Arc 1- ချစ်မိနေပြီလား ? ချစ်မိနေပြီလား ?( chapter - 10 )

351 52 2
                                    

zawgyi
-----------
ရင်မေချောင် မနက်စာပြင်ပြီး ဧည့်ခန်းထဲဝင်လာသည့်အခါ ဆိုဖာကိုမှီကာအိပ်ပြောနေသော ရှန်းဝမ်ကိုတွေ့လိုက်ရသည်။
သူမလေးသည် ပန်းနုရောင်ရေချိုးတဘက်လေးကိုပတ်ထားကာ နီမြန်းနေသောသူမ၏ပါးလေးကအရောင်လွင့်မသွားသေးပေ။
ဒါပေမဲ့ ပေါ်နေသည့် သူမလေး၏ပါးလွှာသောပုခုံးအရိုးများက ရင်မေချောင်၏ အိမ်ထောင်ကျခါစ ပျော်ရွှင်မှုကိုမှိန်ဖျော့သွားစေခဲ့သည်။
ရှန်းဝမ်ရှေ့မှာ သူမရပ်ကာ ရှန်းဝမ်၏နှုတ်ခမ်းလေးကိုနမ်းလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
" ထတော့ ၊ မနက်စာပြီးမှပြန်အိပ်လေကွာ နော် "
" မင်း မထရင် ကိုယ်မင်းကိုထလာအောင်နှိုးမှာနော် "
ရှန်းဝမ် မျက်လုံးဖွင့်လာတာကို ရင်မေချောင်မြင်လေသည်။ သူမပြုံးကာ ရှန်းဝမ်ကိုယ်ပေါ်မှာပတ်ထားသည့်တဘက်ကိုထိလိုက်ရင်း ပြောလိုက်သည်။
" သြားၿပီး အက်ႌလဲလိုက္အံုး "
  " အွန်း "
ရှန်းဝမ် ထကာ အင်္ကျီလဲဖို့သူမအခန်းဆီသွားလိုက်သည်။ ဒါပေမဲ့ သူမ ခြေနှစ်လှမ်းလောက်သာ သွားရသေးရုံရှိသေး ရင်မေချောင် သူမနောက်လိုက်လာကာ သူမလက်ကိုဆုပ်ကိုင်လာလေသည်။
" ကိုယ်မင်းကိုကူပေးမယ် "
ရှန်းဝမ် : ကောင်းတယ် ရှောင်မေ၊ သွားကြရအောင်။ ငါ့မိန်းမက အရမ်းသဘောကောင်းပြီး စိတ်အားထက်သန်နေတာ၊ သူမစိတ်ပျက်အောင် ဘယ်လိုလုပ်ပြီးငါလုပ်ရက်မှာလဲ။
188 : ရှက်မနေစမ်းပါနဲ့၊ အပြင်မျက်နှာပေါ်မှာ မင်း မလုပ်ချင်သလိုမျိုး သရုပ်ဆောင်နိုင်တာဘဲလေ။ ( အထာနပ်သွားသော 188 ။ 😂😂 )
ရင်မေချောင် ရှန်းဝမ်နှင့်အတူအခန်းထဲဝင်သွားခဲ့သည်။ 188၏မြင်ကွင်းသည်လည်း ချက်ချင်းပိတ်ပင်ခံလိုက်ရလေသည်။
သူ ထောင့်မှာဒေါသတကြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ ကြမ်းပြင်ပေါ်မှာ စက်ဝိုင်းတွေဆွဲနေလိုက်သည်။ ( စက်ဝိုင်းဆွဲတယ်ဆိုတာ ကျိန်စာတိုက်တဲ့သဘောမျိုးပါ၊ 188 က ရှန်းဝမ်ကိုကျိန်စာတိုက်နေတာထင်တယ် ။ 😂 )
