Arc 1- ချစ်မိနေပြီလား ? ချစ်မိနေပြီလား ?( chapter - 7 )

380 62 1
                                    

zawgyi
-----------
" မင်းသဘောတူလား ? "
အရိုက်ခံနေရသလိုအော်ဟစ်နေတဲ့ ဟော်ဟန်ကိုရင်မေချောင်လျစ်လျူရှုထားလိုက်သည်။ သူ ရှန်းဝမ်ကို သဘောမတူဖို့ အော်ပြောနေခဲ့သည်။
ရှန်းဝမ်ရဲ့ဘဝအဆုံးသတ်ခါနီးမှ သူမ ရှန်းဝမ်နဲ့တွေ့ခဲ့ရတာကတော့စိတ်မကောင်းစရာဘဲ။ ရှန်းဝမ် ဟော်ဟန်ကိုမကြိုက်ပေ၊ ပြီးတော့သူမချဉ်းကပ်တာကိုလည်းရှန်းဝမ်မုန်းပုံမရဘူး။ သူမတို့ ဘာလို့အတူမရှိနိုင်ရမှာလဲ ။
" ရှင် တကယ်ယုတ်မာတာဘဲ Miss.ရင် "
ရှန်းဝမ် သူမကိုစိုက်ကြည့်နေပြီး ရှန်းဝမ်ရဲ့အသံဟာဒေါသတွေနဲ့ပြည့်နေခဲ့သည်။ ဒါပေမယ့် အဲ့ဒီလှပတဲ့မျက်လုံးတွေထဲမှာတော့ ဒေါသတွေရှိမနေခဲ့ဘူး။ သူမ စိတ်သက်သာသွားမိသည် ။ဒါဆို သူမတို့ ဒီထက်ပိုဝေးဝေးသွားလို့ရနိုင်တယ် ၊ ဟုတ်တယ်မလား ။
ရင်မေချောင် သူမလက်ကို ရှန်းဝမ်ပုခုံးပေါ်တင်လိုက်ပြီး ရှန်းဝမ်နား နားကပ်ကာ
" ကိုယ်က လူကောင်းတစ်ယောက်မှမဟုတ်တာ ၊ ယုတ်မာတော့ရောဘာဖြစ်လဲ ။ ကိုယ်မင်းကိုပိုင်ဆိုင်နိုင်သရွေ့ တခြားအရာတွေကအရေးမကြီးဘူး ။ မင်း ကိုယ့်ကိုကတိပေးရမယ် ဝမ်ဝမ် ၊ အဲ့ဒါဆို ကိုယ် ဟော်ဟန်ကိုချက်ချင်းလွှတ်ပေးမယ် "
" ကျွန်မ..."
" ဝမ်ဝမ် ကတိမပေးလိုက်နဲ့ ! သူမ ကိုယ့်ကိုဘာမှမလုပ်ရဲပါဘူး ။ အများဆုံးမှ ကိုယ် အရိုက်ဘဲခံရမှာ၊ ယုတ်မာပြီးအရှက်မရှိတဲ့ရင်မေချောင်ကို သဘောမတူလိုက်နဲ့ "
ဟော်ဟန်အော်လိုက်ပြီး တုံ့ဆိုင်းနေတဲ့ရှန်းဝမ်မျက်နှာကိုမော့ကြည့်လိုက်သည်။ သူမ ဘာပြောချင်နေတာလဲ ?
