လုချန်ရှန်း အော်ပြောလိုက်သည်။

"ကိစ္စကြီးတော့မဟုတ်ပါဘူး။ သေမင်းမြစ်ပြင်ကြီးထဲက ရေနည်းနည်းလောက် ချေးချင်လို့ပါ"

ထိုပုံရိပ်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး မျက်နှာထားခပ်တင်းတင်းဖြင့် ပြန်အော်လေသည်။

"သေမင်းမြစ်ပြင်ကြီးက ငါတို့မြေအောက်နန်းတော်ရဲ့ရတနာတွေထဲကတစ်ခုပဲကွ။ မင်းကို ဘယ်လိုလုပ်ချေးလို့ဖြစ်မှာလဲ"

လုချန်းရှန်းခမျာ အနည်းငယ်ကူကယ်ရာမဲ့သွားရသည်။

ကြည့်ရတာ သူတော့ တိုက်ခိုက်ရဦးမည့်ပုံပင်။

သူ့ခွန်အားကိုထုတ်ပြမှသာ ပြောရေးဆိုခွင့်ရှိလာမည်ဖြစ်၏။

လုချန်ရှန်းသည် သူ့လက်ထဲရှိသစ်သားဓားကို တည်ကြည်လေးနက်နေသောအမူအရာဖြင့် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဓားသွားစျာန်အဘိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲမှ ကောက်ကာငင်ကာဖြာထွက်လာပေတော့သည်။

ပုံရိပ်အုပ်စုကြီးက ထိုအခြင်းအရာကိုမြင်သောအခါ သူတို့၏အမူအရာများသည် လေးလေးနက်နက်ဖြစ်သွားကြပြီး ခန္ဓာကိုယ်တွေကလည်း အချိန်မရွေးတိုက်ခိုက်ဖို့အသင့်ဖြစ်နေဟန်ဖြင့် သတိအနေအထားဖြစ်သွားသည်။

လုချန်ရှန်းက တည်ငြိမ်စွာပြောလိုက်၏။

"ကောင်းပြီလေ။ ဒါဆိုလည်း တစ်ယောက်ချင်းတိုက်ကြတာပေါ့"

ပုံရိပ်အုပ်လိုက်ကြီးသည် အတူတကွအပြင်းနှင်လာကြချေသည်။

သူတို့ထဲမှတစ်ယောက်က ဦးစွာတိုက်ခိုက်လာ၏။

သို့သော် သူတို့ ထိုစကားကိုကြားသောအခါ ရုတ်ခြည်းရပ်လိုက်ကြပြီး လုချန်ရှန်းအား အထိတ်တလန့်ကြည့်လိုက်မိကြ၏။

"မင်းတို့တွေ အများနဲ့တစ်ယောက်တော့ မတိုက်ခိုက်ပါဘူးနော်။ ဟုတ်တယ်မလား"

လုချန်ရှန်းက ဒေါသတကြီးပြောလိုက်သည်။

"မင်းက မြေအောက်လောကကိုးဌာနေနန်းတော်ရဲ့ အုပ်ချုပ်သူပဲလေ။ အုပ်စုလိုက်အနိုင်ကျင့်တဲ့လုပ်ရပ်မျိုး ဘယ်လိုများလုပ်နိုင်ရတာလဲ။ မင်းတို့က သိုင်းလောကရဲ့ကိုယ်ကျင့်တရားတွေကိုတောင် ဂရုမစိုက်တော့ဘူးပဲ"

ငါ့တပည့်တွေက ဘုရင်တွေ Место, где живут истории. Откройте их для себя