အပိုင်း(၅၂၉)

Start from the beginning
                                    

သို့သော်လည်း ထျန်းကျင်းရွှမ်၏ ဂီတဖျော်ဖြေပွဲ ကျင်းပသော နေရာသို့ ရောက်ရှိစဉ် ပစ္စည်းသိမ်းဆည်းနေသော ဝန်ထမ်းတချို့ကိုသာ မြင်တွေ့ရသည်။

"လောရှင်း ဘယ်မှာလဲ"
စုန့်ယန်ရှုက ဝန်ထမ်းတစ်ဦး၏လက်ကို လှမ်းဆွဲသည်။

"သူထွက်သွားတာ ကြာပြီလေ။ သူက ဘာလို့ ဒီနေရာမှာ ရှိနေရမလဲ။ ဒီဖျော်ဖြေရေးလောကကြီးက စက်ဆုပ်ဖို့ကောင်းတယ်။ လောရှင်းက အနာဂတ်ကောင်း ရှိတဲ့ လူငယ်။ တစ်စုံတစ်ယောက်က သူ့ကို အသုံးချပြီး နာမည်ကျော်ချင်တာလေ။ အခုတော့ အခြေအနေကို ကြည့်စမ်းပါဦး။ သူ့ဖြူစင် ရိုးသားမှုကို ပြဖို့ ရွေးချယ်စရာ မရှိတဲ့အဆုံး ဒီဖျော်ဖြေရေး လောကထဲက ထွက်သွားတယ်။ အပြောင်းအလဲ မြန်တဲ့ ပရိသတ်တွေကလည်း မနေ့တစ်နေ့က အထိ သူ့ကို စွဲစွဲလန်းလန်း သဘောကျသေးတယ်။ ဒီကနေ့မှ သူ့ကို စက်ဆုပ်ရတာနဲ့။ အဲဒီလူတွေရဲ့ ခံစားချက်ကလည်း အပေါစားဆန်လွန်းတယ်"

သက်လတ်ပိုင်းအမျိုးသားက မကျေမနပ် ရေရွတ်သည်။

ထိုစကားသံကို ကြားပြီးနောက် စုန့်ယန်ရှု၏ခံစားချက်က ယခင်ထက် ပိုဆိုးရွားလာခဲ့သည်။

လောရှင်း အခက်ခဲဆုံး အချိန်များကို ရင်ဆိုင်နေရစဉ် သူ့အလုပ်ကို ခိုးယူခဲ့သော အနုပညာရှင်၏ အလုပ်ကို သူမက စီမံ့ခန့်ခွဲနေရသည်။

ထျန်းကျင်းရွှမ်က သူမကို ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ရုတ်တရက် သတိရသွားသည်။ သူမကို သူ့မိန်းကလေး အဖြစ် နေထိုင်မလား သူစိမ်းအနေဖြင့် နေထိုင်မလား မေးမြန်းခဲ့ဖူးသည်။

လောရှင်းက ငယ်ရွယ်သေး၍ အနာဂတ်ကောင်းများကို လက်လွှတ်ရမည်ကို စိုးရိမ်စိတ်ကြောင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ပေါ့တန်တန် သဘောထားသည့် ပုံစံဖြင့် တုံ့ပြန်ခဲ့မိသည်။

သူမ၏အပြုအမူက လောရှင်း၏ နှလုံးသားကို အေးစက်စက်ဖြင့် ခွဲခဲ့သည်။ နောက်ကျောကို ဓားနှင့် ထိုးသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"လောရှင်း"

...

[လောရှင်း၏ ချစ်သူအဖြစ် နာမည်ကျော်ခဲ့သော မိန်းကလေးက လောရှင်း ဖြူစင်မှုကို ရှင်းလင်းပေးခြင်း]

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now