အပိုင်း(၅)

54 2 0
                                    

ခါတိုင်းလိုဘဲ ခြံဝန်းကြီးထဲ ဆေးပေါ့လိပ်ဖွာကာသတင်းစာထိုင်ဖတ်နေသောအစောနွယ်တစ်ယောက်ခြံထဲဝင်လာတဲ့ကြီးမိုးကြောင့်ပျော်မိသည်

"ဟာ ကြီးမိုး ပြန်ရောက်လာပြီလား"

"အေးကွယ် အစောလေး အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ် ကြီးမိုးမရှိတော့နည်းနည်းတော့အထီးကျန်တာပေါ့"

သူမဟာ ကလေးဆန်ဆန်ဘဲ...

ကြီးမိုးနဲ့အလွမ်းသယ်ရင်းအနောက်ပါကလာတဲ့
ယောကျ်ားတစ်ယောက်ကိုလှမ်းမြင်မိတော့

"ဟင်ဒါနဲ့သူက"

"သူက ကြီးမိုးရဲ့သားလေးပါကွယ် နာမည်က လင်းလက် တဲ့"

"ကြီးမိုးရဲ့သားလား
ဘာလို့သူ့ကိုစံအိမ်ကိုခေါ်လာတာလဲ"

"ကြီးမိုးတို့စံအိမ်မှာမိန်းမသားတွေကြီးဘဲလေ ပြီးတော့ သားက အလုပ်လက်မဲ့ဖြစ်နေတာနဲ့ ဒီမှာတောက်တိုမရခိုင်းလို့ရအောင် ကြီးမိုးခေါ်လာတာပါ  ဒါပင်မယ့် အစော ဆန္ဒက ပိုအရေးကြီးပါတယ်ကွယ် အစောကြိုက်သလိုဆုံးဖြတ်ပါ"

အဲ့ဒီအချိန်ကျွန်တော့်ကို လှမ်းကြည့်လိုက်တဲ့ သူမရဲ့မျက်ဝန်းအညိုရောင်တွေနဲ့ ကျွန်တော့်မြင်ကွင်းဟာထပ်တူကျသွားတဲ့အချိန်

ထိုအခိုက်အတန့်မှာ ပတ်ဝန်းကျင်ကမ္ဘာတစ်ခုလုံးဟာ အရေးမပါသောအမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ စွဲမက်ဖွယ်ကောင်းတဲ့ အကြည့်များကိုသာအာရုံစိုက်နေခဲ့မိတယ်

ကျွန်တော်သူမကို စတွေ့လိုက်တဲ့အချိန်မှာ
သူမဟာ ကျွန်တော့်ဘဝတစ်လျောက်လုံးရှာဖွေနေခဲ့တဲ့ အချစ်ဆိုတဲ့အရာကို ပေးစွမ်းနိုင်စွမ်း
ရှိတဲ့ဆိုတာကို ကျွန်တော်သဘောပေါက်ခဲ့တယ်

"ကြီးမိုးရဲ့သားဘဲ အစောမနေနဲ့လို့တော့မပြောပါဘူး ရပါတယ် လင်းလက်နော် ဒါနဲ့ အသက်က?"

လှလွန်းတယ်!

ဟင့်အင်း လှလွန်းတာထက်ပိုတယ်

စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဆုပ်ကိုင်ထားပုံရတဲ့ ထိုစွဲမက်ဖွယ်ကောင်းတဲ့ အမျိုးသမီးရဲ့ အသံဟာ ကျွန်တော့်နားထဲသို့ စက္ကန့်မလပ် ဖြတ်သန်းသွားတိုင်း ချစ်ခြင်းမေတ္တာရဲ့ ချောက်ထဲကို ပိုနက်နက်ရှိုင်းရှိုင်း ကျဆင်းသွားတာကိုခံစားမိတယ်

မီးစာကုန်သောစီးကရက်တိုတစ်လိပ်Where stories live. Discover now