Intro (Unicode & Zawgyi )

295 14 0
                                    

နွံ

မကျွံသင့်သော နွံအိုင်တစ်ခု သို့သော် ကျွန်တော့်
ခြေဖဝါးများသည် ထိုနွံအိုင်ထဲသို့ နစ်ဝင်နေခဲ့သည်။

ဘယ်အချိန်မှစ၍ နစ်ဝင်နေသည်ကိုတော့ ကျွန်တော်မသိပါ။

ကျွန်တော် သိလိုက်ချိန်တွင် ကျွန်တော်ကိုယ်တိုင်သည် ထိုနွံအိုင်ထဲသို့ နစ်ဝင်နေခြင်းအား ပျော်ရွှင်နေခဲ့သည်။

မောင် ဆိုသည့်ထိုနွံထဲမှ ကျွန်တော်ရုန်းမထွက်နိုင်ခဲ့။
မဟုတ်ဘူး ကျွန်တော်ကိုယ်တိုင် ရုန်းထွက်ဖို့မကြိုးစားခဲ့ခြင်းသာ။

မသိမသာ ကျွံဝင်မိသောနွံတစ်ခုတွင် သိသိသာသာပင် မောင် ဟုခေါ်သောထိုနွံထဲသို့ ကျွန်တော်ဟာ
အနက်ရှိုင်းဆုံးအထိ နစ်ဝင်ခဲ့မိသည်။

......................

ညို့မှိုင်းသောကောင်ကင်ပြင်ထက်မှ မိုးမင်းကြီးသည် မည်သည့်အညိုးများကြောင့် သဲကြီးမဲကြီးရွာချစေသနည်း။ ကတ္တရာလမ်းပေါ်သို့ ခုန်ပေါက်ကျဆင်းနေသော မိုးရေစက်များနှင့်အတူ လေပြေအေးလေးလဲတိုက်ခတ်နေသည်။

မြည်းဖြောင့်ကဲ့သို့ ဖြူးဖြောင့်နေသောကတ္တရာလမ်းမကြီးမှာ မိုးရွာနေသောကြောင့် စိုစွတ်နေသည်။ မိုးများသဲကြီးမဲကြီးရွာသွန်းနေသော်လည်း ကားများ ဆိုင်ကယ်များမှာ တဝီဝီ နှင့် လိုရာခရီးသို့ မောင်းနှင်နေကြသည်။

မိုးရွာနေသောပတ်ဝန်းကျင်အား ကျွန်တော်အတန်ကြာအောင်ကြည့်နေမိသည်။ အမြင်အာရုံထဲဝင်လာသည်မှာ ကားများ ဆိုင်ကယ်များ ကွေ့ရှောင်သွားသော နွံအိုင်တစ်ခု။

မဖြစ်နိုင်ပါ ပေတံသဖွယ် ဖြောင့်စင်းနေသော ကတ္တရာလမ်းမကြီးအလယ်တွင် နွံအိုင်တစ်ခုရှိနေသည်။
နွံအိုင်ထဲမှ တစ်စုံတစ်ရာသည် ကျွန်တော့်အား လာခဲ့ဖို့ ဖိတ်ခေါ်နေဟန်။

ကျွန်တော်သတိမထားမိလိုက်ပါဘဲ လက်ထဲသို့ရောက်ရှိလာသော ခေါက်ထီးအဝါရောင်လေး။
ထီးလေးအားဖွင့်လိုက်ပြီး မိုးရွာနေသော ကတ္တရာလမ်းပေါ်သို့ ခြေးလှမ်းများစလှမ်းခဲ့ပြီ။

နောက်ဆုတ်မရသော ခြေလှမ်းများဖြင့် စိုစွတ်ဖြောင့်ဖြူးနေသောလမ်းမကြီးထက်ရောက်ရှိခဲ့သည်။
ထိုလမ်းမကြီးအထက်မှနေ၍ ညိုနစ်နစ် နွံအိုင်အား ငုံ့ကြည့်မိသည်။

မောင် ( သို့မဟုတ် ) နွံတစ်ခုWo Geschichten leben. Entdecke jetzt