part 11 (Unicode & Zawgyi )

68 7 1
                                    

သင်းအုတ်ရွာ၏ စာသင်ကျောင်းလေးသည် ကျောင်းအုပ်ဆရာဟူ၍ သီးသန့်မခန့်ထားပါ။ ရွာ ကျောင်းတိုင်ဆရာတော်နှင့် ဝသန်မိုးကသာ လိုအပ်သည်များကို ညွှန်ကြားပေးသည်။ ဝသန်မိုး၏ ညီမဖြစ်သူ ဝသုန်မိုးသည်လည်း လိုအပ်လျှင်စာသင်ကြားပေးသည်ဟုသိရသည်။

ဆရာလေး ဝသန်က ဒုတိယတန်းကိုသင်ကြားသည်။ နေခြည်ကတော့ ပထမတန်းကိုသင်ကြားမည်ဖြစ်သည်။ ကျွန်တော်ကတော့ တတိယတန်းကို တာဝန်ယူလိုက်သည်။ သူငယ်တန်းကိုတော့ ကျွန်တော်တို့ သုံးယောက် အလှည့်ကျအားသည့်အချိန် သင်ရန်ဆုံးဖြတ်လိုက်ကြသည်။

ရွာကျောင်းဖြစ်သည့်အလျောက် ကျောင်းသားဦးရေအလွန်းနည်းလှသည်။ ကျွန်တော်သင်ရသည့် တတိယတန်းတွင် ကျောင်းသား/သူ ၁၀ယောက်ပင်မပြည့်ပေ။ လက်ကလေးများပိုက်ထားသော
ကလေးများမှာ အလွန်ပင်ချစ်စရာကောင်းကြသည်။

တချို့ကျောင်းသားလေးများသည် ကျောင်းစိမ်းဝတ်စုံ အဟောင်းလေးများဝတ်ဆင်လာကြသည်။ တချို့မှာတော့ကျောင်းစိမ်းဝတ်မလာကြပါ။ ပထမဆုံးနေ့ဖြစ်သောကြောင့် ကလေးနာမည်များကိုမှတ်ရမည်ပင် စာစသင်လို့မဖြစ်သေးပေ။

" မင်္ဂလာပါ ကလေးတို့ "

" မင်္ဂလာပါ ဆရာလေး "

ကျွန်တော်နှုတ်ဆက်လိုက်တော့ ပြိုင်တူအသံများဖြင့် အားရစွာ နှုတ်ဆက်ကြလေသည်။ ပထမဦးစွာ မိမိကိုယ်ကို မိတ်ဆက်ရမည်ပင် ပြီးလျှင်တော့ ကျောင်းသားများကို နာမည်နဲ့လူတွဲမှတ်မိရန် roll call ခေါ်ရမည်ပင်။

" ဆရာနာမည်က လင်းလတ်ရောင်တဲ့ မှတ်ထားကြမယ်နော် "

ကျွန်တော်နာမည်ပြောလိုက်တော့ ကလေးထဲမှ မိန်းကလေးတစ်ယောက်က လက်ထောင်သည်။

" ဆရာ လင်းလတ်ရောင်ဆိုတာ
ဘာအရောင်လဲဟင် "

ကလေးမလေးအမေးကို ကျွန်တော်ကိုယ်တိုင်ဘယ်လိုရှင်းပြရမှန်းမသိဖြစ်သွားခဲ့သည်။ ထိုချိန်မှာပင် ယောက်ကျားလေးတစ်ယောက်က ထပြောလာသည်။

" လင်းလတ်ရောင်ပါဆို မှောင်တဲ့အရောင်မဟုတ်လို့ပေါ့ "

ထိုကလေးပြောသည်ကိုကျန်တဲ့ကလေးများက တဝါးဝါးရယ်ကြသည်။

မောင် ( သို့မဟုတ် ) နွံတစ်ခုTempat cerita menjadi hidup. Temukan sekarang