သူ နာရီကိုကြည့်နေလိုက်သည် ။
တစ်မိနစ် ၊ နှစ်မိနစ် ၊ သုံးမိနစ် ..... ဆယ်မိနစ်ရှိနေပြီ။
အင်္ကျီလေးလဲတာ ဆယ်မိနစ်တောင်ကြာလို့လားဟ ။
ဆယ့်ငါးမိနစ်ကြာပြီးနောက် အခန်းတံခါးပွင့်လာပြီး ပိတ်ပင်ထားသောအကာအကွယ်သည်လည်းပျောက်ကွယ်သွားလေသည်။
သူမတို့နှစ်ယောက်၏နှုတ်ခမ်းတွေဟာ နီရဲနေလေသည်။ ဒီအမျိုးသမီးနှစ်ယောက်ဟာ ဆယ့်ငါးမိနစ်ကြာသည့်အထိ အခန်းထဲမှာ ဖော်ပြလို့မရနိုင်သောအရာတွေလုပ်ခဲ့မှန်း သူသိလေသည်။ သက်သေကအရမ်းထင်ရှားနေသည်။
    သူမတို့နှစ်ယောက် ထမင်းစားပွဲမှာထိုင်လိုက်ကြသည်။ ရင်မေချောင်သည် ရှန်းဝမ်ထံမှ အကြည့်မခွာသွားပေ။
နောက်ဆုံးတော့ သူမနှစ်သက်သည့်မိန်းကလေးနှင့် သူမလက်ထပ်ခွင့်ရခဲ့ပြီး သူမတို့နှစ်ယောက်ဟာ တရားဝင်လက်ထပ်ထားခဲ့ပြီဖြစ်သည်။
သူမတို့မှာ အတူရှိနိုင်မည့်အချိန်တွေသာ ပိုရှိနေအုံးမယ်ဆိုရင် တကယ်ကောင်းမှာ။
" ရှောင်မေ ကျွန်မကိုဘာဖြစ်လို့ကြည့်နေတာလဲဟင် "
ရင်မေချောင် လက်ဖြင့်မေးထောက်လိုက်ပြီး သူမ၏မျက်နှာသည် အနည်းငယ်ဆွဲမက်ဖွယ်ကောင်းနေခဲ့သည်။
" ကိုယ် မင်းကိုကြိုက်လို့လေ၊ မင်းကိုကြည့်မိတာနဲ့ ကိုယ်အကြည့်ကို မင်းဆီကနေ မရွေ့နိုင်တော့ဘူး၊ ဒီပန်းကန်ထဲက အစားအစာတွေထက် မင်းကပိုအရသာရှိတယ် ၊ မင်းကို ကြည့်မိတဲ့အခါ ကိုယ်စားချင်လာတယ် "
ရှန်းဝမ် ရူးမတက်ပျော်နေမိသည်။
ငါ့မိန်းမရဲ့အချစ်က ငါ့ကိုတကယ်စိတ်လှုပ်ရှားစေတယ်၊ ဇာတ်ကောင်ရဲ့စရိုက်ကိုထိန်းထားရတာကြောင့်သာမဟုတ်ရင် ငါ ရှောင်မေကိုတွန်းလှဲပစ်လိုက်မှာ။
သူမ အစားအစာဆီခေါင်းငုံထားလိုက်ကာ
" စကားလှလှလေးတွေပြောရုံနဲ့ ရှင်က ယုတ်မာတဲ့မိန်းမဆိုတဲ့အချက်ကိုပြောင်းလဲနိုင်မယ်မထင်နဲ့ "
ရင်မေချောင်၏နှုတ်ခမ်းတစ်စုံဟာ ကွေးညွတ်သွားပြီး သူမ၏မျက်လုံးတွေသည်လည်း အချစ်တွေဖြင့်ပြည့်နေလေသည်။
အစားအစာတွေကို တစ်လုတ်ပြီးတစ်လုတ်စားနေပေမဲ့ သူမ၏အကြည့်ကတော့ ရှန်းဝမ်ထံမှမခွာသွားပေ။
သူမ ဒီမိန်းကလေးကို တကယ်ချစ်မြတ်နိုးသည်။
