ကောင်းကင်တစ်ခွင်သည် အလွန်မည်းနက်နေကာ ရွာလမ်းမကြီးသည်လည်း အမှောင်ထုထဲ၌ တိတ်ဆိတ်နေလေသည်။ သူကြီးတို့အိမ်အပေါ်ထက်သည် ဖယောင်းတိုင်မီး၏ဝါကျင့်ကျင့်အရောင်လေးအား အားကိုးနေရသည်။ အောက်ထက်တွင်တော့မည်သူမျှ မရှိသောကြောင့် အလွန်တရာတိတ်ဆိတ်နေလေသည်။
" လင်းလတ်.... မင်းဘယ်ကိုကြည့်နေတာလဲ "
ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိရွာလမ်းမပေါ်သို့ငေးကြည့်နေသော လင်းလတ်အားမနေနိုင်စွာမေးလိုက်သည်။
" ငါလား.... မနက်ကအကြောင်းကိုစဥ်းစားနေတာပါ "
" ဘာအကြောင်းလဲ မင်းနန္ဒအကြောင်းလား "
" မဟုတ်ဘူးဟ ဟို.....ကိုကုလားကြီးဆိုသူသေသွားတဲ့အကြောင်း..."
"အူ......အူ...အူ
" အမလေး!!! "
ရုတ်တရက်ခွေးများထအူသည်ကြောင့် နေခြည်အနည်းငယ်လန့်သွားသည်ထင်။ ဘေးဘီဝဲယာသို့
လှည့်ကြည့်နေသည်။ သေချာခါမှ" လင်းလတ် အဲ့အကြောင်းမပြောပါနဲ့တော့ ငါကြောက်တယ် "
" အေးပါ...ငါမပြောတော့ပါဘူး "
ထို့နောက်ကျွန်တော်တို့နှစ်ရောက်စကားမပြောမိကြပါ။ ခဏအကြာ လေတိုက်သောကြောင့် အေးသည်ဟုဆိုကာ နေခြည်အခန်းထဲသို့ဝင်သွားလေသည်။ ကျွန်တော်ကတော့ မအိပ်ချင်သေးသည်နှင့် မှောင်မိုက်နေသော ရွာလမ်းမကြီးဆီသာ အကြည့်ပို့နေမိသည်။
" ကျွီ...... "
ရုတ်တရက်တံခါးဖွင့်သံကြောင့် ခြံတံခါးမကြီးဆီသို့အကြည့်ပို့မိသည်။ မည်သူမျှမရှိပါ။ အဘယ်ကြောင့် တံခါးပွင့်သွားပါလိမ့်။
" လင်းလတ် မင်းမောင် တို့လာတာလား "
တံခါးဖွင့်သံကြား၍နှင့်တူသည် နေခြည်အခန်းထဲမှထွက်လာသည်။
" မ...မဟုတ်ဘူး...."
" ဒါဖြင့် ဘယ်သူလာတာလဲ "
နေခြည်သည် အထစ်အထစ်အငေါ့ငေါ့ပြောနေသော ကျွန်တော့်အားစိတ်မရှည်ဟန်။ ပြောပြောဆိုဆိုဖြင့် ကျွန်တော့်ဘေးသို့လာကြည့်လေသည်။
ŞİMDİ OKUDUĞUN
မောင် ( သို့မဟုတ် ) နွံတစ်ခု