အပိုင်း(၁၅)

1.8K 142 12
                                    

"နေတို့တောင်ပြန်လာတော့မယ်နော်...တို့ ဆွေးနဲ့ခွဲရတော့မှာပေါ့နော်"

"ကျွန်မအိမ်ကိုပြန်သွားရုံပဲကို...ရှင် လာတွေ့လည်းရနေတာပဲ"

မသိရင် အပြီးတိုင်ပဲခွဲရတော့မှာလိုလိုနဲ့ တကယ်ပါပဲ။

"လာတွေ့မှာက ဟုတ်ပါတယ်...ဒါပေမဲ့ တို့အိမ်မှာပဲအမြဲထားချင်မိနေတာကို"

သူ့ကိုမျက်စောင်းထိုးလိုက်မိ၏။ သူစကားတတ်တိုင်းလျှောက်ပြောနေတာကို။

"ရှင် ဘာလုပ်တာလဲ"

"နမ်းတာလေ နမ်းတာ"

ပါးကိုသူ့နှုတ်ခမ်းနဲ့ မထိတထိလာလာ‌စနေ၏။

"ဘာလဲ မရဘူးလား"

"ကျွန်မကိုအသားယူဖို့ပဲစဉ်းစားမနေနဲ့နော်...အတည်ယူဖို့လည်းစဉ်းစားဦး"

"ဟုတ်ပါပြီ"

သူကရုတ်တရက် ကားအရှိန်ကိုမြှင့်လိုက်၏။ဆွေး ခပ်ကြောင်ကြောင်ဖြစ်သွားမိသည်။သူ့ကွေ့သွားတဲ့လမ်းက သူ့အိမ်ကိုသွားနေတဲ့လမ်းမဟုတ်တော့။

"ဘာလို့ကားကို အဲ့ဒီလောက်ထိမြန်အောင်မောင်းနေရတာလဲ ရှင်ရဲ့"

"မင်းကိုခိုးပြေးမလို့"

"ဟမ်"

ဆွေး ကြောင်တောင်တောင်ဖြစ်သွားရပြန်သည်။သူ့ပုံစံက နောက်နေတဲ့ပုံလည်းမပေါ်ပါ။

"ရှင် အဲ့ဒီလိုလုပ်လို့မရဘူးလေ"

"ဘာလို့မရတာလဲ"

"ရှင်တကယ်ပြောနေတာလား"

"တကယ်ပေါ့ နောက်နေစရာလား"

ပြောနေပုံကမုန်းချင်စရာကောင်းလိုက်တာ။စိတ်ရှိလက်ရှိသာ ထုရိုက်ပစ်ချင်တော့၏။

"ကျွန်မအသက်ကငယ်သေးတယ်လေ ဘယ်လိုလုပ်ပြီးခိုးပြေးလို့ဖြစ်မှာလဲ"

"မင်း၁၈နှစ်ပြည့်ပြီးပြီပဲ..ဘာကိုကြောက်နေတာလဲ ကလေးရဲ့"

"မရဘူးလေ အဲ့ဒီလိုလုပ်လို့"

"မချစ်ဘူးလား တို့ကို"

"ချစ်တယ်လေ"

"ချစ်ရင်လိုက်ခဲ့"

ရှင့်ကို ချစ်တယ်Onde histórias criam vida. Descubra agora