ရင်မေချောင်၏ပူလောင်နေသောအကြည့်ကို ရှန်းဝမ်ခံစားမိတာကြောင့် သူမခေါင်းမော့လိုက်သည်။ အချစ်တွေပြည့်နေသောရင်မေချောင်၏မျက်ဝန်းတွေနှင့် ဆုံတွေ့မိသည့်အခါ သူမ ခဏတာမျှကြောင်သွားမိသည်။
ဒီလို သိသာသောချစ်ခြင်းတွေနှင့် သူမရင်ဆိုင်ရသည့်အခါ ဖြည်းဖြည်းချင်းအရည်ပျော်လာသည့်သူမနှလုံးသားကို သူမ မထိန်းချုပ်နိုင်တော့ပေ။
သူမ ရင်မေချောင်အပေါ်မှာ ထူးခြားသည့်ခံစားချက်ရှိလေသည်။
alarmသာမြည်မလာခဲ့ဘူးဆိုရင် သူမရဲ့အစီအစဉ်အောင်မြင်သွားတာဖြစ်ပြီး သူမ ဒီကမ္ဘာထဲကနေဆွဲထုတ်ခံရတော့မည်မဟုတ်ပေ။
ဒါဆို ဒီဘဝမှာတော့ ရှောင်မေဆီသူမအချစ်တွေကို ဝန်ခံလိုမရတာကလွဲရင် သူမနှလုံးသားတစ်ခုလုံးဖြင့် ရှောင်မေကိုချစ်နိုင်ပြီး ရှောင်မေဘဝအဆုံးသတ်ချိန်အထိ သူမအဖော်ပြုပေးနိုင်မှာဖြစ်သည်။
စာဖက်သူတွေ၏အမြင်ကိုသူမ ယုံလေသည်။ သူမနှင့် ရှောင်မေတို့ကြားက စစ်မှန်တဲ့ချစ်ခြင်းကို သူတို့သေချာပေါက် အသိအမှတ်ပြုပြီး သဘောကျကြလိမ့်မည်။
" ထပ်မစားနိုင်တော့လို့လား ၊ မင်းဘာတွေစဉ်းစားနေတာလဲ "
ရင်မေချောင် ရှန်းဝမ်ဘေးဝင်ထိုင်လိုက်ကာ စိုးရိမ်နေသောအမူအရာဖြင့် ရှန်းဝမ်လက်ကိုဆုပ်ကိုင်လိုက်သည်။
" မင်းက အရမ်းပိန်တယ် ၊ ဘယ်လိုမှမစားနိုင်တော့ဘူးလား "
" ကျွန်မ စားနေပါတယ် ၊ အာ "
ရှန်းဝမ်သတိပြန်ဝင်လာကာ ပါးစပ်အပြည့်မြန်မြန်စားလိုက်သည်။ သို့သော်လည်း ယခု သူမမှာမည်သည့်အစာစားချင်စိတ်မှရှိမနေခဲ့ပေ။ ကင်ဆာဆဲလ်တွေသည် အခုထိ မပျောက်ကွယ်သွားသေးပေ ။
အနည်းငယ်စားပြီးနောက်မှာတော့ သူမ၏အစာအိမ်နာလာခဲ့သည်။ ရှန်းဝမ်မျက်နှာ မူမမှန်တာတွေ့တော့ ရင်မေချောင် လျှင်မြန်စွာအမှိုက်ပုံးယူလာပေးသည်။ ရှန်းဝမ် စားထားသမျှပြန်အန်ထွက်လာသည်။
ရှန်းဝမ် အရမ်းနေရခက်နေတာတွေ့တော့ ရင်မေချောင်မျက်လုံးတွေနီလာခဲ့လေသည်။ သူမ ရှန်းဝမ်ကျောလေးကိုညင်သာစွာပုတ်ပေးရင်း
" မစားနိုင်ရင်လည်း မစားပါနဲ့တော့ "
သူမ တစ်ရှူးယူကာ ရှန်းဝမ်ပါးစပ်ကိုသုတ်ပေးလိုက်သည်။ မျက်ရည်မကျမိအောင်ထိန်းထားတာကြောင့် သူမမျက်လုံးတွေဟာ နီနေလေသည်။
