တစ်ယောက်ချင်းစီတိုင်းမှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်ကျင့်ကြံမှုရှိကြသည်။

ထိုနေရာတွင်ရပ်နေရုံမျှဖြင့် ပြင်းထန်လှသော သတ်ဖြတ်ရေးအရှိန်အဝါများကြောင့် ဖိနှိပ်ခံလိုက်ရသည်။

ထိုအရာသည် ငရဲပြည်မှသေမင်းနှင့် အလားသဏ္ဌာန်တူလှပြီး သူတို့၏ခေါင်းဆောင်မှာ ကျန်းကြွင်းဖြစ်သည်။

တစ်စုံတစ်ယောက်က ပြောသည်။

"အဲဒါ သံချပ်ကာယန္တရားတပ်တော်ပဲ"

သံချပ်ကာယန္တရားတပ်တော်သည် နေမဝင်အင်ပါယာတွင် အင်အားအကောင်းဆုံးစစ်တပ်ဖြစ်သည်။

"အဲ့ဒါက သောက်ကျိုးနည်းဘယ်သူလဲ"

များမကြာမီတွင် လူတိုင်း၏ စူးစမ်းလိုစိတ်နှင့်လေးစားမှုတို့ရောယှက်ထားသော အကြည့်အောက်တွင် ပုံရိပ်နှစ်ခုသည် သင်္ဘောပေါ်မှ တဖြည်းဖြည်း ဆင်းသက်လာသည်။

ထိုအမျိုးသားသည် အဖိုးတန်ကျင်ခပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အလွန်တော်ဝင်ဆန်လှသည်။

အမျိုးသမီးကမူ ရိုးရှင်းလှသောနှင်းပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး ​ကြော့ရှင်းကာ တော်ဝင်ဆန်လှသည်။

သူတို့နှစ်ယောက်ကို တွေ့လိုက်သောအခါ လူအပေါင်းမှာ "အဲဒါ အိမ်ရှေ့စံမင်းသားပဲ"ဟု မအော်ဘဲမနေနိုင်ကြတော့ပေ။

"အိမ်ရှေ့စံမင်းသားက ဘာလို့ ဒီကိုရောက်နေတာလဲ"

"အိမ်ရှေ့စံမင်းသားက နေမဝင်အင်ပါယာရဲ့ နောက်တက်မဲ့အုပ်ချုပ်သူဖြစ်တယ်ဆိုတာကို မင်းသိထားရမယ်"

"သူ့ဘေးနားကပုဂ္ဂိုလ်က ဧကရီလောင်းလျာဖြစ်မယ်ထင်တယ်။ သူ့အလှကို ငါကြားဖူးတာကြာပြီ။ အခုမြင်လိုက်ရတော့လည်း အမှန်ပဲ"

တောင်ပိုင်းဒေသရှိလူတိုင်းက ယဲ့ချိုးပိုင်ကိုလှည့်ကြည့်လိုက်ကြသည်။

သူတို့သည် အချို့သောအကြောင်းအရာများကို ကြားဖူးနားဝရှိထားသည်။

ယဲ့ချိုးပိုင်သည် အပေါ်ဘက်ရှိ အမျိုးသားနှင့်အမျိုးသမီးကို ကြည့်လိုက်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now