ပုဇွန်ဆီရောင်ကောင်းကင်ကြီးအောက် လောကတစ်ခွင် အနီရောင်များသန်းနေသည်။ အနောက်ရပ်များဆီသို့ ငှက်ကလေးများအိပ်တန်းတက်ရန် ပျံသန်းနေကြသည်။ ကျောင်းကွင်းထဲတွင် ကျောင်းသားအနည်းငယ်သာရှိတော့သည်။
ကျောင်းအခန်းတံခါးများအားလုံးပိတ်ကာ ကျောင်း၏အနောက်ဘက်ရှိ ဘောလုံးကွင်းဆီသို့ ခြေဦးလှည့်လိုက်သည်။ အနည်းငယ်လမ်းလျှောက်ပြီးသော် လေများတဖြူးဖြူးတိုက်ခတ်နေသော ဘောလုံးကွင်ဘေးသို့ရောက်၍ တစ်ယောက်သောသူအားရှာဖွေမိသည်။
ဟော တွေ့ပါပြီကျွန်တော်ရှာနေသောသူ။ ကျောင်းစိမ်းအင်္ကျီအဖြူနှင့် ဘောလုံးဘောင်းဘီအဝါလေး
နှင့် ဘောလုံးကန်နေသောသူ။ ကျောင်းအင်္ကျီအဖြူလေးမှာလဲ အနည်းငယ်ညစ်ပတ်နေသည်ထင်။ကျွန်တော်သူ့ကိုကြည့်နေချိန် သူကျွန်တော့်ကိုတွေ့သွားပုံရသည်။ " ခနစောင့်အုန်း " ဟုသဘောဖြင့် ညာလက်ဖဝါးမြှောက်ပြလိုက်သည်ကို ကျွန်တော်တွေ့လိုက်သည်။
အချိန်အနည်းငယ်အကြာ ဘောလုံးကန်တာပြီးသွားလေပြီ ကျွန်တော်ရှိရာသို့ တည့်တည့်မတ်မတ်လျှောက်လာသူ။ ကျွန်တော့်အရှေ့တွင် ခြေပြစ်လက်ပြစ်ဝင်ထိုင်ရင်း စကားစသည်။
" မင်းရောက်နေတာကြာပြီလား "
" မကြာသေးပါဘူး "
ဘောလုံးဘောင်းဘီတိုနှင့် မြင်နေကြဖြစ်သော်လည်း ဘောင်းဘီအောက် ပေါင်ပေါ်ရှိ သွေးကြောစိမ်းစိမ်းလေးများကိုတော့ ကျွန်တော်အခုထိစေ့စေ့မကြည့်ရဲပါ။
" လှမ်းတော့မခေါ်လိုက်ဘူးကွာ ဘောလုံးကန်နေတာနဲ့ငါမင်းကိုသတိမထားမိလိုက်ဘူး "
ပြောပြောဆိုနှင့် ကျောင်းစိမ်းပုဆိုးကို ကောက်ယူပြီးဖရိုဖရဲဝတ်လိုက်သည်။ လွယ်အိတ်ကိုတော့သူကောက်မယူပါ သွားမယ်လေဟူသောအကြည့်ဖြင့် ကျွန်တော့်အားကြည့်နေသည်။ ဟုတ်ပါသည် ကျွန်တော့်၏ နေ့စဥ်တာဝန်ဖြစ်သည့် သူ့လွတ်အိတ်အား ကျွန်တော်ယူခဲ့ရမည်ပင်။
နံနက်ခင်းတိုင်းမောင်နှမသုံးယောက်လာကြသည်။ ညနေပိုင်းတွင်တော့ ကျွန်တော်တို့ ၂ယောက်ကကျူရှင်ရှိသည်ကြောင့် ညီမလေးကိုအမေကလာကြိုလေ့ရှိသည်။
YOU ARE READING
မောင် ( သို့မဟုတ် ) နွံတစ်ခု