" စားပြီး ပြန်အန်ရတာ ပင်ပန်းတယ်လေ "
" ရှောင်မေ "
ရှန်းဝမ် ရင်မေချောင်၏ နီနေသောမျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ သူမ လက်ဆန့်ကာ ရင်မေချောင်မျက်လုံးထောင့်ကိုထိလိုက်ပြီး ပြောလိုက်သည်။
" ရှင် ငိုနေတာလား "
" ရှောင်မေ ရှင်က ရင်ကုမ္ပဏီရဲ့ဥက္ကဋ္ဌလေ ၊ ဘယ်လိုဖြစ်ပြီးအရမ်းပျော့ညံ့နေရတာလဲ ။ ရှင်ရဲ့ယုတ်မာပြီး အရှက်မရှိတဲ့ အရှိန်အဝါကို ရှင်ထုတ်ပြရမယ်လေ ၊ နေရာတိုင်းမှာငိုမနေနဲ့ ။ လက်ထပ်ဖို့ဖိအားပေးခံရတဲ့သူက ကျွန်မပါ၊ ရှင် လှည့်စားပြီး ကျွန်မနဲ့အိပ်ခဲ့တာတောင်မှ ရှင်ကငိုနေသေးတယ်။ ကျွန်မတကယ့်ကိုမကျေနပ်ဘူး "
ရှန်းဝမ်အလေးအနက်ပြောလိုက်သည်။
" ရှင့်ကြည့်ရတာ အားနည်ပြီး အလွယ်တကူအနိုင်ကျင့်လို့ရမယ်ထင်ရတယ် ၊ ကျွန်မတောင် ရုတ်တရက်ကျွန်မရှင့်ကိုအနိုင်ကျင့်လို့ရနိုင်မယ်ဆိုပြီးတွေးမိသွားတယ် "
188 : အရှက်ကိုမရှိဘူး
ရင်မေချောင် ရှန်းဝမ်အား ရေချိုးခန်းထဲခေါ်သွားလိုက်သည်။ မျက်နှာသုတ်ပဝါကိုရေပူဆွတ်ပြီးနောက် ရေညှစ်လိုက်ကာ ရှန်းဝမ်မျက်နှာကိုသုတ်ပေးရင်း ပြောလိုက်သည်။
" ကိုယ့်ကိုဆန့်ကျင်ဖို့မစဉ်းစားနဲ့ ၊ မင်း မလိမ်မာရင် ကိုယ် ဟော်ဟန်ကိုသတ်ပစ်မှာ ၊ ကျန်တဲ့သူ့ဘဝတစ်လျှောက်လုံး နာကျင်မှုတွေနဲ့ရှင်သန်နေစေရမယ် "
ရှန်းဝမ် : ငါတကယ်ဟော်ဟန်ကို ဘဝတစ်လျှောက်နာကျင်စွာနေစေချင်တယ် ။ ဇနီးချောလေးရေ အဲ့ဒီအမှိုက်ကောင်ကိုသတ်ကြရအောင် ။
" ကျွန်မက ဒီအတိုင်းပြောလိုက်တာပါ "
ရှန်းဝမ် သူမ၏လည်ပင်းတစ်လျှောက်စေးကပ်နေတဲ့အရာတွေအား ရင်မေချောင်သန့်ရှင်းပေးတာကိုငြိမ်ခံနေလိုက်သည်။
" အဲ့ဒီလိုလုပ်မယ့် စိတ်ကူးကျွန်မမှာတကယ်မရှိပါဘူး ၊ ကျွန်မ ဆန့်ကျင်လို့မရနိုင်မှန်းကျွန်မသိတယ်လေ ၊ ကျန်ရှိတဲ့ကျွန်မဘဝတစ်လျှောက် ရှောင်မေရဲ့စကားကိုကျွန်မနားထောင်ရမယ် ဟုတ်တယ်မလား "
" မင်း နားလည်တာကောင်းတယ် "
