* ၇ နှစ်ခန့်ကြာပြီးနောက် *
မန္တလေးတိုင်းထဲက ဧရာဝတီမြစ်ဘေးနှုတ်ခမ်းရှိ
" သင်းအုတ် " ဆိုတဲ့ရွာငယ်လေးမှာ တာဝန်ကျသောစာကျ လာသည့်အချိန်ကစ၍ ကျွန်တော်ရင်ခုန်နေမိသည်။ တက္ကသိုလ်ကသူငယ်ချင်းတစ်ယောက်နှင့် အတူသွားရမည်ကြောင့် အနည်းငယ်တော့ စိတ်သက်သာယာရပါသည်လေ။နေ့လယ်စာစား၍ ကားစီးရသည်ကြောင့် ကျွန်တော့်ဘေးမှ ကားမူးတတ်သည့် လင်းထက်နေခြည် တစ်ယောက် အိပ်နေပြီဖြစ်သည်။ ကျောင်းဆရာ ပထမဆုံးဘဝ သင်းအုတ်ဆိုတဲ့ရွာငယ်လေးမှာလုပ်ရမည်ကြောင့် ကျွန်တော်စိတ်လှုပ်ရှားနေမိသည်။
" ငါ့သားရွာမှာမနေဖူးဘူးမဟုတ်လား အခုရွာသွားနေရတော့မယ်ဆိုတော့ ရွာအတွေ့အကြုံ၊ ရွာဓလေ့လေးတွေသိရတာပေါ့သားရဲ့ "
မေမေနဲ့ အဘရဲ့အားပေးစကားများကိုပြန်လည်ကြားယောင်နေမိသည်။ ညီမလေးသည်လည်း အဘနဲ့အမေတို့နှင့်အတူနေခဲ့မည်ဖြစ်၍ ကျွန်တော်အနည်းငယ် စိတ်အေးရပါသည်။ ညီမလေးကတော့ အချိန်ရရင်ရသလို အိမ်ပြန်လာဖို့ကိုသာမှာသည်။
အတွေးများနေချိန် ကားရပ်ပြီဖြစ်၍ ဘေးမှအိပ်နေသောသူအားအရင်နှိုးရသည်။
" နေခြည် ....နေခြည် ထတော့ရောက်ပြီဟ တစ်လမ်းလုံးလဲအိပ်လာတာ အခုထိမူးနေတုန်းလား "
" ဟင် ရွာရောက်ပြီလား မြန်လိုက်တာ "
" ဘယ်ကသာမြန်ရမာလဲ နေ့တစ်ဝက်လုံးကားစီးလာရတာကို လာလာ စကားနောက်မှပြော ကားပေါ်ကအထုတ်တွေချတော့ "
ကျွန်တော်တို့ကားကြီးကွင်းရောက်တော့ ညနေ၄ရီကျော်နေပြီသည်။ အနောက်ဘက်မှပုဇွန်ဆီရောင်နေမင်းကြီးသည် လောကတစ်ခွင်အလှဆင်နေသည်။ ကားပေါ်မှအထုတ်များအားလုံးချပြီးချိန် ဆိုက်ကားငှားရန်လိုက်ရှာရပြန်သည်။
" လင်းလတ် မင်းပြောတော့ရွာရောက်ပြီဆို ဘယ်မလဲရွာက "
" ငါရွာရောက်ပြီလို့မပြောမိပါဘူး ရောက်ပြီလို့ဘဲပြောတာ ငါတို့ဆိုက်ကားစီးရအုန်းမာ "
အထုတ်များကို လင်းထက်နေခြည်အားကြည့်ခိုင်းခဲ့ကာ ကားကြီးကွင်းအပြင်ညောင်ပင်ကြီးအောက်ရှိ ဆိုက်ကားတန်းကိုသွားရသည်။ ညနေချိန်ဖြစ်၍ ဆိုက်ကား အနည်းငယ်သာရှိတော့သည်ပင်။ ထိုအထဲမှနှစ်စီးငှား၍ သင်းအုပ်ရွာသို့ဦးတည်ခဲ့ရသည်။
YOU ARE READING
မောင် ( သို့မဟုတ် ) နွံတစ်ခု