part 6 (Unicode & Zawgyi )

85 11 0
                                    

နွေရာသီကျောင်းပိတ်ရက်များသည် အလွန်ပျင်းစရာကောင်းသကဲ့သို့ အလွန်လည်းပူပြင်းသည်ပင်။
ကျွန်တော်တို့မန္တလေးသည် မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်သဖြင့် ထိုသို့ပူပြင်းခြောက်သွေ့သည့် နွေရာသီမျိုးတွင် မီးလောင်တက်လေသည်။ ထို့ကြောင့်ရပ်ကွက်အတွင်းရှိ အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်များ ထားရှိကြသည်ပင်။

" မင်းနန္ဒ မနက်ဖြန်ရပ်ကွက်လူကြီးတွေက မီးဘေးကာကွယ်ရေးပစ္စည်းတွေလိုက်စစ်မှာလို့ငါကြားတယ် "

" သူတို့လိုက်စစ်တာငါက ဘာလုပ်ရမှာလဲ "

" မင်းတို့အိမ်မှာ ဘာမှမရှိဘူးလေ အဲ့တာမနက်ဖြန်ကြ ရပ်ကွက်လူကြီးတွေမလာခင် ပြင်ဆင်ထားဖို့ပြောတာ "

" အေးပါကွာ ငါမနက်ကြလုပ်လိုက်မယ် "

ည၉နာရီ အချိန် တိတ်စိတ်အေးချမ်းသော ပတ်ဝန်းလေးကို ဖျက်စီးလိုက်သည်မှာ ဆီပိုင်းကွဲသံကဲ့သို့
" အုန်း " ဆိုသည့်အသံကြီးတစ်ခုပင်။ ထိုအသံကြောင့် အိမ်ထဲရှိလူကြီးများနှင့်ကလေးများပါမကျန် အိမ်အပြင်သို့ထွက်ကြည့်ကြလေသည်။

မှောင်မိုက်သောကောင်းကင်ပြင်အထက် မီးခိုးငွေ့များလှိုင်လှိုင်ထနေလေသည်။ တချက်တချက် ထိုးထွက်လာသော မီးတောက်ကြီးများမှာ ကောင်းကင်တစ်ခုလုံး နီရဲနေပြီး နံနက်ခင်းနေအလင်းရောင်အလား တောက်ပနေတော့သည်။

" မီးဗျို့......မီး...မီး....မီး...မရွေးစက်ရုံကြီးမီးလောင်နေပြီ....မီးဗျို့ "

အသားမဲမဲ ခပ်ဝဝလူကြီးတစ်ယောက် တစ်ကိုယ်လုံးလဲချွေးများပြည့်၍ အသံနက်ကြီးအော်ကာ ပြေးလာသည်။ ထိုအခါမှ ကျွန်တော်တို့လမ်းကြားရှိ လူများသည် သတိပြန်ဝင်လာဟန် အကုန်ပျာယာခပ်ကာ အလျှိုလျှို အိမ်ထဲသို့ဝင်ကုန်ကြသည်။

မီးသတ်ဥဩ သံများကြောင့် ကလေးများမှာလည်း ငိုသူကငို၊ လူကြီးများမှာလည်း အရေးကြီးသည့် ပစ္စည်းများသိမ်းကြသည်နှင့် ကျွန်တော်တို့ရပ်ကွက်လေးသည် တစ်ခဏချင်း ဆူညံ့သံများပြည့်နှက်သွားတော့သည်။

မောင် ( သို့မဟုတ် ) နွံတစ်ခုWhere stories live. Discover now