ဖြစ်နိုင်သည်။ဒီလောက်လက်ပေါက်ကပ်တဲ့သူမျိုးမမြင်ဖူးပါ။
ဆွေးတောင်မှတစ်ခါထဲတွေ့ဖူးတာ‌လေးကို သူ့ကိုဒေါသထွက်မိသေးတာပဲ။

'ရှင်ကလေ သိပ်ကိုစိတ်ဆိုးချင်စရာကောင်းတာပဲ...သိရဲ့လား'

"ဒါပေမဲ့ လှိုင်း စကားပြောဟန်ကတစ်မျိုး
တော့ချစ်စရာကောင်းပါတယ်"

ဒါတော့ဆွေးလည်းထောက်ခံသည်။
သူ့စကားပြောဟန်လေးကသူများတွေနှင့်မတူတာတော့အမှန်ပါ။မမပြောသလို ချစ်စရာကောင်းတယ်လို့တော့မထင်မိပါ။တစ်ဖက်လူကိုစိတ်လှုပ်ရှားသွားစေတာမျိုးဆိုရင်ပိုမှန်လိမ့်မည်။

"မမက သူနဲ့အသက်တူတူပဲလား"

"လှိုင်းကမမထက်တစ်နှစ်ကြီးတယ်"

မမကဆွေးထက်၆နှစ်တောင်မှကြီးသည်။
သူက မမထက်တစ်နှစ်ကြီးသေးတာဆိုတော့ ဆွေးနဲ့ဆို၇နှစ်ကွာသွားခဲ့၏။ဒါပေမဲ့သူ့ရုပ်ကနုလိုက်တာဆိုတာ  မသိရင် ၂၃ ၊၂၄နှစ်လို့သာထင်ရသည်။

"သူကမမနဲ့မေဂျာတူတူပဲလား"

"မတူပါဘူး...သူ့မေဂျာကစိတ်ပညာဘာသာရပ်လေ"

'ဪ'ဟုသာ စိတ်ထဲတမိ၏။သူပြောခဲ့သလိုတကယ်ပဲစိတ်ဖတ်တတ်တာလား။သူယူခဲ့တဲ့မေဂျာနဲ့ဆိုင်သလား။စိတ်ပညာယူထားတဲ့သူတွေကစိတ်ဖတ်တတ်တာလား။
ဆိုင်တော့မဆိုင်လောက်ဘူးထင်ပါရဲ့။ဆွေးလည်းသေချာတော့မဝေဖန်တတ်ပါ။အဲ့ဒီဘာသာရပ်တွေက ဆွေးစိတ်ဝင်စားတဲ့ ဘာသာရပ်တွေမဟုတ်ခဲ့တာကြောင့်လည်းဖြစ်မည်။

ရှင့်ကို ချစ်တယ်Where stories live. Discover now