ရင်မေချောင် ကိုယ်ရံတော်တွေကို အချက်ပြလိုက်တော့ ဟော်ဟန်ကိုသူတို့ချက်ချင်းမြေကြီးပေါ်ပြန်ဖိထားလိုက်သည်။ ရိုက်နှက်ခံနေရတဲ့ဟော်ဟန်ကို ရင်မေချောင်အေးစက်စွာကြည့်လိုက်ပြီးဗီလိန်တစ်ယောက်လိုပြုံးလိုက်ကာ
" ကံဆိုးချင်တော့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဟော်ရဲ့ရှယ်ယာ နှစ်ဆယ်ရာခိုင်နှုန်းကိုကျွန်မရခဲ့တယ်၊ အဲ့ဒီရှယ်ယာတွေကို ရှင့်ကိုအောက်ဆွဲချချင်နေတဲ့ရှယ်ရာရှင်တွေဆီရောင်းလိုက်မယ်ဆို သူတို့အရမ်းပျော်သွားကြလိမ့်မယ်လို့မထင်ဘူးလား ဥက္ကဋ္ဌဟော် "
" ရင်မေချောင် မင်းယုတ်မာလှချည်းလား "
ဟော်ဟန် အံကြိတ်ကာကျိန်ဆဲလိုက်သည်။
ရှန်းဝမ် ရင်မေချောင်လက်ကိုဆွဲလိုက်သည်။ သူမ သနားစရာကောင်းအောင်ကြည့်လိုက်ပြီးရေရွတ်လိုက်သည်။
" ကျွန်မ ရှင့်ကိုကတိပေးတယ် Miss.ရင် "
" ကိုယ့်ကိုဘာကတိပေးတာလဲ "
ရင်မေချောင်ရဲ့နှုတ်ခမ်းတစ်စုံဟာအနည်းငယ်ကော့တက်သွားပြီး ကြင်နာတဲ့အသံနဲ့မေးလိုက်လေသည်။
ရှန်းဝမ် ခေါင်းအနည်းငယ်ငုံ့ထားလိုက်မိသည်။
ဟော်ဟန်ရဲ့ ရှုထောင့်ကနေဆို ဒါကသူမခက်ခဲတဲ့ရွေးချယ်မှုလုပ်ရမှာကြောင့်ဖြစ်သည် ။ သူမကအရမ်းအားနည်းတာကြောင့် ရင်မေချောင်အရှက်မရှိတောင်းဆိုတာကိုသူ့အတွက်နဲ့သဘောတူလိုက်ရတယ် ။ ဟော်ဟန် ဒေါသထွက်ပြီးဝမ်းနည်းမိသည်။
သူ ရင်မေချောင်ကိုဆူဆဲလိုက်ပေမယ့် သူပိုပြီးမကျိန်ဆဲရသေးခင်မှာ ကိုယ်ရံတော်တွေက သူ့မျက်လုံးထဲကြယ်တွေမြင်လာတဲ့အထိ သူ့မျက်နှာကိုပြင်းပြင်းထန်ထန်ထိုးလေသည်။
" လက်ထပ်ရမယ်ဆိုရင်တောင်မှ ရှင့်နဲ့အတူရှိနေမယ်လို့ ကျွန်မကတိပေးပါတယ် "
ရှန်းဝမ်မျက်နှာက အပြုံးဟာတင်းမာနေခဲ့သည်။ သူမပျော်နေတာသိသာသွားမှာကြောက်တာကြောင့်ဖြစ်သည်။ သူမစိတ်ထဲကအပျော်တွေကိုမျိုသိပ်ထားဖို့မနည်းကြိုးစားနေရသည်။
Miss.ရင်က တကယ်အံ့သြစရာဘဲ ၊ သူမကြိုက်တယ်။
ဘာအချစ်မှမရှိတဲ့အမူအရာမျိုးနဲ့ သူမခေါင်းမော့လိုက်သည်။ သိနေပြီးသားဖြစ်တဲ့ ရင်မေချောင်ဟာ တစ်ဖက်လူက သဘောတူဖို့ဝန်လေးနေတယ်လို့မခံစားမိပေ။
" ဟော်ဟန်ကိုလွှတ်ပေးလိုက်ပါ Miss.ရင် ၊ ကျွန်မ သူ့ကိုဘယ်တော့မှထပ်ပြီးမတွေ့တော့ပါဘူး "
အနာဂတ်မှာ ကျွန်မကရှင့်အမျိုးသမီးဖြစ်လိမ့်မယ် ၊ သေရင်တောင်မှ ရှင့်ရဲ့တစ္ဆေဘဲဖြစ်လိမ့်မယ်။
" မင်းသေချာလား "
ရင်မေချောင် ချောင်ကျနေတဲ့ရှန်းဝမ်ပါးလေးကိုထိကိုင်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။
" ကိုယ် မင်းကိုနောင်တရဖို့အခွင့်အရေးပေးမှာမဟုတ်ဘူး ၊ ကိုယ် အခုချက်ချင်းမင်္ဂလာဆောင်ဖို့ပြင်ဆင်လိုက်မယ် "
" ဝမ်ဝမ်.. "
