အပိုင်း 22

Beginne am Anfang
                                    

ချင်းထျန်းနျန်ကလည်း တုံ့ပြန်လာပြီး အပြုံးတစ်ပွင့်ဖြင့်စကားဆိုသည်။

"တကယ်တော့ ကိစ္စကြီးကြီးမားမားမဟုတ်ပါဘူး"

"ကိစ္စကြီးမဟုတ်ဘူးဆိုရင်လည်း ကျွန်တော်တို့ကို ဘာလို့လာရှာနေတာလဲ။ သူတို့နှစ်ယောက်က အတူချက်..ကျင့်ကြံရေးလုပ်ရဦးမှာ"

ဟုန်ရင်: "…"

ယဲ့ချိုးပိုင်: "…"

ယခုလေးတင် သူတို့ဆရာပါးစပ်က "ချက်ပြုတ်ရဦးမယ်"ဟုပြောချင်နေကြောင်း သူတို့ သေချာပေါက်လောင်းရဲသည်။

ချင်းထျန်းနျန်ခမျာ ကူကယ်ရာမဲ့သွားရသည်။

"​နယ်မြေလေးခုယှဉ်ပြိုင်ပွဲကြီးမစခင် တောင်ပိုင်းနယ်မြေမှာ ရှေးဟောင်းအမွေအနှစ်အတွက် စိတ်တန်ခိုးရှင်အဆင့်လက်ရည်စမ်းပွဲတစ်ခုရှိတယ်။ အဲ့ဒါက မင်းရဲ့တပည့်နှစ်ယောက်အတွက်လည်း အကျိုးရှိတယ်လေ"

လုချန်ရှန်းလည်း တောင်ပိုင်းနယ်မြေတွင်ကျင်းပမည့် လက်ရည်စမ်းပွဲအကြောင်း ကြားထားပြီးသားပင်။ သူသည် မေးစေ့ကိုပွတ်သပ်လျက် မေးခွန်းထုတ်လေ၏။

"အဲ့ဒါက သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲဆိုတာလား"

ကောလာဟလများအရ သွေးအကျဉ်းထောင်သည် မြောက်များလှစွာသော ရှေးဟောင်းပုဂ္ဂိုလ်ထူးများကို ချုပ်နှောင်ထားရာနေရာပင်။

ထိုဆရာသခင်အချို့သည် သွေးအကျဉ်းထောင်ထဲမှာပင် အသက်အရွယ်ကြီးရင့်သည်အထိနေရပြီး သေဆုံးသွားကြရရှာသည်။ သွေးများခန်းခြောက်သည်အထိ နေသွားရသူများပင်ရှိသည်။

သို့ဖြစ်ရာ သွေးအကျဉ်းထောင်သည် မြောက်များလှစွာသောပုဂ္ဂိုလ်ထူးများ၏အမွေများကိုပါ ချုပ်နှောင်ထားလေသည်။

သို့သော် ထိုအရာများကိုအရယူရန်မှာ လွယ်တော့မလွယ်ချေ။

ချင်းထျန်းနျန်သည် ခေါင်းညိတ်ပြလျက်ပြောလိုက်သည်။

"သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲက မနက်ဖြန်ဆိုစပြီ။ မင်းရဲ့စံအိမ်တော်လည်း နှစ်နေရာစာပါဝင်ခွင့်ရှိတယ်တဲ့။ ယဲ့ချိုးပိုင်နဲ့ဟုန်ရင်တို့ဝင်ပြိုင်မယ်ဆိုရင် အံကိုက်ပဲ။ ကျင့်ကြံရေးအဆင့်ကန့်သတ်ချက်တစ်ခုတော့ရှိတယ်။ ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို အမြင့်ဆုံးအနေနဲ့သတ်မှတ်ထားတယ်ဆိုပဲ"

ငါ့တပည့်တွေက ဘုရင်တွေ Wo Geschichten leben. Entdecke jetzt