အပိုင်း 11

Start from the beginning
                                    

မသန်မစွမ်းတစ်ယောက်မှာ လက်စားချေနိုင်စွမ်းရှိတော့မှာ မဟုတ်ပေ။

ယဲ့ချိုးပိုင် ထိုစကားကိုကြားသောအခါ တခြားဘာမှထပ်မပြောတော့ပေ။ လက်ထဲကသစ်သားဓားကိုသာ အသာအယာမြှောက်၍ ရှေ့ကို ခြေတစ်လှမ်းတိုးကာ အံ့အားသင့်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို ဟော်ချင်းမင်ဆီသို့ ချိန်ရွယ်လိုက်သည်။

ဟော်ချင်းမင်ကလည်း မြေပြင်ပေါ်မှာ မြဲမြဲရပ်လိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် ပြန်ကန်ထုတ်၏။

အံ့ချီးဖွယ်လေလှိုင်းလုံးကြီးက သူ့လက်ဝါးဆီမှ ထွက်ပေါ်လာပြီး လေဟာပြင်ကြီးကို ဖိနှိပ်ထားလိုက်လေ၏။ ဖောက်ခွဲရေးလေလှိုင်းလုံးကြီးက ယဲ့ချိုးပိုင်ဆီကို ဦးတည်သွားလေသည်။

ယဲ့ချိုးပိုင်မှာ သူ့ကို အထင်မသေးရဲချေ။ တစ်ဖက်လူသည် ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသောလူများကိုပင် သုတ်သင်နိုင်ခဲ့သူဖြစ်၏။

မှော်နက်မိစ္ဆာချီစွမ်းအင်များက သစ်သားဓားပေါ်မှာ ပွက်ပွက်ဆူလာချေပြီ။

လူသားအားလုံးကို ဒူးထောက်အညံ့ခံသွားစေနိုင်သော ဧရာမအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ဝန်းကျင်အနှံ့ကို အရူးအမူးပျံ့နှံ့သွားလေတော့သည်။

"အိုး.. ဒါက ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းလား။ တကယ်ပဲ တစ်မူထူးခြားလွန်းပါပေတယ်"

သူတောင် အနည်းငယ်သောဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်မဟုတ်လား။

"ပထမသိုင်းကွက်"

သူ့လက်ထဲရှိသစ်သားဓားကို ရုတ်ခြည်းလွှဲယမ်းချလိုက်သည်။

မဟူရာရောင်ဓားစွမ်းအင်များသည် ထိုဖိအားတစ်ရပ်နှင့် ထိခတ်မိသွားပြီး တစ်ခုတည်းအဖြစ်ပေါင်းစုံကာ ဖြာထွက်သွားလေတော့သည်။

လေထုထဲကဖိအားတစ်ရပ် ပျက်ပြယ်သွားသည်။ တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်က အလျင်အမြန်နောက်ကြောင်းပြန်ဆုတ်သွားလေသည်။

"မဆိုးပါဘူး။ သစ်သားဓားကို ငါ့လက်သီးစာမမိအောင်တော့ ကာကွယ်နိုင်သေးသားပဲ"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now