အပိုင်း 4

Bắt đầu từ đầu
                                    

"ဆရာ ဒါက အရမ်းအဖိုးတန်လွန်းတယ်။ ကျွန်တော် လက်မခံနိုင်ပါဘူး"

ဓားကို ပြန်ကမ်းပေးလာရင်း ယဲ့ချိုးပိုင်၏အမူအရာက လေးနက်နေသည်။

လုချန်ရှန်းသည် ယဲ့ချိုးပိုင်ကို တစ်ချက်မျှစောင်းငဲ့ကြည့်လိုက်ပြီးပြော၏။

"ငါပေးနေမှတော့ ဒီတိုင်းပဲယူထားလိုက်စမ်းပါ။ အဲ့ဒီဆေးပြားကလည်း မင်းရဲ့ကျန်းမာရေးပြဿနာကို ဖြေရှင်းပေးနိုင်တယ်"

ထိုသို့ပြောပြီး ယဲ့ချိုးပိုင်၏နားထင်ကို သူ ညွှန်လိုက်ပြန်၏။

ကျင့်ကြံရေးနည်းဗျူဟာနှင့် ပတ်သက်သော သတင်းအချက်အလက်များက ယဲ့ချိုးပိုင်၏အာရုံထဲ ကူးပြောင်းလာလေသည်။

အာဒိကပ္ပဓားသိုင်းကျမ်း

ဓားရှည်သည် တန်ထျန်းကို အသွင်ပြောင်းပေးနိုင်ပြီး အန္တိမဓားသိုင်းကိုယ်ထည်ကို ရရှိနိုင်ရန် ခန္ဓာကိုယ်မျှခြေကိုတည်ဆောက်ပေးနိုင်သည်။

၎င်း၏နက်နဲသိမ်မွေ့မှုသည် ယဲ့ချိုးပိုင်၏ဘဝမှာ တွေ့ရခဲသည်ဟုဆိုနိုင်ပေသည်။ မျိုးနွယ်စု၏ကျင့်ကြံရေးနည်းဗျူဟာများမဟုတ်ပါက လေ့ကျင့်ရေးဆင်းနေတုန်းက သူမြင်ခဲ့ဖူးတာမျိုးလည်းဖြစ်နိုင်သည်။ သူတွေ့ကြုံခဲ့ရသည်မှာ အာဒိကပ္ပဓားသိုင်းကျမ်း၏အပုံ၁၀၀၀၀ပုံလျှင် တစ်ပုံစာတောင်မရှိချေ။

ယဲ့ချိုးပိုင်၏နှလုံးသားမှာ ဒိတ်ခနဲဖြစ်သွားရသည်။ ထို့နောက် သူခေါင်းညိတ်ပြီး ထပ်မငြင်းတော့ပေ။ ဖန်တီးရေးဆေးပြားကိုတော့ သူ့ပါးစပ်ထဲကိုထည့်လိုက်ပြီး ကျင့်ကြံရေးနည်းဗျူဟာကို သိမြင်နိုင်ရန် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

ထိုအရာကိုမြင်တော့ လုချန်ရှန်း ခေါင်းညိတ်လျက် သစ်သားအိမ်လေးထဲသို့ လျှောက်လာလေသည်။

"စနစ် တပည့်တပန်းပြုစုပျိုးထောင်မှုစစ်ဆင်ရေးက ဘာလဲ"

[ပြုစုပျိုးထောင်မှုစစ်ဆင်ရေးကို အသက်သွင်းနေပါပြီ။ ဓားသိုင်းစျာန်အဘိညာဉ်ကို ယဲ့ချိုးပိုင် သုံးရက်အတွင်းနားလည်လာအောင် လုပ်ပေးပါ။ အနည်းဆုံး ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်အထိ ရောက်နေရပါမယ်။ သူရောက်သွားပြီဆိုတာနဲ့ ပြီးမြောက်ရေးဆုလာဘ်ကို သင်ရရှိမှာပါ]

ငါ့တပည့်တွေက ဘုရင်တွေ Nơi câu chuyện tồn tại. Hãy khám phá bây giờ