အပိုင်း 24

Start from the beginning
                                    

ဂိုဏ်းတစ်ခုက နှာမှုတ်လျက်ပြော၏။

"ခြားနားချက်ရှိတယ်ဆိုရင်တောင် အဲလောက်ကြီးကြီးမားမားလည်းမဟုတ်လောက်ဘူးလို့ ငါထင်တယ်။ ဟုတ်တယ်မလား"

"မင်းက အရမ်းမမောက်မာလွန်းဘူးလား"

ခေါင်းဆောင်ဖြစ်သူက သရော်လေသည်။

"ငါမောက်မာနေတာဟုတ်မဟုတ် ဘာလို့လာမစမ်းကြည့်ကြတာလဲ"

"ဟမ့်.. ငါစမ်းကြည့်မယ်လေ"

ချက်ချင်းပင် ထွန်းသစ်စနေမင်းဂိုဏ်း၏ပါရမီရှင်က ထိုလူဆီကို အပြေးသွားလေတော့သည်။ သူသည်လည်း ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသူဖြစ်၏။ သူ့ဘက်က တိုက်ခိုက်မှုပြုလာချိန်တွင် သူ့လက္ခဏာအမှတ်အသား၌ နေမင်း၏စွမ်းအားများ ကိန်းဝပ်နေချေသည်။

မီးလျှံလှိုင်းလုံးကြီးများသည် အရာခပ်သိမ်းကို မီးလောင်တိုက်သွင်းတော့မည့်အလားပင်။

လေထုတစ်ခွင်လုံး မွစာကြဲသွားလေသည်။

"ကောင်းပါပေ့။ ထွန်းသစ်စနေမင်းဂိုဏ်းရဲ့ ဟုန်းဟုန်းတောက်သူရိန်လက်ဝါးက တကယ်ကိုပြိုင်ဘက်ကင်းပါ့ကွာ"

"အဲ့ဒီလူတွေ ငါတို့တောင်ပိုင်းနယ်မြေကို သိပ်အထင်သေးလွန်းရင်တော့ အထိနာရမှာပဲ"

"ထွန်းသစ်စနေမင်းဂိုဏ်းက တောင်ပိုင်းနယ်မြေထဲက ထိပ်တန်းဂိုဏ်းတစ်ခုပဲလေ"

ယဲ့ချိုးပိုင်၏အမူအရာမှာ တည်ကြည်လေးနက်နေချေသည်။

သူ့အမြင်အရဆိုလျှင် ရှေ့ဆုံးကလူမှာ မရိုးရှင်းလှပေ။

ရုပ်ကလာပ်တောင်တန်းများနှင့် သွေးပင်လယ်များထဲတွင် တစ်ကိုယ်တည်းသန့်စင်မွမ်းမံထားသော ကြောက်မက်ဖွယ်အရှိန်အ၀ါသည် မွန်းကျပ်ဖွယ်ကောင်းလှလေရာ ထိုကဲ့သို့သောပုဂ္ဂိုလ်ကလည်း ဘယ်လိုများရိုးရှင်းနိုင်ပါ့မလဲ။

သူ ရှုံးလိမ့်မည်။

ထင်ထားသည့်အတိုင်းပင် ထွန်းသစ်စနေမင်းဂိုဏ်းမှပါရမီရှင်သည်  ဟုန်းဟုန်းတောက်သူရိန်လက်ဝါးသိုင်းဖြင့် ရှေ့ကိုချီတက်သွားလိုက်ပြီး နေမ၀င်အင်ပါယာမှလူများကလည်း သူတို့လက်ချောင်းများကိုဆန့်ထုတ်လိုက်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now