အပိုင်း(၂)

104 3 0
                                    

ဆေးရုံရဲ့ ကုတင်ပေါ်မှာ လှဲနေတဲ့ ကောင်လေး
တစ်ယောက် ထိုကောင်လေးရဲ့ပုံစံဟာ အသားဖြူဖြူ ပိန်ပါးပြီး ဗလအနည်းငယ်ရှိပုံရတယ်။

ဝတ်စားထားတဲ့အဆင်အရင်က နွမ်းပါးပုံပေါ်ပင်မယ့်
ရုပ်ရည်နဲ့တော့တစ်ခြားစီပင်ရီလိုက်ရင်ပေါ်လာသောသွားထက်လေးများကထိုကောင်လေးကိုပိုတောက်ပစေတယ်

အလယ်ခွဲအနက်ရောင်ဆံပင်ပေါ်မှာ အဖြူရောင်ပတ်တီးအချို့ကို ပတ်စည်းထားပြီးသွေးစတချို့ကစိမ့်ထွက်နေသည်။ထိုကောင်လေးရဲ့ဘယ်ခြေထောက်ကိုလဲပတ်တီးစည်းထားပြီးလှုပ်လို့မရသေးတဲ့အခြေအနေပင်

"ဆရာ သားလေးအခြေအနေ ဘယ်လိုရှိသေးလဲရှင်"

ဒေါ်မိုးယောကျ်ားဆုံးပြီးနောက်ဒေါ်မိုးဟာအစောနဲ့တွေ့ပြီးအစောဖြူစံအိမ်ကြီးမှာအလုပ်လုပ်ခဲ့ရတယ်ဒါကိုသဘောမကျတဲ့ဒေါ်မိုးရဲ့သားဟာအမေနဲ့ခွဲနေဖို့ဆုံးဖြတ်ခဲ့တယ်

အခုဆို သားမိနှစ်ယောက်မတွေ့ရတာနှစ်ချီခဲ့ပြီ
သားကိုလစဉ်ထောက်ပံ့ပေးပင်မယ့် အမေတစ်ယောက်ရဲ့မေတ္တာကိုမပေးနိုင်ခဲ့လို့ဒေါ်မိုးဟာစိတ်မကောင်းဖြစ်ခဲ့ရတယ်

အခုလဲ ဘယ်လိုဖြစ်တယ်မသိ အရိုက်ခံရတယ်ဆိုပြီး
ဖုန်းလှမ်းဆက်လို့ ဒေါ်မိုး ခမြာသားကိုတွေ့ရပြန်တော့လဲစိတ်မချမ်းမြေ့ရပေ

အမေနဲ့ ခွဲနေရထဲက သူတစ်ယောက်ထဲ ဘယ်လောက်တောင်ရုန်းကန်ခဲ့ရတယ်မသိ အရင်ကအလွန်နူးညံ့နေတဲ့လက်ဖဝါးတွေက အခုဆို အတော့်ကိုကြမ်းတမ်းလွန်းလှတယ်

သူ့အမေစိုးရိမ်တကြီးမေးနေတာကို
ကုတင်ပေါ်မှာထိုင်နေရင်း လှမ်းကြည့်နေတဲ့ သူ့ရဲ့အကြည့်ထဲမှာ အမေ့ကိုဘယ်လောက်တောင်လွမ်းနေခဲ့လိမ့်မလဲ

လင်းလက်ဟာ ငယ်ငယ်ထဲက ကျွန်မျိုးရိုးကဆင်းသက်ပေါက်ဖွားခဲ့ရပေမယ့် အဖေနဲ့အမေဟာ အလွန်ပြည့်စုံအောင်ထားပေးပြီးအလွန်ကို ကြင်နာတတ်ပြီးလိမ္မာရေးခြားရှိတဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းခဲ့ရသည်

ပြည့်တန်ဆာအိမ်မှာအလုပ်သွားလုပ်တော့မယ့်အမေကိုအရမ်းချစ်လွန်းတာကြောင့် တားခဲ့ပင်မယ့် မရတာကြောင့် မကြည့်ရက်တဲ့ အဆုံး အမေနဲ့ခွဲနေဖို့သာ ဆုံးဖြတ်ခဲ့ရတယ်

မီးစာကုန်သောစီးကရက်တိုတစ်လိပ်Where stories live. Discover now