အပိုင်း 17

Start from the beginning
                                    

ယဲ့ယန်၏မျက်နှာကတော့ ဖြူဖျော့နေချေပြီ။ သူသည် ယဲ့လင်းအနောက်ကို ဝင်ပုန်းလိုက်ပြီး တုန်ရီနေသောအသံဖြင့်ဆိုလေသည်။

"ယဲ့ချိုးပိုင် ငါ အမှားတွေလုပ်ခဲ့မိပါတယ်။ ငါ မင်းကို ပြန်ပေးဆပ်ပါ့မယ်"

ယဲ့လင်း၏အမူအရာမှာ အလွန်ရုပ်ဆိုးအကျည်းတန်ပေ၏။ ထိုကိစ္စအကြောင်း သူသိထားပြီးဖြစ်ရာ ကြင်နာစွာပြောလိုက်လေသည်။

"ချိုးပိုင်.. ဒီကိစ္စမှာ ယန်အာမှားသွားတာမှန်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းရဲ့ဝမ်းကွဲညီလေးပဲလေ။ ဆွေးနွေးလို့ မရနိုင်ဘူးလား။ ငါ့မျက်နှာကိုထောက်ထားပြီး သူ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါကွာ"

ယဲ့ချိုးပိုင်ကမူ မတုန်မလှုပ်သာ။ သူသည် ဂရုမစိုက်ဟန်ဖြင့် ထပ်ပြောလာသည်။

"မင်း သတ္တိရှိလား"

ညှိနှိုင်း၍မရတော့မှန်းသိသည်နှင့် ယဲ့လင်းလည်း ရှေ့ကို ရုတ်ခြည်းတိုးကပ်သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ယဲ့ချိုးပိုင်ဆီကို ဦးတည်သွားပေတော့သည်။

သူသည် ယဲ့မိသားစု၏မဟာအကြီးအကဲပင် ဖြစ်ချေသည်။ သူ့ခွန်အားသည် ယဲ့ချင်းထက် တစ်ဆင့်သာနိမ့်ပေသည်။

ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချင်းလည်း ရှေ့ကိုတိုးကာ ထိုဖိအားကို ပိတ်ဆို့ထားလိုက်သည်။

ယဲ့လင်း၏အမူအရာမှာ မသာမသာဖြစ်သွားပြီး ခပ်နိမ့်နိမ့်လေသံဖြင့် ပြောလာလေ၏။

"ယဲ့ချင်း..မင်းတို့သားအဖက ငါတို့ကို တကယ်ကြီးမျိုးဖြုတ်တော့မလို့ပေါ့လေ"

ထိုစကားကိုကြားလိုက်ရသည့် ယဲ့ချင်းကလည်း လှောင်ပြောင်သရော်လေတော့သည်။

"မင်းလည်း နောက်ကွယ်ကနေ ဒီလိုပဲလုပ်ခဲ့တာမဟုတ်ဘူးလား။ ငါ့ကို အဲ့ဒီကိစ္စတွေမသိနိုင်လောက်တဲ့အရူးလို့များ မင်းထင်နေတာလား"

"ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့လေ"

ယဲ့လင်းသည် ရှေ့ကို ခြေတစ်လှမ်းတိုးလာပြီး ချီတက်လေတော့သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now