အပိုင်း 23

En başından başla
                                    

ရှင်းဟုန်ယီမှာ ယဲ့ချိုးပိုင်ကိုမြင်သောအခါ ကြက်သေသေသွားလေသည်။ ထို့နောက် သူ(မ) သူတို့ရှိရာကို လျှောက်လှမ်းလာ၏။

"ရှင် ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ကျော်နိုင်ခဲ့ပြီလား။ သွေး အကျဉ်းထောင် လက်ရည်စမ်းပွဲပြီးရင် တစ်ပွဲလောက်ပြိုင်ကြရအောင်"

ယဲ့ချိုးပိုင်လည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူ ငြင်းစရာမရှိပေ။

ဟုန်ရင်ကလည်း မနောက်ဘဲ မနေနိုင်ချေ။

"မဆိုးဘူး။ ငါ့ရဲ့စီနီယာအစ်ကိုကတော်တော်နာမည်ကြီးတာပဲ ဟင်"

ယဲ့ချိုးပိုင်မှာ ရယ်ရအခက်၊ငိုရအခက်ပင်။

"ဂျူနီယာညီမလေးရေ ငါ့ကိုမစပါနဲ့တော့။ ဒါက မင်းရဲ့ယှဉ်ပြိုင်လိုစိတ်သက်သက်ပါပဲ"

ရုတ်ခြည်းပင် ယဲ့ချိုးပိုင်သည် အန္တရာယ်များလှသောအကြည့်တစ်ချက်ရှိရာကို လှမ်းကြည့်လိုက်သည်။

ပစ်မှတ်ကိုမြင်သောအခါ ယဲ့ချိုးပိုင် ကြက်သေသေသွားရလေသည်။

ချောင်းမိသားစုက လူလား..

ချောင်လီပေက ယဲ့ချိုးပိုင်ကြည့်၍ သရော်လေသည်။ သူသည် လည်ပင်းပေါ်ကို လက်ရွယ်လျက် လည်ဖြတ်သည့်အမူအရာကို လုပ်ပြလေ၏။

"ဘာလို့လဲ။ ရှင့်ကို သတ်ချင်နေတဲ့လူတစ်ယောက်ယောက်များလား"

ဟုန်ရင်က ပြော၏။

"ကျွန်မဆီက အကူအညီလိုသေးလား"

ယဲ့ချိုးပိုင်သည် ယခုအချိန်မှာ သူ(မ)၏စီနီယာအစ်ကို ဖြစ်နေလေပြီ။ သို့ဖြစ်ရာ သူ(မ)အနေနှင့် သူ့ကိုကူညီစောင့်ရှောက်ပေးရမှာ သဘာဝပင်။

ထိုစကားသည် သူက ဂျူနီယာမောင်လေးဖြစ်ပြီး ဟုန်ရင်က စီနီယာအစ်မဖြစ်နေသလို ခံစားရစေသည့်အတွက် ယဲ့ချိုးပိုင်းခမျာ အနည်းငယ်မျှ ကူကယ်ရာမဲ့သွားလေသည်။

တကယ်တမ်းတော့ အနည်းငယ်ရှက်ဖို့ကောင်းလှသည်။

ယဲ့ချိုးပိုင် စကားပြန်လိုက်သည်။

"အဆင်ပြေပါတယ်။ ဒါက ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေပါ။ သူတို့ကို ငါပဲ ကြည့်ကြပ်ဖြေရှင်းလိုက်ပါ့မယ်"

ငါ့တပည့်တွေက ဘုရင်တွေ Hikayelerin yaşadığı yer. Şimdi keşfedin