အပိုင်း 16

Start from the beginning
                                    

"ဆရာက ကျွန်တော့်ကိုကယ်ခဲ့တာပါ။ ကျွန်တော် မြို့တံခါးဝကိုကျော်သွားတော့ လုပ်ကြံရေးသမားတစ်ယောက်က ကျွန်တော့်ကိုလုပ်ကြံဖို့ကြိုးစားတဲ့အချိန်မှာပဲ ဆရာနဲ့တွေ့တာ"

"သူက ကျွန်တော့်အသက်ကိုကယ်ရုံတင်မကဘူး။ ကျွန်တော့်စွမ်းအားတွေပြန်ရလာပြီး ခွန်အားကို တစ်မုဟုတ်ချင်းတိုးတက်လာစေနိုင်တဲ့ အန္တိမကျင့်ကြံရေးနည်းဗျူဟာကိုကျင့်ကြံနိုင်မဲ့ ဆေးတွေလည်း ပေးသေးတယ်"

"အဲ့ဒါကြောင့် ကျွန်တော် ဆရာ့ကိုတကယ်ပဲကျေးဇူးတင်မိတယ်"

ယဲ့ချင်း တအံ့တသြပြောလိုက်သည်။

"ဒါပေမဲ့ အဲ့လိုဆေးမျိုးပိုင်ဆိုင်နိုင်တဲ့လူရယ်လို့ မကြားဖူးပါဘူး"

ယဲ့ချိုးပိုင်သည် ခေါင်းတခါခါဖြင့် ပြောလိုက်သည်။

"ဆရာက လျှို့ဝှက်တာအိုကျောင်းတော်ကဆိုပေမဲ့ သူက ထင်ထင်ပေါ်ပေါ်နေရတာကိုမကြိုက်ဘူးလေ။ လူနည်းစုလောက်ပဲ သူ့ကိုသိကြတာ"

လျှို့ဝှက်တာအိုကျောင်းတော်တဲ့လား။

မဆန်းတော့ပါလေ။

ယဲ့ချင်းလည်း သဘောပေါက်သွားပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်။ ထို့နောက် တစ်စုံတစ်ရာကိုတွေးမိသွားပြီး မျက်မှောင်ကြုတ်လျက် စကားဆို၏။

"ဒါဆို အဲ့ဒီတုန်းက မင်းကိုသတ်ချင်တာဘယ်သူလဲဆိုတာကိုရော သိလား"

ထျန်းယွမ်မြို့တော်မှ ထွက်သွားခဲ့ပြီးနောက်ပိုင်းတွင် သူ့သားကို တစ်စုံတစ်ယောက်က လုပ်ကြံဖို့ကြိုးစားခဲ့လေသည်။ ယဲ့ချင်း ဘယ်လိုများ ဒေါသမထွက်ဘဲ နေနိုင်ပါ့မလဲ။

အလွန်အမင်းအားကောင်းလှသော အရှိန်အဝါတစ်ခု ရုတ်ခြည်းထွက်ပေါ်လာလေသည်။

မည်သို့ပင်ဖြစ်စေ ယဲ့ချင်းသည် ယဲ့မိသားစု၏ခေါင်းဆောင်ဖြစ်ပြီး ထျန်းယွမ်မြို့တော်ရှိ ထိပ်တန်းပါရမီရှင်တစ်ဦးလည်း ဖြစ်၏။

ထိုအရှိန်အဝါကြောင့် ကျင့်ကြံစဉ်နိမ့်သော ပတ်ပတ်လည်ရှိလူအပေါင်း၏အမူအရာ ပြောင်းလဲသွားလေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now