အပိုင်း(၄)

67 2 0
                                    


သတိုးမောင်အိမ်ထဲဝင်ဝင်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဒေါသဟာထောင်းခနဲ

ငိုယိုပြီးတောင်းပန်နေတဲ့သူ့အမေရဲ့ပါးတစ်ဖက်ဟာနီမြန်းနေပြီးဆံပင်တွေဟာလဲရှုပ်ပွနေခဲ့တယ်

"အမေ ဘာလို့ငိုနေတာလဲ"

သတိုးမောင်ဟာစိုးရိမ်တကြီးမေးလိုက်တယ်

"အမေဘားမှမဖြစ်ပါဘူးသားလေးရယ်"

"ပါးကရော ဘာဖြစ်တာလဲ
အရိုက်ခံထားရပြန်ပြီလား"

ထိုအခါ ဘေးမှာရက်နေတဲ့ ဦးကျော်စွာဟာ..

"မင်းအမေဘာလို့ငိုလဲ မင်းမသိဘူးလား
မင်းဒီနေ့ စနိုးကို ဘာလုပ်ခဲ့လဲ မင်းကိုယ်မင်းသိတယ်နော်"

ထိုအခါသတိုးမောင် သူ့အမေကိုကြည့်ရာက
မျက်ခုံးများတွန့်ချိုးကာဦးကျော်စွာကိုကြည့်လိုက်သည်

သတိုးမောင်စိတ်ထဲတွင်တော့ထထိုးချင်စိတ်တွေဟာတဖွားဖွား..

"စနိုးပြောတာလား"

"အေး ဟုတ်တယ်
စနိုးကမင်းနဲ့လက်ထပ်ရမယ့်မိန်းကလေးဆိုတာမင်း
မေ့နေတာလားအေးစနိုးကို မင်းအဲ့လိုထပ်ဆက်ဆံရင် မင်းအမေလဲဒီထက်ပိုဆိုးမယ်မှတ်"

ပြောပြီးအိမ်ထဲကထွက်သွားသောဦးကျော်စွာကြောင့်သတိုးမောင်လည်ပင်းကြောတွေထောင်လာတဲ့အထိဒေါသဟာအထွတ်အထိပ်..

ထိုအချိန်ငိုနေတဲ့အမေ့မျက်နှာကိုပြန်ကြည့်ရင်း

"အမေ အဆင်ပြေရဲ့လား
အားလုံးကသားကြောင့်ပါဗျာ"

သတိုးမောင်သည်ဒေါ်သီတာအားတင်းကြပ်စွာဆွဲ
ဖတ်ကာမျက်ရည်ကျမိသည်

"အမေအဆင်ပြေပါတယ်သားရယ်
ဘားမှမဖြစ်ဘူးနော်"

"အဲ့လူကြီး နဲ့ကွဲလိုက်ပါတော့အမေရာ
အမေ့ကိုထပ်ပြီးလက်ပါတာမြင်ရင်
သားစိတ်ထိန်းလို့မရဘဲထထိုးမိတော့မယ်"

"အဲ့လိုမလုပ်ပါနဲ့သားရယ် အမေ့မှာလဲ
ကွဲလို့မဖြစ်တဲ့အခြေအနေတွေရှိတယ်သား"

"ဘာလို့လဲ ဘာလို့အမြဲသားတို့သားမိ နှစ်ရောက်ကဒီလူကြီးနှိပ်စက်တာကိုခံနေရမှာလည်း"

မီးစာကုန်သောစီးကရက်တိုတစ်လိပ်Where stories live. Discover now