ရင်မေချောင် ရှန်းဝမ်အား တစ်ချက်ကြည့်လိုက်သည်။ သူမ၏ချစ်စရာကောင်းသောမျက်နှာလေးသည် လေးနက်မှုတွေပြည့်နေခဲ့ပြီး သဘောမတူသည့်အရိပ်အယောင်နည်းနည်းလေးမှရှိမနေခဲ့ပေ။ ရင်မေချောင် ရှန်းဝမ်ပါးလေးကိုကိုင်လိုက်ပြီး သူမနှုတ်ခမ်းကိုအချိန်အတော်ကြာသည့်အထိ ကြမ်းတမ်းစွာနမ်းရှိုက်လိုက်သည်။
" ဒီဘဝတော့ ကိုယ့်ဆီကနေ မင်းထွက်မပြေးနိုင်တော့ဘူး ၊ မင်းက ကိုယ့်အပိုင်ဘဲ ။ အသက်ရှင်နေရင် မင်းက ကိုယ့်အမျိုးသမီး ဖြစ်ပြီး သေသွားရင်တောင်မှ မင်းက ကိုယ့်သရဲမလေးဘဲဖြစ်ရလိမ့်မယ် "
" ယုတ်မာတဲ့မိန်းမ ၊ ကောင်းပြီ ၊ ရှင်ထပ်ပြီးနိုင်သွားပြန်ပြီ "
ရင်မေချောင် တစ်ခစ်ခစ်ရယ်ကာ ရှန်းဝမ်ကိုရေချိုးခန်းအပြင်ဘက်ခေါ်ထုတ်လာလိုက်သည်။
" ဒီရက်တွေမှာ ကိုယ်ကုမ္ပဏီမသွားချင်သေးဘူး ၊ မင်း ဘယ်သွားပြီးကစားချင်လဲဟင် "
သူမလက်ထဲက ပိန်ပါးနေတဲ့လက်ကောက်ဝတ်လေးကိုခံစားမိတော့ သူမသက်ပြင်းချမိသည်။
" ထားလိုက်ပါတော့ ၊ အိမ်မှာနေတာပိုကောင်းပါတယ် ။ မင်းရဲ့ကျန်းမာရေးကသိပ်ကောင်းတာမဟုတ်ဘူး မတော်တဆများ..."
ရှန်းဝမ်အခုတလောတော်တော်လေးရွှင်လန်းတက်ကြွနေတာကသာ သူမကိုပျော်ရွှင်စေသည့်တစ်ခုတည်းသောအရာဖြစ်သည်။ ဆရာဝန်တွေအားလုံးက ဒါဟာအံ့သြစရာကောင်းတယ်ဆိုပြီးပြောကြလေသည်။ ရှန်းဝမ်ဟာ တစ်ကိုယ်လုံးကင်ဆာဆဲလ်တွေပျံ့နေပြီး ဆိုးဆိုးရွားရွားနေမကောင်းဖြစ်နေတာသေချာလေသည်။ ဒါပေမဲ့ ပိန်သွားတာနဲ့ အစာမစားနိုင်တာကလွဲရင် သူမမှာတခြားပြင်းထန်တဲ့ရောဂါလက္ခဏာမျိုးမရှိပေ။
188 : ပိန်သွားတယ်ဆိုတာ သူမဗိုက်ဆာတယ်ဆိုတဲ့အဓိပ္ပာယ်ဘဲ ဟုတ်ပြီလား ။ တစ်လလောက် နေ့တိုင်းဆန်ပြုတ်ဘဲစားကြည့်ပါလား ၊ မပိန်ဘဲနေမလားကြည့်ရအောင် ။
" ကျွန်မအပြင်ထွက်ပြီးကစားချင်တယ် "
ရှန်းဝမ် ရင်မေချောင်လက်ကိုဆွဲလိုက်သည်။
" ရှောင်မေ ကျွန်မရဲ့လွတ်လပ်ခွင့်ကို ရှင်ကန့်သတ်ထားလို့မရဘူးလေ ။ "
" ကောင်းပြီ ၊ မင်းသွားချင်တဲ့နေရာမှန်သမျှကိုယ်ခေါ်သွားပေးမယ် "
" ရှင်ပဲစီစဉ်လိုက်ပါ "
ရင်မေချောင် ခဏတာတုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
" မင်း ခန္ဓာကိုယ်ကအဆင်ပြေပါ့မလား "