ဟော်ဟန်ဘာမှမပြောရသေးခင် ကိုယ်ရံတော်တွေကသူ့ဝမ်းဗိုက်ကိုထိုးနှက်ကြလေသည်။ မြေကြီးပေါ်မှာနာကျင်စွာခွေနေရတဲ့ဟော်ဟန်ကို ရှန်းဝမ်ကြည့်လိုက်သည်။ သူမ တိတ်တိတ်ကလေးပျော်ရွှင်နေမိသည်။ ဒီအမှိုက်ကောင်ကို ပိုပြီးရိုက်နှက်ခံရစေချင်လို့သာ မဟုတ်ရင်Miss.ရင်ကို သူမအစောကြီးကတည်းကသဘောတူလိုက်မှာ။
" ကျွန်မစဉ်းစားပြီးပြီ ၊ Miss.ရင် ရှင့်ကိုလက်ထပ်ဖို့ ကျွန်မသဘောတူပါတယ် ၊ အနာဂတ်မှာ ကျွန်မ ဟော်ဟန်ကိုမတွေ့တော့ပါဘူး "
[ 188 : ဝမ်ဝမ်... ] 188 ဆက်ပြီးထိုင်ကြည့်မနေနိုင်တော့ပေ။ ဇာတ်ကြောင်းကတော်တော်လေးလွဲနေပြီ။
[ ဒါငါ့အမှားမှမဟုတ်တာ 188 ၊ ငါ့ကိုဖိအားပေးတာ Miss.ရင်လေ ၊ သူမ ငါ့ကိုဖိအားပေးပြီးခြိမ်းခြောက်တာဟ ၊ ငါဟော်ဟန်ကိုအရမ်းချစ်တယ်၊ သူ ငါကြောင့်နဲ့ ဟော်ရဲ့ရှယ်ရာရှင်တွေဖြုတ်ချတာခံရမှာကိုငါဘယ်လိုလုပ်ပြီးကြည့်နေနိုင်မှာလဲ ၊ ငါသူ့ကိုချစ်တယ်၊ ငါသူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်တာကြောင့်ကိုယ်ကိုကိုယ်စတေးပြီး Miss.ရင်ကိုကတိပေးလိုက်တာဘဲ ၊ ဒီလိုအချစ်မျိုးကငါ့ကိုစိတ်လှုပ်ရှားစေတယ်။ ]
လူလိမ်မ !
188 စိုးရိမ်နေမိသည် ။ ရှန်းဝမ်နဲ့ရင်မေချောင်စတွေ့တဲ့အချိန်ကတည်းက ဇာတ်ကြောင်းကဘယ်လောက်ပဲလွယ်နေပါစေ အရမ်းထူးဆန်းတဲ့လမ်းကြောင်းဘက်ကိုဦးတည်သွားတော့မယ်ဆိုတာ သူသိခဲ့သည်။
[ စိတ်မပူနဲ့ 188 ၊ အခုထိalarm မှမမြည်သေးတာ ၊ အဲ့ဒါကြောင့် ငါ့အပြုအမူတွေကဘာမှမှားယွင်းမနေဘူးလေ ]
188 : alarmပျက်နေတယ်ဘဲဖြစ်ရမယ်
ဟော်ဟန် နောင်တရပြီးစိတ်ပျက်မိသည်။ သူ့အတွက်ကြောင့်သာမဟုတ်ရင် ရှန်းဝမ်ဘယ်လိုလုပ်ပြီး ရင်မေချောင်ခြိမ်းခြောက်အကျပ်ကိုင်တာကိုခံရမှာလဲ။
သူမကသေရတော့မှာ ဒါတောင်မှ ရင်မေချောင်ရဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့တောင်းဆိုချက်ကိုသဘောတူနေသေးတယ် ။ သူမ သူ့ကိုဘယ်လောက်တောင်ချစ်တာလဲ။
သူဘယ်လိုလုပ်ပြီးသူမကိုနာကျင်အောင်လုပ်ခဲ့မိရတာလဲ သူမအသက်ကိုတောင်ယူမိတော့မလို့ ။
ကိုယ်ရံတော်တွေဟာ ဟော်ဟန်ကိုဗီလာအပြင်ဖက်လွှင့်ပစ်လိုက်လေသည်။
ရင်မေချောင် ရှန်းဝမ်လက်ကိုကိုင်ကာ ဆိုဖာဆီဆွဲခေါ်သွားပြီးထိုင်ချလိုက်သည်။ သူမ ရှန်းဝမ်ရဲ့မျက်နှာသေးသေးလေးကိုဖျစ်ညှစ်လိုက်ကာ နောက်ဆုံးတော့သူမကိုယ်သူမ မထိန်းချုပ်ထားနိုင်တော့ပေ ။
ရှန်းဝမ်နဖူးလေးကို သူမနမ်းလိုက်ပြီး တီးတိုးပြောလိုက်သည်။
" မင်္ဂလာဆောင်အတွက်ပြင်ဆင်ဖို့ကိုယ်တစ်ယောက်ယောက်ကိုလွှတ်လိုက်ပြီးပြီ "
" အရမ်းမြန်မနေဘူးလား Miss.ရင် "
