အပိုင်း(၆)

131 3 0
                                    

အစောနွယ်တစ်ယောက် စံအိမ်ကြီးရဲ့စားပွဲမှာထိုင်ရင်း သူမ၏ အကျင့်အတိုင်း ဆေးပေါ့လိပ်ဖွာကာသတင်းစာဖတ်ရာက တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုခံစားရလို့ ဘေးကိုလှမ်းကြည့်လိုက်တော့...
လင်းလက်?

အစောလှည့်ကြည့်လိုက်မှ မျက်လုံးလွဲသွားပြီး
ပန်းပင်တွေကိုရေဆက်လောင်းနေတဲ့လင်းလက်

ဒီကောင်လေးရူးကြောင်ကြောင်နဲ့
သူကြည့်နေတာ မသိဘူးထင်နေတာလားဘဲ

"လင်းလက်"

"ဗ..ဗျာ မနွယ်"

"ဒီကိုခနလာအုံး"

ခြံထဲကပန်းပင်တွေရေလောင်းရင်းပန်းပင်တွေကိုမကြည့်ဘဲသူမကိုဘဲစိုက်ကြည့်နေသည်မို့အစောတစ်ယောက်သတိထားမိ၍ခေါ်လိုက်ချင်းပင်

"ဘ..ဘာခိုင်းမလို့လဲဗျ"

"...."

အစောဟာ လင်းလက်အမေးကိုပြန်မဖြေဘဲ
လင်းလက်အားပြုံး၍သာစိုက်ကြည့်နေမိသည်

လင်းလက် အိမ်စရောက်ထဲက အစောကို
ကြိုက်နေတယ်ဆိုတာအစော သတိထားမိပါတယ်

သတိထားမိဆို ဘယ်သူကရော စိတ်မဝင်စားဘဲနဲ့
မနက်တိုင်းအစောကြီးထပြီး မနက်စာပြင်ပေးမှာလဲ
အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးမှာလဲ...

အကုန်လုံးက ငါ့ဆီကလိုချင်တာရှိလို့
လုပ်ပေးကြတာကြီးဘဲလေ...

အစောဟာလင်းလက်ကို အစထဲက
ပြန်ကြိုက်ဖို့အစီအစဉ်မရှိပေ...

ကြီးမိုးရဲ့သားဖြစ်နေတာကြောင့်လား
ဒါမှမဟုတ်...
စံအိမ်က အလုပ်သမားဖြစ်နေတာကြောင့်လား

သေချာတာကတော့ အစောရဲ့နှလုံးသားထဲမှာ
တစ်စုံတစ်ယောက်ဟာနေရာယူပြီးနေနှင့်တာကြောင့်ဘဲဖြစ်လိမ့်မယ်

အချစ်ဆိုတဲ့အရာကဆန်းကျယ်လိုက်တာ
ကို့ကိုယ်အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးနေတဲ့
သူကိုကျ ရင်မခုန်မိပါဘဲ နှစ်ခါလောက်တွေ့ဖူးတဲ့သူကိုကျတော့ စိတ်ထဲမှာ စွဲနေမိတယ်

"ဘားမှမဟုတ်ပါဘူး ကြီးမိုးရော"

"အော် အမေလား
အမေကမနက်ထဲက စျေးသွားတယ်ဗျ"

မီးစာကုန်သောစီးကရက်တိုတစ်လိပ်Where stories live. Discover now