" ပြဿနာမရှိပါဘူး "
ရှန်းဝမ်အပြင်ထွက်ဖို့စိတ်အားထက်သန်နေတာတွေ့တော့ ရင်မေချောင် သူမလေး၏တိုတောင်းသောဘဝသက်တမ်းအကြောင်းစဉ်းစားလိုက်မိသည်။ သူမလေးက အပြင်ထွက်ပြီးကမ္ဘာကြီးကိုပိုပြီးကြည့်သွားချင်တာများလား ။ အဲ့ဒီလိုသာဆို ရှန်းဝမ် ဒီကမ္ဘာကနေဘာနောင်တမှမရှိဘဲ ထွက်သွားနိုင်အောင် သူမဖြည့်ဆည်းပေးမှာဖြစ်သည်။
       ရှန်းဝမ် တိတ်တိတ်လေးစဉ်းစားနေမိသည်။ ရှောင်မေ ကြည့်ရတာအပြင်သွားပြီး ငါနဲ့ကစားချင်နေပုံရတယ်၊ သူမတောင်းဆိုတာကို ဘယ်လိုလုပ်ပြီးငါကမဖြည့်ဆည်းပေးဘဲနေနိုင်မှာလဲ ။
188 : အမျိုးသမီးနှစ်ယောက်ကြားက ဆက်ဆံရေးကအရမ်းရှုပ်ထွေးလွန်းတယ် ။ ဘယ်တော့မှ ဒီလိုနေ့ရက်တွေအဆုံးသတ်မှာပါလိမ့် ။
ဘာပဲဖြစ်ဖြစ် သူကတော့ လက်လျော့ထားလိုက်ပြီဖြစ်သည်။ ဇာတ်လိုက်မင်းသမီးက တခြားမိန်းမတစ်ယောက်နှင့်အိပ်ခဲ့သည်။ ဇာတ်ကြောင်းကဒီလောက်ထိအရမ်းရှုပ်ထွေးသွားတာ ထူးဆန်းလှသည်။ ဖိုရမ်သွားကြည့်နေတာဘဲကောင်းပါတယ်လေ ။ ( ရှန်းဝမ်ကိုမနိုင်တော့တဲ့အဆုံး လွှတ်ထားလိုက်ပြီထင်တယ် )
မိန်းကလေးတစ်ယောက်ဈေးဝယ်ထွက်တဲ့အခါ ဝယ်ပြီးရင်းဝယ်နေမှာဖြစ်သည်။
ရင်မေချောင်သည် မိန်းကလေးတစ်ယောက်ဖြစ်ရုံသာမက အလှအပကိုနှစ်ခြိုက်သည့်မိန်းကလေးတစ်ယောက်ဖြစ်ပြီး ပိုက်ဆံအများကြီးရှိသည့်မိန်းကလေးတစ်ယောက်လည်းဖြစ်သည်။
ရှန်းဝမ် စက္ကန့်အနည်းငယ်ကြည့်မိသည့် မည်သည့်အရာမဆို ရှန်းဝမ်နှစ်သက်သည်ဟုယူဆကာ အဲ့ဒီအရာတွေအတွက် ရင်မေချောင်မှာစကားတစ်ခွန်းသာရှိသည် ။ ဝယ် ။
" ရှောင်မေ ရှင်အခု ဗီလိန်နဲ့တူနေတယ် "
ရှန်းဝမ် သူမလက်ကောက်ဝတ်ပေါ်က သလင်းကျောက်လက်ကောက်လေးကိုပျော်ရွှင်စွာ ထိလိုက်သည်။
ရင်မေချောင် လက်မှာလည်းတစ်ခုရှိလေသည်။ လက်ကောက်နှစ်ခုက အတိအကျကိုတူညီသည်။ လက်ကောက်ကဈေးသိပ်မကြီးပေမဲ့ ပုံစံကလက်ရာမြောက်ပြီး သူမတို့နှစ်ယောက်မှာသာရှိလေသည်။
ရင်မေချောင် ဒီအတိုင်းဝယ်မသွားချင်တာကြောင့် ချက်ချင်းရှန်းဝမ်လက်မှာဝတ်ပေးလိုက်တာဖြစ်သည်။ ဒီလို လှပပြီးအဓိပ္ပာယ်ရှိသည့်အရာကို ရှန်းဝမ်မငြင်းပေ၊ သူမဝမ်းမြောက်ဝမ်းသာလက်ခံလိုက်သည်။