အပြင်မျက်နှာမှာရှန်းဝမ်အံ့သြနေခဲ့ပေမယ့် အမှန်တကယ်တော့ ရင်မေချောင် သူမကိုနှစ်ကြိမ်နမ်းခဲ့တာကိုပြန်စဉ်းစားနေမိတာဖြစ်သည် ။
သူမနှုတ်ခမ်းကိုတစ်ခါနမ်းပြီး အခုလေးတင် သူမနဖူးကိုတစ်ခါနမ်းလိုက်တယ် ။ ချစ်ရတဲ့သူဆီကနေ ကြင်နာစွာနမ်းခံရတဲ့ခံစားချက်က အရမ်းနှစ်သက်ဖို့ကောင်းတယ် ၊ 188လိုတစ်ကိုယ်တည်းသမားsystemမျိုးကဘယ်တော့မှနားလည်လာနိုင်မှာမဟုတ်ဘူး။
ဘယ်အချိန်ကျမှ ငါ Miss.ရင်ကိုပွေ့ဖက်ပြီး နမ်းလို့ရနိုင်မှာလဲ မသိဘူး ။
" ဘာဖြစ်လို့လဲ ၊ မင်းသဘောမတူဘူးလား "
ရင်မေချောင် သူမကိုခြိမ်းခြောက်လိုက်သည်။
" မင်းပြန်သွားချင်တယ်ဆိုရင်ကိုယ်ဟော်ဟန်ကိုဖျက်ဆီးပစ်မှာ၊ သူဘယ်တော့မှပြန်ပြီးမထလာနိုင်စေရဘူး ၊ ကိုယ့်ဆီမှာ ဟော်ဟန်ကိုဖျက်ဆီးပစ်နိုင်မယ့်အရာတွေအများကြီးရှိနေသေးတယ် "
ရှန်းဝမ် ရင်မေချောင်လက်ကိုအမြန်လှမ်းဆွဲလိုက်ပြီး သက်ညှာပေးဖို့တောင်းပန်လိုက်သည်။
" မလုပ်ပါနဲ့ ၊ ကျွန်မသဘောမတူတာမဟုတ်ပါဘူး ၊ ကျွန်မပြောခဲ့သလိုဘဲ ရှင်ဒီနေ့ဟော်ဟန်ကိုလွှတ်ပေးသရွေ့ အရာအားလုံးသဘောတူမယ်လို့ကျွန်မကတိပေးပါတယ် ၊ ရှင်စိတ်ချပါ ၊ ကျွန်မရဲ့ကတိကိုမဖောက်ဖျက်ပါဘူး။ "
188 : သူဘာပြောနိုင်အုံးမှာလဲ ။ ဟား ဟား....
ရှန်းဝမ်ပါးစပ်ကတော့လေ ညာပြောရတာကိုတကယ်ကြိုက်တာဘဲ ။ Miss.ရင်ကဘာကိုခြိမ်းခြောက်တာလဲ ၊ Miss.ရင်ကသူမကိုအရမ်းပျော်အောင်ဖိအားပေးတာလား ။
ဒီနေ့ဟော်ဟန်ကိုလွှတ်ပေးလိုက်ရင်လား ၊ သူမတကယ်ဆက်ပြီးတောင့်မခံနိုင်တော့ဘူး ၊ သူမဝမ်ဝမ်လေးက ဘာလို့အရမ်းချစ်စရာကောင်းနေရတာလဲ ။ ဒါက လှည့်ပတ်ပြီး သူမတောင်းဆိုချက်ကိုဖြည့်ဆည်းပေးလိုက်တာဘဲမဟုတ်လား။
တစ်ခုခုကိုကြံစည်နေတဲ့Miss.ရင်ရဲ့ပုံစံက လူတွေအကြည့်မလွဲသွားနိုင်လောက်အောင်ဆွဲဆောင်မှုရှိလှသည်။ ရှန်းဝမ်မျက်တောင်မခတ်ဘဲ ရင်မေချောင်ကိုစိုက်ကြည့်နေမိသည်။ သူမစိတ်မထိန်းနိုင်ဘဲ ရင်မေချောင်ကိုခုန်အုပ်မိမှာစိုးတာကြောင့်သူမလက်တွေကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်မိသည်။
" အိမ်မှာကိုယ့်ကိုစောင့်နေ ၊ ကိုယ်သွားပြီး ကိုယ်တို့မင်္ဂလာဆောင်ဖို့ပြင်ဆင်လိုက်အုံးမယ် "
ရင်မေချောင် နောက်တစ်ကြိမ်ထပ်ပြီးရှန်းဝမ်နှုတ်ခမ်းလေးကိုနမ်းလိုက်သည်။ ခဏအရသာခံပြီးနောက် သူမစကားတစ်ခွန်းချန်ကာ ထွတ်လာလိုက်သည်။
ပုံမှန်ဆိုမင်္ဂလာဆောင်ဖို့အတွက် တစ်လလောက်ကြိုတင်ပြီးဂရုတစိုက်ပြင်ဆင်ရတာဖြစ်သည်။ ဒါပေမယ့် ရှန်းဝမ်ဘယ်လောက်ကြာကြာတောင့်ခံနိုင်အုံးမလဲဆိုတာသူမ မသိပေ။

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now