part 13 (Unicode & Zawgyi )

75 6 0
                                    

ကျောင်းပိတ်ရက်...

သည်ကနေ့ ဝသန်မိုးက ကျွန်တော့်ကို လယ်ကွင်းတွေဆီနှင့် မြစ်ကမ်းစပ်ဘက် လိုက်ပြမည်ဟုပြောထားသည်။ လင်းထက်နေခြည်ကတော့ နေပူမည်ကြောင့်မလိုက်ချင်။ ထို့ကြောင့် ကျွန်တော်နှင့် ဝသန် နှစ်ယောက်ထဲထွက်ခဲ့ကြသည်။

" ဝသန် ရွာမှာ စျေးမတွေ့မိဘူးနော် "

" ဟုတ်တယ်ဗျ ကျုပ်တို့ရွာမှာကစျေးမရှိဘူး လိုအပ်တာရှိရင် တာရိုးဘက်ကိုသွားတဲ့သူတွေကိုမှာလိုက်ရတာ "

"......."

" ဟင်းချက်စရာအတွက်ကတော့ ရွာပြင်မှာ လယ်ယာ စိုက်ခင်းတွေရှိတယ်လေ အဲ့ကရကြတာဗျ အခုတောင်ဆရာလေးကို မင်းနန္ဒတို့လယ်ထဲကိုလိုက်ပြပေးမယ် "

ဟုတ်ပါသည် ငရုတ်၊ ဖရုံ၊ ဘူး၊ ခရမ်းချဥ်သီး စသည်တို့ကိုရွာရှိ လယ်ကွင်းတွေထဲမှရနိုင်လေသည်။ စပါးစိုက်ခင်းများရှိသောကြောင့် ဆန်လဲမရှားပေ။ ဧရာဝတီမြစ်နှင့်နီးသောကြောင့် အသားမပါမှာလဲမပူရပေ။

" နှစ်ယောက်ထဲရှိတာဘဲဗျာ ဆရာလေးတွေဘာတွေလုပ်မနေပါနဲ့ ရင်းရင်းနှီးနှီးခေါ်ပါဗျာ "

" ဒါဆိုလဲ လင်းလတ် လို့ခေါ်ပါ့မယ် "

ရွာလယ်လမ်းမကြီးအကျော် တစ်အိမ်တည်းထီးထီးကြီးရှိနေသော မင်းနန္ဒတို့အိမ်အားတွေ့ရသည်။ ထို့နောက် ရွာအဝင်လမ်းသို့ရောက်ခဲ့ကြသည်။

ရွှေဝါရောင်စပါးခင်းများ၊ လယ်ကွင်းယာကွင်းများ၊စပါးကွင်းထဲ၌ စပါးရိတ်နေသော လူများကိုလည်းလှမ်းမြင်နေရသည်ပင်။ ထိုသို့စပါးခင်းအကျယ်ကြီးများကို လင်းလတ်ရောင်မမြင်ဖူးပါ။ မန္တလေးမြို့မှာ စပါးခင်းတွေမြင်ရဖို့ အလွန်ခက်ခဲသည်လေ။ မြို့အပြင် အတော်အလှမ်းဝေးတဲ့နေရာများတွင်သာ မြင်ရတတ်သည်။

" ကျုပ် လင်းလတ်ကို မင်းနန္ဒတို့လယ်ထဲခေါ်သွားပေးမယ် "

ထိုသို့ပြောကာ လယ်ကွက်တွေထဲသို့ဦးဆောင်ခေါ်သွားသောသူကြောင့် အနောက်မှလိုက်ခဲ့ရသည်ပင်။စပါးခင်းတွေထဲ ဖြတ်သွားသော ဝသန်အနောက်ကို မနည်းမှီအောင်လိုက်ရသည်။

မောင် ( သို့မဟုတ် ) နွံတစ်ခုDove le storie prendono vita. Scoprilo ora