" ဘာကြောင့်လဲ "
သူမ ရှန်းဝမ်ပြောတာကြားသည့်အချိန်မှာ သူမတို့နှစ်ယောက် တစ်မူထူးခြားသောအဓိပ္ပာယ်ရှိသည့် ဆင်တူလက်ကောက်ဝတ်ထားတယ်ဆိုတဲ့ပျော်ရွှင်မှုတွေထဲမှာသူမနစ်မြှုပ်နေတုန်းဖြစ်တာကြောင့် သူမ အနည်းငယ်ဇဝေဇဝါဖြစ်သွားမိသည်။
ရှန်းဝမ် ဖြည်းညှင်းစွာပြောလိုက်သည်။
" TV ဇာတ်လမ်းတွေထဲက ဗီလိန်ကြီးတွေက ဇာတ်လိုက်မင်းသမီးကိုလုယူပြီးရင်အဖိုးတန်ရတနာတွေအားလုံးကို သူမဆီပို့ပေးကြတယ်လေ ။ ရှင် အဲ့ဒီလိုမထင်ဘူးလား ရှောင်မေ "
" ဟုတ်ပါပြီ "
ရင်မေချောင်ပြုံးကာ ရှန်းဝမ်မျက်နှာလေးကိုဆွဲညှစ်လိုက်သည်။ သူမနဖူးနှင့် ရှန်းဝမ်နဖူးကိုထိကပ်ထားလိုက်ပြီး ညင်သာစွာပြောလိုက်သည်။
" ဒါပေမဲ့ မင်းက ဇာတ်လိုက်မင်းသမီးနဲ့မတူဘူးလေ ၊ အဲ့ဒီအဖိုးတန်ရတနာတွေကို ရိုက်ခွဲဖျက်ဆီးပစ်တာ ဒါမှမဟုတ် အဲ့ဒါတွေကို ကိုယ့်မျက်နှာပစ်ပေါက်တာမျိုးမှ မင်းမလုပ်တာ ။ ဘာလို့လဲဆိုတာ ကိုယ့်ကိုပြောပြနိုင်မလား "
ရှန်းဝမ် မဖြေချင်ပေ။
" ဖျက်ဆီးပစ်တာထက်စာရင် ရောင်းစားပစ်တာကပိုကောင်းတယ်လေ။ ကျွန်မသာ TV ဇာတ်လမ်းတွေထဲက ဇာတ်လိုက်မင်းသမီးဆိုရင် ဗီလိန်ဆီကနေ ပိုက်ဆံနဲ့ အဖိုးတန်ရတနာတွေရအောင် ကျွန်မအကောင်းဆုံးကြိုးစားမှာ ။ ကျွန်မအဲ့ဒါတွေရရင် ရောင်းစားပစ်မယ် ။ ဗီလိန်က ကျွန်မကိုစိက်ပျက်ပြီးမောင်းထုတ်ဖို့ သိပ်ကြာမယ်မထင်ဘူး ။ သူသာ ကျွန်မကိုမောင်းမထုတ်ရင် သူမွဲပြာကျသွားလိမ့်မယ်လေ။ ရှင် ကျွန်ကိုကြိုက်တယ်မဟုတ်လား ။ ဒါဆို ကျွန်မကို ကမ္ဘာပေါ်ကအဖိုးတန်ရတနာတွေအားလုံးပေးပြီး ကျွန်မကိုစိတ်ကျေနပ်အောင်ဖြည့်ဆည်းပေးလေ။ "
188 : ငါ့host က ဟန်ဆောင်မှုမရှိဘဲ တကယ့်ကိုဖြူစင်သန့်ရှင်းတယ်။ ( ရွဲ့ပြောနေတာ 😂 )
သူမစိတ်ထဲကဝမ်းနည်းမှုတွေဟာ ရှန်းဝမ်စကားကြောင့်ပျောက်ကွယ်ကုန်သည်။ သူမ ရှန်းဝမ်လက်ကိုဆုပ်ကိုင်ကာ နောက်ထပ် ဈေးဝယ်စင်တာတစ်ခုဆီခေါ်သွားလိုက်သည်။ ဓာတ်လှေကားစီးနေရင်း သူမ ရှန်းဝမ်နားထဲတီးတိုးပြောလိုက်သည်။
