အပိုင်း(၃)

56 1 0
                                    

ကျော်"သစ်စက်ရုံတွင် ကိုယ်တိုင်ဦးစီးနေသော ဦးကျော်စွာကို အခုမှဝင်လာသောလူတစ်ယောက်က လှမ်းခေါ်လိုက်သည်
ထိုလူမှာ ထွန်းကြိုင်ပင်ဖြစ်၏

"အကိုကြီး"

"ဟာ ငါ့ညီ ဘယ်ကလှည့်လာတာတုန်းကွ"

"လှည့်လာတာမဟုတ်ပါဘူးကိုကြီးရာ
တမင်ဝင်လာတာ ဒါနဲ့ စက်ရုံရော အခြေအနေဘယ်လိုလဲ အဆင်ပြေလား"

"ဒီလိုပါဘဲ ငါ့ညီရာ အလုပ်တိုင်းကတော့အခက်အခဲတော့ရှိတာဘဲ ဆိုပါအုံး မင်းလာရင်းကိစ"

"ကျွန်တော် ကိုကြီးစီက အဿပြာနည်းနည်းလောက်ချေးမလို့ပါဗျာ"

"ဟေ မင်းလုပ်ငန်းတွေအဆင်မပြေဘူးလားကွ"

"ပြေပါတယ်ကိုကြီးရယ် ကျွန်တော်ဟိုတနေ့က အိမ်ကမိန်းမ မသိအောင် ပြည့်တန်ဆာအိမ်သွားတာဗျာ အဲ့တာ လုပ်ငန်းအတွက်ပိုက်ဆံ​နည်းနည်းလျော့သွားလို့ အကိုကြီးစီအကူအညီလာတောင်းတာ"

"ပြည့်တန်ဆာအိမ်ဟုတ်လား ငါလည်းတစ်ခါမှမကြားဖူးပါလားကွ ငါ့လည်းညွှန်စမ်းပါအုံးကွာ အိမ်ကဟာကြီးလုပ်ရတာ ပျင်းဖို့ကောင်းလွန်းလို့"

ဦးကျော်စွာဟာ အမြဲတမ်းလိုလို အိမ်ကပ်လေ့မရှိဘဲ
ပိုက်ဆံရှာလဲကြမ်းသလို အသောက်အစားအပျော်အပါးလဲသိပ်မက်သေးသည် အိမ်ကမိန်းမကတော့သူ့ကိုဘားမှပြန်မပြောရဲသည်မို့ စိုးရိမ်စရာတော့မရှိပေ

"အဆင်မပြေပါဘူးဗျာ
စျေးကြီးပြီးအဆင့်မရှိတဲ့ဟာတွေပါဗျာ ဒီစံအိမ်ကိုတရားဝင်ဖွင့်ဖို့ ဘယ်လိုလိုင်စင်ရသွားတယ်မသိပါဘူးဗျာ အချိုးမပြေလို့
ရဲလဲသွားတိုင်မရဖြစ်နေတာဗျာ"

"ဟုတ်လား အဲ့အိမ်ကကောင်မလေးတွေက
မလန်းလို့လားကွ"

ပြည့်တန်ဆာဆိုတာနဲ့ စိတ်ဝင်စားနေသည်ဦးကျော်စွာကတော့မျက်လုံးတွေအရောင်လက်နေသည်

"မလန်းလို့မဟုတ်ပါဘူးဗျာ ကျွန်တော်က ပြည့်တန်ဆာတစ်ယောက်ကို ရိုက်မိသွားတာဗျာ အဲ့တာကို ကျွန်တော့်ကို အဲ့အိမ်ကပြည့်တန်ဆာခေါင်းအစောနွယ်ဆိုတဲ့ ကောင်မကစော်ကားမော်ကားပြန်ပြောလွှတ်တာဗျ တောက် အဲ့ကောင်မကိုကျွန်တော်လုံးဝမကျေဘူးဗျာ ရုပ်ကလေးလှသလောက် မာနကမိုးထိတော့မယ် သူ့ကိုယ်သူပြည့်တန်ဆာမဆိုတာမေ့နေလားမသိပါဘူးဗျာ"

မီးစာကုန်သောစီးကရက်တိုတစ်လိပ်Where stories live. Discover now