Arc 1- ချစ်မိနေပြီလား ?( chapter - 15 )

Start from the beginning
                                    

နေ့လည်ခင်းတွင် ဟော်ဟန်နှင့် ရှန်းဝမ်တို့ ရင်အဆောက်အအုံအနီးတွင် တွေ့ဆုံကြပြီး သူမ သူ့ကို USB ပေးခဲ့သည်။
ရင်က ဟော်ကို ရှုံးနိမ့်ရန် အချိန်သိပ်ကြာမည်မဟုတ်ပေ။
ဟော်သည် ရင်ထံမှ အရောင်းအဝယ် သဘောတူညီချက်နှစ်ခုကို လုယူနိုင်ခဲ့သည်။
ဟော်ဘက်မှ ရေးဆွဲခဲ့သောအစီအစဥ်သည် တိုက်ဆိုင်စွာ ရင်နှင့်ဆင်တူနေခဲ့သည်။
ရင်ကုမ္ပဏီမှာ သူလျှိုရှိတယ်လို့ လူတိုင်းယူဆခဲ့ကြသည်။
နောက်ပရောဂျက်က အရမ်းအရေးကြီးသည်။
အကယ်၍ သူလျှိုတစ်ဦး အမှန်တကယ်ရှိပြီး တစ်ခြားကုမ္ပဏီသို့ အချက်အလက်များပေါက်ကြားစေခဲ့ပါက ရင်မိသားစုသည် ဆုံးရှုံးမှုကြီးကြီးမားမားခံစားရမည်ဖြစ်သည်။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အတွင်းသူလျှိုကို ဖော်ထုတ်ရမည်။

ထိုအချိန်တွင် ရင်မေချောင်၏အတွင်းရေးမှူးက မတ်တပ်ထရပ်ကာ လူတိုင်းရှေ့တွင် ရှန်းဝမ်ကိုလက်ညှိုးထိုးပြီး
" ဟော်ဟန်ကို အချက်အလက်တွေပေါက်ကြားစေတာ ရှန်းဝမ်ပဲ "
ရှန်းဝမ်အံ့သြသွားသည်။ ဟော်ဟန်က တကယ့်ကိုမလွယ်ပေ။
ရှောင်မေ၏ အတွင်းရေးမှူးကိုပင် သူလာဘ်ထိုးနိုင်ခဲ့သည်။
ရှောင်မေ သူမကိုဘယ်လောက်ချစ်ချစ်၊ အချက်လက်တွေကိုသူမ တကယ်ခိုးယူခဲ့ပါက ရှောင်မေကို အမှန်တကယ် ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သည်။

အချက်အလက်တွေရပြီးသည့်နောက် ဟော်ဟန်စိုးရိမ်နေဆဲဖြစ်ကာ သူ ရှောင်မေကို စိတ်ပိုင်းဆိုင်ရာအရလည်းအနိုင်ယူချင်ခဲ့သည်။

ဒီမြေခွေးကောင်က အရမ်းမုန်းဖို့ကောင်းတယ်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ရှောင်မေလေးက အလွန်ဥာဏ်ကောင်းပြီး ဒါတွေကို ကြိုတွက်ထားခဲ့သည်။

" ကျ…ကျွန်မလား "
ရှန်းဝမ် သူမကိုယ်သူမ လက်ညှိုးထိုးပြကာမေးလိုက်သည်။
" ရှင့်မှာ သက်သေရှိလို့လား "
" ကျွန်မမှာ သက်သေရှိတယ်၊ ကျွန်မဖုန်းထဲက ဓာတ်ပုံ‌တွေက သက်သေပဲ။ "
အတွင်းရေးမှူးက ရှန်းဝမ်နှင့် ဟော်ဟန် နှစ်ကြိမ်တွေ့ဆုံခဲ့ကြောင်း ပြောခဲ့သည်။
ရှန်းဝမ်၏ဓာတ်ပုံတွေဟာ လူအများကြားချပြခြင်းခံခဲ့ရသည်။
ဓာတ်ပုံထဲမှာ သူမတို့နှစ်ယောက်ဟာတီးတိုးပြောနေကြပြီးအလွန်ရင်းနှီးကြပုံရသည်။
ပြီးတော့ သူမ USB ပေးနေသည့်ပုံကို သူတို့ ရှင်းရှင်းလင်းလင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။
ရင်မိသားစု၏ အဖွဲ့ဝင်များသည် ရင်မေချောင်ကို တယောက်ပြီးတယောက် ကြည့်နေကြသည်။
သူတို့ ရှန်းဝမ်ကို စိတ်ပျက်သွားခဲ့ကြသည်။
ဥက္ကဌရင်က သူမအပေါ် အရမ်းကောင်းတာတောင်မှ သူမ တကယ်ပဲ ဥက္ကဌရင်ကိုသစ္စာဖောက်ခဲ့တယ်။

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now