" ဝမ်ဝမ် မင်းသာကြာကြာအသက်ရှင်နိုင်မယ်ဆို ကိုယ်မွဲသွားလည်းကိစ္စမရှိဘူး ။ မင်းအသက်ရှည်ရှည်နေပြီး ကိုယ်ကိုစိတ်ကြိုက်ပိုက်ဆံတောင်းလို့ရတယ်။ ကိုယ် ကိုယ့်မိသားစုကို ချွတ်ခြုံကျစေတဲ့အထိ မင်း ကိုယ့်ကို ဈေးကြီးတဲ့အရာတွေဝယ်ပေးခိုင်းလို့ရတယ် ၊ ဟုတ်ပြီလား "
188 : အချစ်ကြောင့် ငါရူးတော့မယ် ၊ အချစ်ကြောင့်ငါရူးသွားပြီ ...လာ လာ လာ လာ ..... ( သီချင်းဆိုနေတာပါ )
" ရှင်နောင်တရလိမ့်မယ် ရှောင်မေ "
ရှန်းဝမ် ခုန်ထွက်လာတော့မတတ်ဖြစ်နေသောသူမနှလုံးသားလေးကိုဖိကာ အလွန်လေးနက်စွာပြောလိုက်သည်။
" ရှင် ဒီလိုပြောနေရင် ကျွန်မတကယ်အတည်ယူလိုက်မှာနော် "
188 :  ရင်မေချောင် မင်းနောင်တရလိမ့်မယ် ။
ရှန်းဝမ်၏မျက်လုံးတောက်တောက်လေးတွေကို ရင်မေချောင်ကြည့်ရင်း
" မင်း ကိုယ့်ပိုက်ဆံတွေအားလုံးကုန်အောင်သုံးပစ်နိုင်ဖို့ ရုတ်တရက် ကိုယ်ဆုတောင်းမိတယ် "
သူမ၏ပိုက်ဆံရှာနိုင်စွမ်းကိုသူမ ယုံကြည်လေသည်။
ရှန်းဝမ် မသေသွားသရွေ့သူမပိုက်ဆံတွေအားလုံးကုန်အောင်သုံးပစ်နိုင်မှာမဟုတ်ပေ။
ထို့ကြောင့် သူမမှာပိုက်ဆံရှိနေသေးသမျှ ရှန်းဝမ်သေတော့မှာမဟုတ်ပေ။ သူမ ဆုတောင်းကအရမ်းများ ဆန်းပြားလွန်းနေသလား ။
" ဒါရှင်ပြောတာနော် ရှောင်မေ "
ရှန်းဝမ် အလွန်အမင်းပျော်နေမိသည်။
" မစိုးရိမ်ပါနဲ့ ၊ ကျွန်မ ရှင့်ဆုတောင်းကိုဖြည့်ဆည်းပေးမယ် ။ နောက်မှ နောင်တမရနဲ့နော် "
" ဘယ်လိုလုပ်ပြီးတော့လဲ "
ရှန်းဝမ်၏ စိတ်လှုပ်ရှားနေသောမျက်လုံးများနှင့်မျက်နှာချင်းဆိုင်ရပ်နေသော ရင်မေချောင်၏လှပသောမျက်နှာထက်မှာ နက်ရှိုင်းသည့်ခံစားချက်များပြည့်နှက်နေလေသည်။
188 ( ဂရုမစိုက်သည့် မျက်နှာဖြင့် ) : ငါ သူမကိုမသိဘူး -------------------------------------------------------
ခွေးစာတွေ ခွေးစာတွေ
ရင်မေချောင်လို sugar mommy တစ်ယောက်လောက်လိုချင်မိတယ် ( ငိုသံကြီးဖြင့် TT )

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now