လုချန်ရှန်းကလည်း ပြန်ပြော၏။

"ကျုပ်က ဘာလို့ထွက်သွားရမှာလဲ"

လျှို့ဝှက်တာအိုကျောင်းတော်တွင် သူ အေးအေးလူလူနေနေရသည်။ သူ့အတွက် ဟင်းချက်ပေးနေသူတစ်ယောက်လည်းရှိပြီး ထိုနေရာမှာ အကြံသမားများလည်း မရှိသလို ဖိအားလည်းလုံးဝမရှိပေ။

သို့ဖြစ်ရာ သူက ဤနေရာက ဘာလို့ထွက်ခွာပြီး အခြားနေရာကို ဒုက္ခသွားခံနေရမှာတဲ့လဲ။

သူက အရူးမို့လို့လား။

ထိုမျက်နှာကြီးသည် လုချန်ရှန်းထံမှ ထိုသို့သောအဖြေကိုရလိမ့်မည်ဟု ထင်မထားပေ။

"တာအိုကျင့်ကြံသူငတိ... မင်း ငါ့အကြံပေးတာကို လက်မခံရင် နောက်ပိုင်း ငါတို့ဆင်းသက်လာတဲ့အခါ မင်း ခံနိုင်ရည်မရှိမှာကိုပဲ စိုးရိမ်မိတယ်"

အိုး...

လုချန်ရှန်းသည် အနည်းငယ်မျှစိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။ သူတို့ကိုအနိုင်ယူနိုင်ပါ့မလား။

သို့သော် သူ၏အေးဆေးသာယာလှသောဘဝကို မပျက်စီးသွားစေရန်အတွက် လုချန်ရှန်းသည် စိတ်အေးလက်အေးဖြစ်ဟန်ဆောင်ကာ ပြောလိုက်သည်။

"ဒါဆိုလည်း နောက်တစ်ခေါက်ကျရက် လူတွေအများကြီးထပ်ခေါ်ခဲ့ဖို့ မမေ့နဲ့"

ဟမ်..ဒီစကားက တစ်ဖက်လူကို ကြောက်အောင်လုပ်လိုက်နိုင်တယ်မလား။

ထိုမျက်နှာကြီးက လုချန်ရှန်းကို စူးစူးစိုက်စိုက်ကြည့်နေပုံမှာ သူ့စိတ်ထဲမှာ သူ့ကပုံစံကိုထွင်းထုမှတ်သားထားချင်သည့်အလားပင်။

"မင်းရဲ့စကားတွေကို ငါမှတ်ထားလိုက်မယ်။ နောက်တစ်ခါ ဒီကို ခြေချတဲ့အခါ မင်းစိတ်ကျေနပ်သွားအောင် ပညာရှင်တွေကို ငါသေချာပေါက် ခေါ်လာခဲ့မယ်"

ဤသိုါဖြင့် ထိုမျက်နှာကြီးသည် ဤကမ္ဘာထက်မှ ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။

အတားအဆီးကြီးလည်း ပျောက်ပျက်သွားသည်။

လုချန်ရှန်းသည် ကြောင်တောင်တောင်လေးဖြင့် ကျန်ရစ်နေခဲ့ရှာသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now