အပိုင်း 39+40

Start from the beginning
                                    

ထို့နောက် သူထွက်ခွါသွားလေသည်။ ယဲ့ချိုးပိုင်ကလည်း သူ့ကျောပြင်ကို တွေးဆဆဖြင့်စိုက်ကြည့်နေခဲ့သည်။

အမှောင်ထဲရှိလူနှစ်ယောက်ကမူ ထိုမြင်ကွင်းကိုကြည့်နေခဲ့သည်။

"အိုး..ဒီယဲ့ချိုးပိုင်မှာ ခွန်အားတော့ရှိပုံရတယ်"

"သူ လောင်မေ့ရှန်းကို အနိုင်ယူနိုင်တယ်ဆိုမှတော့မဆိုးပါဘူး"

"ဒါဆို ဘယ်တော့လုပ်ငန်းစမှာလဲ"

ကျင်ခပ်ဝတ်ရုံဝတ်ဆင်ထားသောအမျိုးသားက ရယ်မောလျက် ပြန်ပြောသည်။

"ငါကိုယ်တိုင် လုပ်စရာမလိုပါဘူး။ တစ်ယောက်ယောက်က သူ့ကို ထိပ်တိုက်တွေ့ဖို့ရောက်လာလိမ့်မယ်"

"ဒီနေ့က စမ်းသပ်ရုံသက်သက်ပဲ"

ဤသို့ဖြင့် အမှောင်ထဲရှိ အနက်ရောင်အရိပ်တစ်ခုမှာ နေရာမှပျောက်ကွယ်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့်အခြားသူများသည် သူတို့၏နေအိမ်ဆီသို့ ပြန်ခဲ့ကြသည်။

ဟွမ်းယွမ်သည် ယဲ့ချိုးပိုင်ကိုတည့်တည့်ကြည့်ကာ စကားစလာ၏။

"ယဲ့ချိုးပိုင် မင်း ဘာလို့ စိတ်လိုက်မာန်ပါလုပ်လိုက်ရတာလဲ။ ခဏလောက် ဝင့်ကြွားပြတာက ပျော်စရာတော့ကောင်းပါတယ်။ ဒါပေမဲ့ မင်းရဲ့ဝှက်ဖဲပေါ်သွားပြီလေ"

ယဲ့ချိုးပိုင်သည် ဟွမ်းယွမ်ကို ပြန်ကြည့်လိုက်သည်။ သူ့အနေနှင့် တစ်ဖက်လူ၏ခံစားချက်ကို နားလည်သည်။

ဟွမ်းယွမ်သည် ချင်းထျန်းနျန်၏တပည့်ဖြစ်သည်။

တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏အဆင့်သည် ဤနှစ်များတစ်လျှောက်လုံးတွင် အလွန်နိမ့်ပါးနေခဲ့သည်။ ဒေသလေးခုအတွင်း နောက်ဆုံးအဆင့်ထပ်ရသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်သည် ချင်ထျန်းနျန်၏ရာထူးကို အစားထိုးရယူသွားမည်ဖြစ်၏။

ဤသည်မှာ ဟွမ်းယွမ် မမြင်ချင်သောအရာပင်။ ထို့ကြောင့် ယဲ့ချိုးပိုင်ကလည်း စိတ်မဆိုးပေ။

"ဒါကပြဿနာကြီးမဟုတ်ပါဘူး။ စိတ်မပူပါနဲ့"

မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားသည် သူ၏တစ်ခုတည်းသောဝှက်ဖဲမဟုတ်ပေ။ ထို့ပြင် ထိုဓားကို ဝှက်ဖဲဟုလည်း မယူဆနိုင်ပေ။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now