အပိုင်း(၁)

349 4 1
                                    

ကလင် ကလင် ကလင် ကလင်

"ဟယ်လို"

ညနက်သန်းကောင် မြည်နေသော တယ်လီဖုန်းမြည်သံတို့ကြောင့် ကြီးမိုးတစ်ယောက်အိပ်နေရာက ဖုန်းထ
ကိုင်လိုက်ခြင်းဖြစ်သည်။

ဖုန်းကိုင်လိုက်တယ်ဆိုရင်ဘဲ ကြားလိုက်ရတဲ့
အသက်ရူမောဟိုက်သံတစ်ချို့ကြောင့် ကြီးမိုး
မျက်လုံးတို့သည်လည်းပြူးကျယ်သွားရသည်

"ကြီးမိုး အစော ဆေးဘူးရှာမတွေ့လို့ အစော အိပ်ခန်းကိုအမြန်လာပေးပါ!"

တီ!

ပြောချင်တာပြောပြီးဖုန်းခြသွားသောသူမကြောင့်
ကြီးမိုးလည်းညကြီးသန်းခေါင် အစောဖြူစံအိမ်ကြီးရှိရာသို့ပြေးရလေပြီ..

ကြီးမို့တို့အိမ်လေးဟာ အစောဖြူစံအိမ်ကြီးရဲ့
ခြံဝန်းထဲမှာဘဲရှိပေမယ့် ကျယ်ဝန်းလှတဲ့ ဒီခြံဝန်းကြီးကြောင့် ကြီးမိုးတစ်ယောက် အတော်လေး ပြေးလိုက်ရသည်။

ကျွီ.....

တံခါးပွင့်သည်နှင့်တပြိုင်နက်

"ကြီးမိုး ဆေးဘူး ဆေးဘူးရှာပေးပါ မြန်မြန်!"

ကြီးမိုးရောက်ရောက်ခြင်းမြင်လိုက်ရတဲ့
သူမပုံစံကြောင့်အတော်လေးစိတ်ပူသွားရသည်။

ခါးလောက်ရှိတဲ့အညိုရောင်ဆံပင်တို့ဟာ
ချွေးတွေကြောင့်ရှုပ်ပွနေပြီးသူမရဲ့မျက်ဝန်းမှလည်း
မျက်ရည်စအချို့ဟာစီးကျနေသည်။

ခါတိုင်းထက် ပိုချောင်နေတဲ့သူမရဲ့မျက်နှာ၊တုန်ရီနေတဲ့ လက်တွေနဲ့အခုထိမအိပ်ရသေးပုံပေါ်ဘဲည်ိုမည်းနေတဲ့မျက်တွင်းတို့ကြောင့် ကြီးမိုးတစ်ယောက် သူမကိုကြည့်ရင်းစိတ်ပူမိသည်။

စိတ်ပူမိတာကတော့ ဒီတစ်ခါထဲမဟုတ်ပေ..

နဂိုထဲက ရောဂါကြောင့်အားနည်းနေတဲ့ သူမခန္ဓာကိုယ်ဟာ ထမင်းလည်းသိပ်မစားသည်မို့ အားအင်ချိနဲ့ကာသာမာန်လူတွေထက်ပိုပိန်လွန်းနေပြီး သာမာန်လူတစ်ယောက် သယ်နိုင်တဲ့ အရာဝတ္ထုတွေကိုတောင် သူမ မသယ်နိုင်ပင်မယ့် ဘယ်သူ့ရဲ့အောက်ကျို့ကိုမှမခံနိုင်တဲ့မိန်းမရယ်ပါ

မီးစာကုန်သောစီးကရက်တိုတစ်လိပ်Where stories live. Discover now